ကိုယ့်အကြောင်းကိုယ်သာသိ၊
ဒီတစ်ချိန်တွင်တော့ တကယ်ထိသွားလေသည်။ ကိုယ်က အင်တာနက် သုံးပြန်ရင်လည်း
ခဏဖွင့်ကြည့်ပြီး ပိတ်တတ်သူ မဟုတ်။ gmail ကို မေးလ်စစ် ယုံလောက် သုံး၊
Gtalk နဲ့ ပွားနေ သူ လည်း မဟုတ်။ ဟိုနေရာလေးမှာ သတင်း အသစ်တင် လည်း
ဖွင့်ကြည့်လိုက်၊ ဒီနေရာလေး သီချင်း အသစ်တင် လည်း ပြေးကြည့် လိုက်။
ဖွင့်လိုက်ပြန် ရင်လည်း စာမျက်နှာ များကို ကိုယ့်ရည်းစား မျက်နှာလေး လို
တယုတယ ဖွင့်ထား တတ်တာ ကလည်း အကျင့်ဖြစ်နေ သည်မို့ ကိုယ့်ဝင်ငွေလေးနဲ့ ချိန်
ထိုးရ ပေတော့မည်။ Youtube မဖွင့်ရဲ၊ Vedio ဖိုင် မဖွင့်ရဲ၊ webcam
မကြည့်ရဲသည့် ဘ၀ကို တစ် ခါပြန်ရောက် ပေ အုံးတော့မည်။ MPT ရဲ့စေတနာ
ကောင်းလွန်းပေစွ။ လဆန်းပိုင်းအရောက် ဖုန်းဘေလ် က အလို အလျောက်ဖြတ်။
ထည့်ထားတဲ့ ကျပ် တစ်သောင်း ဘယ်ရောက်သွားပါလိမ့် ဆိုပြီး အော်ရ အုံးမည်။
မသုံး လို့ကလည်း မရ။ ရေမရှိသည့်အရပ်မှာ ရေရောင်းသူ တစ်ဦးတည်း ရှိမှတော့
ဝယ်သောက် ရတော့မည်ပေါ့။
MPT ရဲ့ စေတနာ (၁)
ဒါကတော့ ကျွန်တော်တို့ ဖေ့ဘုတ်တစ်ခုကို ဒေါင်းလုပ် လုပ်ကြည့်လိုက်တဲ့  အခါမှာ
ဘယ်လောက်ကုန် သွား လဲ ဆို တာ simple လေး စမ်းသပ် ကြည့်နေတာပါ။ ဖေ့ဘုတ် တစ်ခုကို
သုံးကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လောက် လဲ ဆိုလို့ရှိရင် ၂၇မိနစ် လောက်
သုံးထားတာ ရှိပါတယ်။ အဲဒီမှာမှဆိုရင် ကုန်ကျတဲ့ မက်ဂါဘစ် မှာဆိုရင် sent
မှာဆိုရင် ၁၅ကေဘစ် နဲ့ received မှာဆို ၁၈ကေဘစ် အားလုံး ဆိုလိုရှိရင်
၂၇မိနစ် ဒီဟာကို ဖေ့ဘုတ်ကို ၀င်ကြည့်တာ ဆိုလို့ရှိရင်
၃၂ ကေဘစ်လောက်ကုန်ပါတယ်။ ဒါဟာ ဆိုရင် တစ် ကျတောင် မကျသေးပါဘူး။ မိနစ်နဲ့
တွက်မယ်ဆိုလို့ရှိရင် ၂၇မိနစ်ဆိုရင် ဒါ ၅၄ကျပ် ။ ၂၇မိနစ်မှာမှ
ကျွန်တော်တို့ အားလုံးပေါင်း က
၃၂ လောက်ပဲ ကုန်တယ်ဆိုတဲ့ အတွက်ကြောင့် နာရီဝက် လုံးမှာ မှ မိနစ်နဲ့
ကောက်လို့ရှိရင် ၅၄ကျပ် ကျမယ်။ ကျွန်တော်တို့ Volume နဲ့
ကောက်လိုက်တဲ့ အတွက်ကြောင့် တစ်ကျပ်လောက်ပဲ ကျတယ်။ တစ်ကျပ်တောင် မရှိပါဘူး။
အဲဒါလေး ကျွန်တော်တို့ တင်ပြ ပါတယ်။
မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်း
MPT ရဲ့ စေတနာ (၂)
Facebook မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး
စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။
မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း
၁။ ယခုလင့်မှ Installer ကို Download ရယူပါ။
http://download.cnet.com/ BitMeter-2/ 3000-2381_4-10398686.html
၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real Time bit/sec နဲ့ အနိမ့်အမြင့် ပြနေမှာပါ။ ပြီးရင် အဲဒီ Transparent Screen လေးပေါ်မှာ Right Click နှိပ်ပြီး Statistics Grid ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့ Browser လေးပေါ်က မိမိကြည့်လိုတဲ့ သုံးစွဲပြီး bit/sec ကို ကြည့်လိုက်ပါ။
