ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 November 2012

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဘာပြောခဲ့သလဲ (အပြည့်အစုံ)


သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် သမ္မတကြီး၏ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ေ ရွှ ခေါင်းဆောင်သော စစ် ကိုင်း တိုင်းဒေ သကြီး အစိုးရ အဖွဲ့များသည် နိုဝင်ဘာ (၂၆) ရက်နေ့တွင် လက်ပံ တောင်းေ တာင် ကြေး နီ စီမံကိန်းဒေသ သို့ ရောက်ရှိ လာကြောင်း သိရသည်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတကြီးထံ တင်ပြနိုင်ရန် လက်ပံတောင်းေ တာင် ဒေသ ခံပြည်သူ များတွင် ဖြစ်ပေါ်နေသည့် စိတ်ခံစားမှု များ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက် အခဲများစသည့် လိုအပ်ချက် များကိုလာ ရောက် မေးမြန်း စုံစမ်းခဲ့ကြောင်း သိရ သည်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက လက်ပံတောင်းေ တာင် ဒေသရှိ သံဃာ တော်များ၊ ဒေသခံ ရွာသူ ရွာသားများ၊ ရွာပေါင်း (၂၆) ရွာမှ ရွေး ချယ် တင်မြှောက် ထားသော ကိုယ်စားလှယ်များ အားလုံး နှင့်တွေ့ဆုံ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်း ၏ ပြောကြားချက် အပြည့် အစုံမှာ ဒီလက်ပံတောင်းတောင်ကိုလာတဲ့ ကိစ္စက

““ကျွန်တော်လာတာဟာ ဆုံးဖြတ် ချက် ကျွန်တော် မပြီးဘူး။ ခင်ဗျားတို့ ဘာတွေ လိုချင်တယ် ဆိုတာကို၊ ဘာတွေ အခက် အခဲဖြစ်တယ် ဘာတွေဖြစ် တယ်ဆိုတာကို အချက် အလက်တွေပေး လိုက်၊ ကျွန်တော်ပြီး ရင် သမ္မ တကြီး ကိုပြန် ပြောမယ်။ ပြန်ပြောပြီးရင် အဖြေပေး မယ်။ ဒီလို လုပ်မယ့် အချက် အလက်တွေ ကို အများကြီး မပြောနဲ့ တစ် အချက်၊ နှစ် အချက်၊ သုံးအချက်၊ လေး အချက်၊ ငါး အချက် ဒါလောက်ဆို ရပြီ။ ဒါလေးကို ပြောလိုက်၊ တပည့်တော်ပြန်မယ်။ သမ္မတ ကြီးပြောပြီးရင် တစ်ပတ် အတွင်း၊ ဆယ် ရက် အတွင်း တပည့်တော် အဖြေပြန်ပေး မယ်…”” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ပြောကြားသည်မှာ

