မနေ့က ကေတီဗွီ ကာရာအိုကေဆိုင်ပိုင်ရှင် ၁၀၀ ကျော်နဲ့ ဂီတအစည်းအရုံး
တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းပွဲမှာ ၂ ဘက် သဘောတူနိုင်မယ့် မူပိုင်ကြေး
ပေးတဲ့စနစ် သတ်မှတ်ဖို့ ကိစ္စနဲ့ နှုန်းထား
စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကျင့်သုံးနေတဲ့ ကာရာအိုကေ ဆိုင်ဖွင့်လှစ်ထားသူတွေဟာ ၁ နှစ်တာ လိုင်စင်ရအောင် ၁ နှစ်ထွက်တဲ့ ကာရာအိုကေ အခွေ ဓာတ်ပြားတွေရဲ့ ၂၀ ရာခိုင်နှုန်း ၀ယ်ယူတဲ့ စနစ်ဟာ အနုပညာသည်တွေဘက်က နစ်နာနေတာမို့ အခုလို စနစ်တကျဖြစ်ရေး ညှိနှိုင်းရတာလို့ ဦးမြင့်မိုးအောင်က ပြောပြပါတယ်။
DVB

No comments:
Post a Comment