ဒီဆေးတွေရဲ့တန်ဖိုးဟာ ရူပီးငွေ ၉၈ သိန်း၊ ကျပ်ငွေအားဖြင့် သိန်း ၁၅၀၀ ကျော် တန်တယ်လို့ ဆိုပါတယ်။
ကြိုတင်သတင်းရရှိထားချက်အရ အာသံပြည်နယ် မြို့တော် ဂိုဝါဟတီး မြို့ကနေ မီဇိုရမ်ပြည်နယ်ထဲ
ဝင်လာတဲ့ ကုန်ကား ၁ စင်း ကို Khuang pui lam အဝေးပြေးလမ်းမကြီး ပေါ်မှာ ရှာဖွေလိုက်ရာက ဖမ်းမိလိုက်တာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
“ကျနော်တို့ဟာ ကားဒရိုင်ဘာတွေပါ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက ပေးလိုက်တဲ့ ပစ္စည်းတွေကို လိပ်စာတပ်ထားတဲ့နေရာ အရောက်ပို့ဖို့သာ ကျနော်တို့ တာဝန်ဖြစ်တယ်။ အခုလို ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေ ပါလာတော့ ကျနော်တို့လည်း ဒုက္ခရောက်တာပေါ့။ ပေးပို့သူက နာမည်အတု၊ လိပ်စာအတုတွေနဲ့ ပို့နေကြတော့ တရားခံကို ဖမ်းမိဖို့ မလွယ်ဘူးလေ။”
ဒီဆေးတွေ အားလုံးကို ၀န်ကျဉ်းသွားအောင် အခွံခွာပြီး ပလတ်စတစ် အိပ်တွေထဲ ထည့်ထားတာပါ။
အာသံပြည်နယ်မြို့တော် ဂိုဝါဟတီး မြို့ကနေ မီဇိုရမ်ပြည်နယ်ထဲ ၀င်ပြီဆိုရင် ပထမဦးဆုံး ကိုလားစစ် မြို့ကို ရောက်တာပါ။
ဩဂုတ်၊ စက်တင်ဘာ နဲ့ အောက်တိုဘာ ၃ လအတွင်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကို တင်သွင်းမယ့် ရူပီးငွေ ၁၂၉ သိန်း၊ ကျပ်ငွေ အားဖြင့် သိန်း ၂၀၀၀ ကျော် တန်းဖိုးရှိတဲ့ စိတ်ကြွဆေး ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။
DVB
No comments:
Post a Comment