““ဒီစီမံကိန်းကို ဟိုးအရင် အစိုးရ လက်ထက် ကတည်းက စခဲ့တာ။ တပည့် တော်တို့ လက်ထက်မှ စာချုပ် ချုပ် ခဲ့ တာ ဖျက်သိမ်းပေး ပါပြောရင် အရင် အစိုးရ လက်ထက်က စာချုပ် ချုပ်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်း ဆိုရင် (အကယ် ၍သာ တရုတ်နဲ့ စကားပြောလို့ လျော်ကြေးတောင်းခဲ့ရင်) သရီး ဘီလီ လျှံလောက်၊ ဒေါ်လာ သန်း သုံး ထောင်ေ လာက် လျော်ကြေးပေး ရမယ်။ မြစ်ဆုံ စီမံကိန်းက အပေါ်သာ မတက် သေး တာ အောက် ထဲမှာ ဖောင်ဒေး ရှင်း နဲ့ တောရှင်းတာနဲ့၊ အခု ထက်ထိ တရုတ် က စကား မပြောသေးဘူး။ တရုတ်ကို လည်း တပည့်တော် တို့ ကကြောက်ရတယ် ဘုရား။ နှစ်ချက်ရှိတာပေါ့။ နံပါတ်တစ် အချက်က ဘာလဲ ဆိုတော့ (၁၉၈၈) တိုင်း ပြည်ပျက်တဲ့ အခါ တပည့်တော်တို့ စား စရာမရှိဘူး။ စားစရာ မရှိတော့ တရုတ် ဆီက မူဆယ် လမ်းကြောင်း ကနေ စားစရာ သွင်းရတယ်။ မူဆယ် လမ်းကြောင်းက သွင်းလို့ တပည့်တော် တို့ အသက် ဆက် ခဲ့ရတယ်။ အဲဒီ ကျေးဇူးလေးတော့ တပည့်တော်တို့ သူတို့ကို ပြန်ပြီးတော့ ကြည့်ရမယ်။ နံပါတ်နှ စ် တပည့်တော် တို့နယ်စပ်မှာ ထကြွသောင်း ကျန်းနေတဲ့ အရင်ဗကပဆိုတာရှိတယ်။ အဲဒါ တရုတ် ပြည် ကနေ ဆန်တွေ၊ ပိုက်ဆံ တွေအကုန် လုံးထောက်ပံ့တယ်။ အဲဒီ ဗကပတွေဟာ ဗကပမြစ် ဖျားဒေသ တိုင်း  ဆိုပြီးေ တာ့ ဦးစွာ ဗန်းမောက်၊ ကောလင်းကို ၀င်လာ တာပေါ့။ ဒုတိယ လမ်းကြောင်းက မသုံး လုံးနယ်မြေဖြစ်တဲ့ မိတ်္ထီလာ ၊ မြင်းခြံနယ် မြေကို ၀င်ဖို့အတွက် အခု ရဲရွာရေအား လျှပ်စစ်ရှေ့နားက အင်တောေ ကျာက်ဂူ ထိ ရောက် လာခဲ့တယ်။ တတိယ လမ်း ကြောင်း ပဲခူးရိုးမကို ၀င်ဖို့၊ အဲဒီအဖွဲ့တွေ အားလုံးကို တပည့်တော်တို့က လိုက်တိုက် နေရလို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘာမှမလုပ်နိုင်ဘူး။ တရုတ် အစိုးရ က နောက်က ထောက်ပံ့ထားလို့။ အဲဒီတော့ တိန့်ရှောင်ဖိန် အစိုးရတက် လာတဲ့အခါ မှာ ဒီထောက်ပံ့မှုတွေဖြတ် လိုက်လို့ ဒီဗကပ တွေ ချုပ်ငြိမ်းသွားတယ်။ ဒါကြောင့် တရုတ် နဲ့လည်း ရန်မဖြစ်ရဲ ဘူး။ ဒါကို စိတ်ထဲ မှာပဲ ထားနော်၊ ဘာမှ . . . ဟိုဒင်းမဖြစ်နဲ့။ တရုတ်နဲ့ စိတ်ဆိုးသွား လို့ရှိ ရင် အကယ်၍ နယ်စပ်တွေမှာ အဲဒီ လိုဟို ကနေထောက်ပံ့၊ ဒီကနေထောက်ပံ့ နဲ့နောက်က ထောက်ပံ့ လိုက်ရင် တပည့်တော် တို့ စီးပွားရေး လုပ်ဖို့ နောက် ကိုပြန် လှည့်ကြည့်ရမယ်။ အရင်က လုပ်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်းေ တာင် တရုတ်က တပည့်တော်တို့ကို တော်တော်စိတ်ဆိုး နေပြီ။ အဲဒီတော့ ဒီဥစ္စာတော့ စဉ်းစားစေ ချင်တယ် လို့ ပြောချင်တယ်””

ဝက်မှေးရွာမှ ရွာကိုယ်စားလှယ် သပိတ်ခေါင်းဆောင် မသွယ်သွယ်ဝင်းက တရုတ်နိုင်ငံကို အကြွေးတင် လျှင် ပြည် သူ ကြွေးတင်သည် သာဖြစ်ပြီး ““စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေး ရန် တောင်းဆို ပါ ကြောင်း”” သမ္မတကြီး ထံ တင်ပြပေးရန် ဦးအောင်မင်း အား  တောင်းဆိုခဲ့သည်။ 
ထိုအခါဦးအောင်မင်းက-
““ဆုံးဖြတ်ပေးဖို့ လာတာ မဟုတ်ပါ ဘူး။ ဒီစီမံကိန်းကို သီးခြားအဖွဲ့ နဲ့ စစ်မှာ။ သီးခြား အဖွဲ့က သမ္မကြီးဆီ အစီရင်ခံ စာတင်ရမှာ၊ သူတို့ မလာခင် တပည့်တော် က ကြိုလာလိုက်တာ။ ဒီစီမံကိန်းကို သမ္မတကြီး သိအောင် တင်ပြဖို့ကြို လာ လိုက်တာ။ တပည့်တော်ကို တခြား မမြင် စေချင်ဘူး””
သံဃာတော်က  ထိန်းသိမ်းစေချင် သည့် ဘုရားကျောင်းကန် စသည့် သာသနာ့ အဆောက်အအုံ များနှင့် ပတ် သက် ပြီးပြော ကြား ရာတွင်လည်း ဦးအောင်မင်းက ““တပည့်တော်မှာလည်း တာဝန်မရှိ ပါဘူး။ တပည့်ေ တာ် က နာမည်ခံတဲ့ ဗုဒ္ဓ ဘာသာ မဟုတ်ပါဘူး။ မိရိုးဖလာဗုဒ္ဓဘာ သာ ဖြစ်ပါတယ်။ အတော်ပြင်းပြင်း ထန် ထန် လေ့ ကျင့်ခဲ့ပါတယ်။

