ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 November 2012

MPT ရဲ့ စေတနာ နဲ့ စမ်းသပ်သူရဲ့ ဝေဒနာ(၂)


 MPT ရဲ့ စေတနာ
မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲသူများကို သုံးစွဲသည့် ပမာဏ အလိုက် သာ ကောက်ခံမည့် Volume Based Charging စနစ်အား သုံးစွဲသူအများစုက ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် ဆန္ဒပြမည်ဟု Social Media များတွင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခြင်းအား MPT မှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။100 KB နှစ် ကျပ်မှ မကြိုက်ဘူးဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။ (The Street View)

စမ်းသပ်သူရဲ့ ဝေဒနာ
ခုကောက်မဲ့နှုန်းထား များသွားတာလား နည်းသွားတာလား တွက်ပြထားတာပါ
1 B(captial B Byte) မှာ 8 b(Small b Bit) ရှိပါတယ်
1 KB = 8 Kb ပါ
ခုလက်ရှိ တစ်မိနစ် ၂ကျပ်လိုင်းတွေက အမြန်နှုန်း(Bandwidth) 256 Kb/s ပေးထားပါတယ်
Byte ပြောင်းလိုက်မယ်ဆိုရင် 32 KB/s ရှိပါတယ်
တစ်စက္ကန့်(1 second) ကို 32 KB နှုန်းနဲ့ Data အသွားအပြန်လုပ်ပါတယ်
ဒီတော့ တစ်မိနစ် (1 minute) ကို 32 KB*60 = 1920 KB Data အသွားအပြန်လုပ်ပါတယ်
အဲဒါကိုမှ ၂ကျပ်ပဲပေးရပါမယ်
ခုနှုန်းထားအရဆိုရင် 100 KB ကို ၂ကျပ်ပါ
1920 KB အတွက်ဆိုရင် 19.2(1920 KB/100 KB)*2 = ၃၈.၄ကျပ်ပေးရပါတော့မယ်
ဒါဟာသက်သာတာလား ဈေးကြီးသွားတာလား စဉ်းစားကြပါ




MPT ရဲ့ စေတနာ နဲ့ စမ်းသပ်သူရဲ့ ဝေဒနာ...

 MPT ရဲ့ စေတနာ
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူတွေကို အဆင်ပြေအောင် လုပ်ပေးထားတာပါ။ တကယ်တမ်းက ကျွန်တော်တို့ ပြပေးတဲ့ Plan B နဲ့ Plan C ဟာ ဆိုရင် အများကြီး သက်သာအောင် လုပ်ပေးထားတာပါ။ လေးသောင်းလောက် ကျမယ့်ဟာကို ၇၀၀၀ လောက်နဲ့ အဆင်ပြေအောင် လုပ်ပေးထားတာ ပါ၊ ပြီးတော့ Facebook သုံးရင်လည်း နာရီဝက် ၆၀၀ ဆိုတာ မဟုတ်ပါဘူး၊ Facebook အသုံးပြုသူတွေက 100 MB ထက် ကျော်ပြီးတော့ သုံးကြမှာလား၊ ဘယ်လိုမှ မကျော်ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
စမ်းသပ်သူရဲ့ ဝေဒနာ(၁) 
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဝဲက ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော စာတွေရောဖော်ပြပေးမှာဖြစ်တဲ့အတွက် တစ်မိနစ်ကို 1 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို ၂၀ ကျပ်ကျမှာဖြစ်ပါတယ်။ နာရီဝက်ဖေ့ဘုတ်သုံးရင် ၆၀၀ ကျပ်ကျ သင့်မှာဖြစ် ပါတယ်။
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်
Credit To Myanmar Mobile App Store
 စမ်းသပ်သူရဲ့ ဝေဒနာ(၂) 
ဖုန်းနဲ့ Computer ချိတ်ပြီး ၃ နာရီတိတိ စမ်းသုံးကြည့်ပါတယ်။ Computer ကလက်လှမ်းမီသမျှ Update တွေပိတ်ထားပါတယ်။ Facebook သုံးတယ် Torn City ဆော့တယ် တခြား Online Text Mode Game တစ်ခုဆော့တယ်။ Gmail စစ်တယ် Facebook မှာ သတင်းအကုန်ဖတ်တယ် ပုံတွေကြည့်တယ် ဟိုဟိုဒီဒီ အကုန်ဝင်ကြည့်တယ်။ ဘာ Download မှ မလုပ်ပါဘူး အရင်သုံးနေကျ ပုံစမ်းအတိုင်းပါပဲ
ပြီး Data Usage ကိုစစ်ကြည့်တယ် လားလား 70 Mb (၁၄၀၀ ကျပ်) တောင် ၀ိုး ..... ခုလောလောဆယ် ၁ မိနစ် ၂ ကျပ်မို့ ၃၆၀ ကျပ်ပဲကုန်တယ်