၃။ ဒီ bit meter လေးက မိမိသုံးစွဲလိုက်တဲ့ Upload bit/sec နဲ့ Download bit/sec ကို အချိန်တိုင်း၊ နေ့ရက်လိုက်၊ နာရီလိုက် မိမိသုံးစွဲလိုက်တဲ့ Bit/sec ကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။
၎။ Facebook တစ်ခုတည်းဖွင့်ကြည့်ရုံနဲ့ 1M/sec download ရှိပြီး ဆက်ကြည့်ရင်ကြည့်သလောက် Mbit/sec နှုန်းဖြင့် ဆက်လက်တက်နေမှာဖြစ်တာ တွေ့ရမှာပါ။
၅။ မိမိ ကြည့်နေကျ Website လေးတွေရဲ့ သုံးစွဲကျသင့်မည့် ငွေကို တွက်ကြည့်နိုင်ပါတယ်။
Myanmar Mobile Users Group
မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း
၁။ ယခုလင့်မှ Installer ကို Download ရယူပါ။
http://download.cnet.com/
၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real Time bit/sec နဲ့ အနိမ့်အမြင့် ပြနေမှာပါ။ ပြီးရင် အဲဒီ Transparent Screen လေးပေါ်မှာ Right Click နှိပ်ပြီး Statistics Grid ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့ Browser လေးပေါ်က မိမိကြည့်လိုတဲ့ သုံးစွဲပြီး bit/sec ကို ကြည့်လိုက်ပါ။
၃။ ဒီ bit meter လေးက မိမိသုံးစွဲလိုက်တဲ့ Upload bit/sec နဲ့ Download bit/sec ကို အချိန်တိုင်း၊ နေ့ရက်လိုက်၊ နာရီလိုက် မိမိသုံးစွဲလိုက်တဲ့ Bit/sec ကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။
၎။ Facebook တစ်ခုတည်းဖွင့်ကြည့်ရုံနဲ့ 1M/sec download ရှိပြီး ဆက်ကြည့်ရင်ကြည့်သလောက် Mbit/sec နှုန်းဖြင့် ဆက်လက်တက်နေမှာဖြစ်တာ တွေ့ရမှာပါ။
၅။ မိမိ ကြည့်နေကျ Website လေးတွေရဲ့ သုံးစွဲကျသင့်မည့် ငွေကို တွက်ကြည့်နိုင်ပါတယ်။
Myanmar Mobile Users Group
"သရီးဂျီစနစ်ကို ဖွင့်လိုက်သောလည်း မည်သည့် webpage တစ်ခုမျှ မဖွင့်လျှင် နောက်ကွယ်မှ run နေမည့် application များအတွက်
ပိုက် ဆံဖြတ်တောက်ခံရမည် မဟုတ်ဘဲ download ၊ upload များအတွက်သာ ကုန်ကျမည်ဟု
မိုဘိုင်း အင်ဂျင်နီယာချုပ်က မီဒီယာ များသို့ ဖြေဆိုသည်။.." တဲ့။
အဲဒီလိုပြောသွားတာလေးကိုကြည့်ပြီး ကျွန်တော်တို့ ကပြန်ပြောချင်ပါတယ်-
ကိုယ့်ကွန်ပျူတာ ၊ ဖုန်းထဲကနေ ဖိုင်တစ်ခု ခုကို upload ၊ download လုပ်မှ Upload လုပ်တယ် ၊ Download ဆွဲ တယ် လို့ခေါ်တာ မဟုတ်ပါ။ ဖုန်းထဲမှာ Internet အသုံးပြုဆော့ဝဲများ ထည့်ထားတယ် ဆိုရင် အဲဒီ ဆော့ဝဲတွေက အင်တာနက် ကွန်နက်ရှင် ရတာနဲ့တစ်ပြိုင်နက်
အင်တာ နက်ပေါ်က သူ့ရဲ့ server ဆီကို ဖုန်းထဲ ကနေ data တွေ
အပို့အယူ လုပ်နေပါပြီ။ အဲဒီလို data အပို့အယူ လုပ်နေတာ ကိုလည်း upload /
download လုပ်တယ် လို့ခေါ်ပါတယ်။ Upload / Download process