““တပည့်တော် စိတ်က အားလုံးကို၊ အရာရာ ကို စွန့်လွှတ် ထားတာ၊ အ များအတွက် လုပ်တာ၊ ရဲရဲ တင်တင်း တင်း ပြောရဲတယ်။ ဦးအောင်မင်း ဒီနေ့ မတရား လုပ်ထားရင် ဆရာတော်ဘုရား တို့တရား စွဲ၊ အဲလောက် ထိ စိတ်ပြင်း ထန်တယ်။ အရှင်ဘုရား တို့က နားလည်ပေးဖို့လိုပါ တယ်။ ဒါက ပထမဆုံး အကြိမ် ဆိုတော့ အကြိတ် အခဲကို သူတို့ပြောချင်မှာပဲ။  တကယ်တော့ ဒီအသက်အရွယ်နဲ့ ဘုရားကျောင်းကန် မှာ ရောက်ေ န ရ မယ့် အရွယ်ပါ။ လူမရှိလို့ လုပ်ကိုင်နေတာ၊ လုပ်မယ့်လူမရှိဘူး။ အရှင်ဘုရားတို့ကြည့် လိုက်၊ လုပ် မယ့်လူ မရှိလို့ ။ ဗိုလ်ချုပ်မို့ လို့၊ ဗိုလ်ကြီးမို့လို့ မရှိပါဘူး။ ပိုတဲ့နေရာ လျှော့ရမယ်၊ လိုတဲ့နေ ရာ ဖြည့် ရမယ်။ တပည့်ေ တာ် ကလိုတဲ့ဟာကို လိုက်လုပ် တယ်။ တပည့်တော်က သူများနဲ့မတူ တဲ့စစ် သား တစ်ယောက်ပါ။ ရဲဘော်   စိတ်ဆို သည်မှာ ရဲဘော် အချင်းချင်း ရှိသည့် မေတ်္တာတရား၊ သစ္စာ တရား၊ စောင့်ကြည့်မှု တရား ဆိုတဲ့ ဆိုင်းဘုတ်တွေ  တပ်မှာရှိ တယ်။ တပည့်တော်က လက်မခံပါဘူး။ အဓိပ္ပာယ် ကို ကိုယ့်ဟာ ကိုယ် ဖွင့်ဆို ပါ တယ် ။ တပည့်တော် ဖက်ဒရေးရှင်း ဖွင့်ထားတာက  သူများနဲ့  မတူဘူး။ ဒါကြောင့် တပည့်တော် အလုပ် လုပ်တဲ့ နေ ရာမှာ ရဲရဲ ၀ံ့ဝံ့ ပြတ်ပြတ်သား သား လုပ်ပါတယ်””ဟု ဦးအောင်မင်းက ပြော ဆိုသွားသည်။

ဦးအောင်မင်း လာရောက်ေ တွ့ဆုံ သွားပြီးနောက် ၀န်ကြီးက တရုတ်နိုင်ငံ ၏ ကျေးဇူး ကို ပြန်ကြည့် ရမည် ဟူသော စကား ကို စိတ် သဘော မတွေ့ပါသော် လည်း လက်ပံတောင်းေ တာင် ဒေသခံ ပြည်သူ များ ကြား တွင် သမ်္မတ ရုံး ၀န်ကြီး တစ်ဦး  လာရောက် မေးမြန်း သွားသည့် အတွက် ဒေသခံများ၏ စိတ်တွင် လက်ရှိ ဖြစ်ေ ပ်ါနေသော ပြဿနာများကို ပြေ လည်မှုဖြင့်  ပြီးဆုံးသွားနိုင်လိမ့်မည် ဟူ သော မျှော်လင့် ချက် များ စွာဖြင့် နောက် (၁၀)ရက် အကြာတွင် ရလဒ်ကောင်း တစ်ခုကိုမျှော်လင့်နေကြကြောင်း သတင်း များ အရ သိရ သည်။  ၂၈-၁၁-၂၀၁၂ နံနက် ၃း၁၀ နာရီအချိန် မိမိတို့သတင်း အယ်ဒီတာ များ ဖောင် ပိတ်နေချိန် တွင် တွေ့ရှိရသော  အင်တာ နက် ၀က်ဆိုဒ်  သတင်းများ အရ လက်ပံတောင်းတောင် ပြည်သူ များ အေးချမ်းပျော်ရွှင် အကြောင့် ကြကင်းစွာ နေထိုင်နိုင်စေရန် ရည်သန် လျက် . . .
(ဒီမိုကရေစီ နိုင်ငံတော် ပီသစေရေး သို့ . . .)
ပြည်ချစ်မေ
Hot News Journal

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