အစိုးရက
ဖွဲ့စည်းဖို့ပြင်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့ပဲ
ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးတိတ်နိုင်က
ပြောပါတယ်။
နိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ ကော်မတီဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် အေအေပီပီက အခုလို ပြောကြားလိုက်တာပါ။

ဦးတိတ်နိုင်
“ဒီလိုကော်မတီဖွဲ့တာက ကြိုဆိုရမှာဖြစ်တယ်။ ပါဝင်လည်း ပါဝင်ထိုက်ပါတယ်။
ကျနော်တို့ရဲ့ အကြံပေးမှုတွေ၊ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေ
ဘယ်လောက်အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်လောက်အသံထွက်နိုင်မလဲဆိုတာ
ဆက်ညှိနှိုင်းရမယ့် အခြေအနေရှိပါတယ်။”