ခုစမ်းရင်နဲ့ထူးထူးခြားခြားတွေ့တာပြောရမယ်ဆိုရင် Phone OS Services ကနောက်ကွယ်ကနေ ဆွဲနေတာ ၁ နာရီလောက်အတွင်းမှာ 9 Mb (၁၈၀ ကျပ်) လောက်ဆွဲသွားပါတယ်။ ဘာတွေဆွဲနေမှန်းမသိပါ ။
Settings -> Applications -> Running services မှာ နောက်ကွယ်က Run နေတဲ့ services တွေရှိပါတယ် ကိုယ်အတွက်မလို့တဲ့ဟာတွေ Stop လုပ်ပေးပါ
ပြီး Settings -> Account and Sync ကနေ မလိုရင် Sync လုပ်နေတာကို ပိတ်ထားပေးပါ

Facebook ကတော့ တော်တော်ဆိုးပါတယ် ဘာမှ သိပ်မကြည့်ရသေးဘူး။ News Feed ကနေ အပေါ်အောက် ခဏလေးဆွဲလိုက်သေးတယ် 3 Mb (၆၀ ကျပ်) တဲ့ အသာလေးပဲ။ Gtalk ကတော့ သာယာတယ် တစ်နာရီလောက်ဖွင့်ထားလဲ စကားအပြောအဆို သိပ်မလုပ်ရင် Kb အနည်းသာကုန်တယ်
Gmail ရောပဲ Download မလုပ်ရင် သိပ်မကုန်လှပါဘူး။ နောက်အဆိုးဆုံးကတော့ YouTube ပါပဲ ဘာရယ်မဟုတ် သွားမနှိပ်ကြည့်ပါနဲ့ နောက်နေ့ကုန်းကောက်စရာတောင်ကျန်မှာ မဟုတ်ပါဘူး :P
ခုတော့ ဒီလောက်အထိပဲ စမ်းရသေးတယ် နောက်သိရင်သိသလိုဒီ Post အောက်မှာရေးပေးသွားမယ်

နောက်အရေးကြီးတာ တစ်ခုရှိပါတယ် ဖုန်းနဲ့ Computer ချိတ်သူများပိုပြီးအထူးသတိထားသင့်ပါတယ်။ Computer ကနေ နောက်ကွယ်ကနေ Window Update, Antivirus Software Update, တခြား Software ဟာနောက်ကွယ်ကနေ အင်တာနက်မိပြီးဆိုတာနဲ့ အမြဲတန်းလိုလို Update ဆွဲနေတတ်ပါတယ်
ဒါကြောင့်ကိုယ်လက်လမ်းမှီသမျှ Update တွေကို ပိတ်ထားပေးစေချင်ပါတယ် တချို့ Software တွေဟာ Mb ကြီးကြီးတွေနောက်ကွယ်ကနေ ဆွဲချနေတတ်လို့ပါပဲ။ Window 7 သုံးတဲ့သူတွေ ပိုသတိထား သင့်ပါတယ်

နောက် စမ်းဖြစ်တာက Viber ပါ Viber နဲ့ သိတဲ့သူတွေ့စမ်းခေါ်ပြီး စကားပြောကြည့်ပါတယ် ၃ ယောက်ကိုခေါ်ပါတယ် တစ်ယောက်ကို ၃ မိနစ်ကျော်လောက်စကားပြောဖြစ်ပါတယ်။ စုစုပေါင်း Viber နဲ့ ၁၀ မိနစ်ကျော်လောက် ပြောလိုက်ပါတယ်။ ထူးစမ်းစွာ တွေ့လိုက်ရတာကတော့ Viber နဲ့ ၁၀ မိနစ်ကျော်လောက်ပြောတာတောင် 18 Kb ပဲကုန်ပါတယ် <- (100 Kb မှ 2 ကျပ် ဆို့တော့ ပြားစွန်လောက်ပဲကျတာပေါ့)။ သူများတွေ တွက်ထားသလောက် ၁ မိနစ် ၅ ကျပ်လောက်ကုန်မယ်ဆိုတာ ကျွန်တော်စမ်းတာတော့မကုန်ကြောင်းပါ။ မှတ်ချက် - Viber နဲ့ပြောတဲ့အချိန် Connection သိပ်မကောင်းပါဘူး ဒါပေမဲ့ အသံတိုးတာကလွှဲလို့ ကြားရပါတယ်။ Video Call တော့ ခေါ်ရမဲ့သူမရှိတာရယ် Connection မကောင်းတာကြောင့် မစမ်းရသေးပါဘူး။

ဆက်ဖတ်ချင်သူများ အောက်ဖော်ပြပါ Facebook account ကို နှိပ်၍ ဆက်ဖတ်ပါ။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