ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို အမြန်အဆုံးသတ်ဖို့ ဗြိတိန်
နိုင်ငံခြားရေးရုံး ၀န်ကြီး ဟူဂို ဆိုင်ရာ Hugo Swire က
တောင်းဆိုလိုက်ပါတယ်။
Hugo Swire
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို
အလွန်စိုးရိမ်ပူပန်မိသလို ထောင်နဲ့ ချီတဲ့လူတွေ
အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး အတည်မပြုနိုင်တဲ့ သေဆုံးတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တာတွေ အဆုံးသတ်ဖို့ သူက တိုက်တွန်းလိုက်သလို အစိုးရ၊ ရဲတပ်ဖွဲတွေနဲ့ ဒေသခံ ရဲတပ်ဖွဲ့တွေကိုလည်း အရပ်သားတွေကို ကာကွယ်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ အထောက်အပံ့တွေ အပြည့်အ၀ရရှိအောင် ခွင့်ပြုပေးဖို့ သူက တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အခြေအနေတွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေသလို ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။
အလားတူ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကလည်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လတ်တလော အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
DVB

No comments:
Post a Comment