အဲဒီလိုတွေ့ဆုံရာမှာ
သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာကွဲကွာနေကြတဲ့ ညီအကိုများအချင်းချင်း
ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာရကြောင်းနဲ့ မိမိတို့
တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူ နေထိုင်ကြသူတွေ
ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊
စာနာ ထောက်ထားခြင်း၊ အပြန်အလှန် လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ
ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း
ပြောဆိုခဲ့ပါတယ်။