လုပ်နေပြီဖြစ် တဲ့ အတွက် Mobile Data ကတော့ စသုံးနေ ပါပြီ။
အပေါ်မှာဖော်ပြထားတဲ့ စေတနာ(၁) ဦးဌေးဝင်း ဒီလိုပြောသွားတာလေး ကိုကြည့်ပြီး ကျွန်တော်တို့ ကပြန်ပြောချင်ပါတယ်-
" Facebook Website တစ်ခုကို Browser မှာဖွင့်ကြည့်ပြီး အဲဒီ page ကို save လိုက် ။ ပြီးရင် အဲဒီ save လို့ရလာတဲ့ website ဖိုင်ကို Properties ဖွင့်ပြီးကြည့်လိုက် ။ ဘယ်လောက် size ရှိလဲလို့။ 700 KB လောက် အနည်းဆုံးရှိတာတွေ့ ရလိမ့်မ ယ်။
အဲဒိ 700 KB ဆိုတာ facebook စာမျက်နှာတစ်ခုကို ကိုယ့်ဖုန်း ၊
ကွန်ပျူတာထဲကို အပြည့်အစုံပေါ်ပြီး ကြည့်ရှုထားတဲ့ ပမာဏပါ။ ဒီမှာကိုက
ဘယ်လောက် သုံးသွားပြီလဲ ဆိုတာ Gereral အားဖြင့် သိနိုင်ပါတယ်။ နောက်တစ်ချက်က
ဦးဌေးဝင်းအနေနဲ့ Packet နှုန်းနဲ့ချိန်ဆ တွက်ပြသွားတာ ကိုေ တွ့ရပါတယ်။
သူပြသွားတဲ့ ပုံအရ (အောက်ပုံကိုကြည့်ပါ) Sent Packet နေရာမှာ 18900
ကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို သူက bytes လို့ယူဆပြီးတွက်ချက်ထားတာ 32 KB
ပဲကျမယ် တကဲကဲ ယူဆနေပါတယ်။ အဲလို ယူဆပြထားတဲ့အတွက် မိနှစ် နှစ်ဆယ်လောက်သုံးတာ
32 KB ပဲကျတာကြောင့် သုံးစွဲခ ၁ ကျပ်ပင်မပြည့်ပါဘူးလို့ဆိုနေပါတ ယ်။
သူပြထားတဲ့ပုံကိုပဲ အားလုံးသိအောင် ရှင်းလင်းပေး လိုပါတယ်။ Packet
တစ်ခုမှာ ပုံမှန်အားဖြင့် 2 KB လောက် data သွားပါတယ်။ အခုတွေ့ ရတဲ့ပုံမှာ
18900 Packet received ဖြစ်နေတာ ကိုတွေ့ရမှာပါ။ ဒါကြောင့် 18900 Packet ကို 2
KB နှုန်းနဲ့ တွက်ကြည့်လိုက်ပါ။ ၃၇၈၀၀ KB ရှိနေပြီကိုတွေ့ရပါမယ်။ ဒါကြောင့်
သူသုံးထားသလို ပုံစံနဲ့ဆို နှစ်ဆယ့် ခုနှစ်မိနစ်အတွင်းမှာတင် 38 MB လောက်
data သုံးပြီးနေ ပါပြီ။ 1 MB ကို ၂၀ ကျပ် ယူမှာဖြစ်တဲ့ အတွက်
သူသုံးထားတဲ့ ပုံအရ ၇၆၀ ကျပ် ကျနေပါပြီ။ "
( By Thet Naing Soe | Myanmar Mobile App Store)
www.myanmarmobileapp.com
အဲဒီလိုပြောသွားတာလေးကိုကြည့်ပြ
ကိုယ့်ကွန်ပျူတာ ၊ ဖုန်းထဲကနေ ဖိုင်တစ်ခု ခုကို upload ၊ download လုပ်မှ Upload လုပ်တယ် ၊ Download ဆွဲ တယ် လို့ခေါ်တာ မဟုတ်ပါ။ ဖုန်းထဲမှာ Internet အသုံးပြုဆော့ဝဲများ ထည့်ထားတယ် ဆု
အပေါ်မှာဖော်ပြထားတဲ့ စေတနာ(၁) ဦးဌေးဝင်း ဒီလိုပြောသွားတာလေး ကိုကြည့်ပြ
" Facebook Website တစ်ခုကို Browser မှာဖွင့်ကြည့်ပြီး အဲဒီ page ကို save လိုက် ။ ပြီးရင် အဲဒီ save လို့ရလာတဲ့ website ဖိုင်ကို Properties ဖွင့်ပြီးကြည့်လိုက် ။ ဘယ်လောက် size ရှိလဲလို့။ 700 KB လောက် အနည်းဆုံးရှိတာတွေ့ ရလိမ့်မ
သူပြထားတဲ့ပုံကိုပဲ အားလုံးသိအောင် ရှင်းလင်းပေး လိုပ
( By Thet Naing Soe | Myanmar Mobile App Store)
www.myanmarmobileapp.com
ဆက်စပ်သတင်း-..MPT ရဲ့စေတနာ နဲ့စမ်းသပ်သူရဲ့ ဝေဒနာ (၂)
No comments:
Post a Comment