ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့
အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ
စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကုအညီပေးဘို့ လွန်ခဲ့တဲ့
အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမူဘ၀ဖွံဖြိုးတိုးတက်ရေးကွန်ယက်က
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ အဖွဲ့ ဟာ မနေ့က KIO ဌာနချုပ်ရှိရာ
လိုင်ဇာမြို့က နေပြန်လာခဲ့ပါတယ်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
23 February 2013
ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို စစ်တွေမြို့တွင်ကျင်းပ
by မာရုသူရ
23-2-2013 နေ့တွင် စစ်တွေမြို့တွင် ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို ရခိုင်ရိုးရာထုံးတမ်းအစဉ်အလာအရ ဆက်လက်ဆင်ယင်ဆင်နွဲကျင်းပခဲ့ပါသည်။
ရခိုင်ပဋိပက္ခအရေးအခင်းကြောင့် ရထားပွဲတော်ကို ယခင်နှစ်များကဲ့သို့
ကျင်းပခြင်းမပြုပဲ ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ပါသည်။
အနိုင်ရသည့်အသင်းအား ဆုကြေးငွေ ၁၀၀၀၀၀(တစ်သိန်းကျပ်နှင့်)
ရှုံးနိမ့်သည့်အသင်းအား ၇၀၀၀၀(ကျပ်ခုနစ်သောင်းတိတိ)ချီးမြှင့်ခဲ့ပါသည်။ ရထားဆွဲပွဲ ပထမပွဲစဉ်တွင် ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်တို့ယှဉ်ပြိုင်ခဲ့ရာ ဘောက်သီးစုရပ်ကွက်မှ အနိုင်ရရှိသွားခဲ့ပါသည်။ — ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီး ကျင်းပ (17 photos)
From : RSV
ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး
22 February 2013
အစိုးရက နိုင်ငံရေး ဆွေးနွေးပြီး တပ်မတော်က တိုက်နေတယ် – ဗိုလ်မှူးစိုင်းလ
အစိုး
ရငြိမ်းချမ်းရေးအဖွဲ့နဲ့တိုင်းရင်းသားတပ်ပေါင်းစု
(ယူအန်အက်ဖ်စီ) တို့ အကြို နိုင်ငံရေးဆွေးနွေးပွဲတွေ
ပြန်လည်စနေပေမယ့် အစိုးရစစ်တပ်နဲ့ကာလုံ ခေါ် ကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီတို့ကတော့ ရှမ်းပြည်နယ်အတွင်း
ထိုးစစ်ဆင်နေတဲ့အကြောင်း ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)
ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းလကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဗိုလ်မှူးစိုင်းလတို့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အပါအဝင် ယူအန်အက်ဖ်စီတို့ ချင်းမိုင်က ဟောလီးဒေးအင်းမှာ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့လာပြီး အကြို ဆွေးနွေးပွဲတွေ လာလုပ်တယ်လေ။ ယူအန်အက်ဖ်စီနဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဆိုပြီး နှစ်ပေါင်းများစွာ တောင်းဆိုတဲ့ပွဲမှာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းမြောက်နဲ့ တိုက်ပွဲတွေ ၂ ရက်ဆက်ဖြစ်တယ်။ အဲတော့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်လို့ ဒီအခြေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဒီအတိုင်းဆို အောင်မြင်ပါ့မလား။

Subscribe to:
Posts (Atom)