အစီအစဉ် နေပြည်တော် တာဝန်ရှိသူတွေဆီက ခွင့်ပြုချက် မရလို့ ဒီနေ့ မနက် ဆန္ဒထုတ်ဖော်ပွဲ မဖြစ်မြောက်ဘူးလို့ သတင်းသွားယူတဲ့ သတင်းထောက်တဦးက ပြောပါတယ်။
ဆန္ဒပြပွဲကို ဆိုင်ခန်းပိုင်ရှင်တွေဖြစ်ကြတဲ့ ဦးမြင့်စိုး၊ မအေးအေးမွန်နဲ့ ကိုစိုးမိုး တို့က ဦးဆောင်တာဖြစ်ပြီး လက်ရှိ သက်တမ်း ၁၁ နှစ် ရှိပြီဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ပြန်လည် ဖွဲ့စည်းရေးကိုပါ တောင်းဆိုမယ်လို့ သိရပါတယ်။
အလားတူ စေတီတော် ဂေါပက အဖွဲ့နဲ့ ဆိုင်ခန်းပိုင်ရှင်တချို့ ဒီနေ့မနက် စည်းဝေးကြပြီး ဆန္ဒပြသူတွေကြောင့် ဘုရားဖူးလျော့နည်းသွားမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း၊ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျိုက်ထိုမြို့မှာ တန်ပြန်ဆန္ဒပြကြမယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။
DVB
No comments:
Post a Comment