ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ဟန်းဆက်ဈေးနှုန်းများ သိသိသာသာကျဆင်းလာ




မိုဘိုင်းဖုန်းလိုင်းကတ်ဈေးနှုန်းလျှော့ချပေးမည့်သတင်းများထွက်ပေါ်နေချိန် ဟန်းဆက်အရောင်း ဈေးကွက်တွင်  ဟန်းဆက်ဈေးနှုန်း များ သိသိသာသာကျဆင်းလာကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်မှုနည်းပါးလာသည့် ကာလ၌ဟန်းဆက်အရောင်းဆိုင်များမှာ ဈေးနှုန်းလျှော့ချ၍ ယှဉ်ပြိုင်ရောင်း ချနေခြင်းကြောင့် ဈေးနှုန်းလျော့ကျလာခြင်း ဖြစ်နိုင်ကြောင်းကိုလည်း ဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ထိုးစစ် မရပ်ပါက နောက်ဆက် ဆိုးကျိုး အားလုံး အာဏာရ အစိုးရနှင့် တပ်မတော် တာဝန်သာဖြစ်


ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ
 ကြည်းတပ်၊ လေတပ် အင်အား (၂) ရပ်သုံး၍
 ပြင်းထန်သည့် ထိုးစစ် ဆင်နေခြင်းအပေါ်
တိုင်းရင်းသား (၁၁) ဖွဲ့ ပါဝင်သည့်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကန့်ကွက် ရှုံ့ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။

ကျောက်ဖြူ ပညာရေး ကောလိပ်တွင် ကျောင်းသားများ ဆန္ဒပြ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသားများ ယမန်နေ့ညနေက ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
Kyauk-pru
ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျောင်းသားများ ထမင်း၀၀လင်လင် မစားသောက်ရ၍  ဖြစ်ကြောင်း ကျောင်းသားများနှင့် နီးစပ်သူ ဆရာ တစ်ဦးမှ ပြောသည်။
“ ကျွန်တော် သိရသလောက် ကျောင်းသား ၆၀ ခန့်က ထမင်းငတ်တာ သုံးရက်လောက်တောင် ရှိပြီလို့ ကြားတယ်။ ထမင်းစားချိန်မှာ ထမင်းမလောက်တဲ့ အတွက်

၈၈ မျိုးဆက်ကျောင်းသား ၁၅ ဦး ငြိမ်းချမ်ရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များအား လေ့လာရန် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်


၈၈ မျိုးဆက်ကျောင်းသား ၁၅ ဦး ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များအား လေ့လာရန် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ပြောပြချက်အရ သိရပါသည်။                  
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ''ကျွန်တော်တို့အနေနဲ့ အကျဉ်းထောင်က လွတ်လာပြီးကတည်းက ပြည်တွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ တော်တော်များများ

မန်နေဂျာဖြစ်သူကို မကျေနပ်၍ အလုပ်သမား ၆၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သော အထည်ချုပ်စက်ရုံ ညှိနှိုင်းပြေလည်မှု ရရှိ



မန်နေဂျာဖြစ်သူကို မကျေနပ်၍ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တောင်ဒဂုံစက်မှုဇုန် ၁ ရှိ ၀န်ထမ်း ၆၀၀ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့သော Bright Light အထည်ချုပ်စက်ရုံမှာ ညှိနှိုင်းပြေလည်မှု ရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါစက်ရုံ၏ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
Bright Light အထည်ချုပ်စက်ရုံ၏ ညှိနှိုင်းတိုင်ပင်မှုမှာ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဆင်ပြေလည်မှု ရရှိသွားပြီး ညှိနှိုင်းခဲ့သည့် အချက်များတွင် စက်ရုံပိုင်ရှင်မှ မန်နေဂျာဖြစ်သူအား မထုတ်ပေးနိုင်သော်လည်း ကျေနပ်မှုမရှိသည့် ၀န်ထမ်းများအနေဖြင့် နစ်နာကြေးယူကာ အလုပ်မှထွက်နိုင်ကြောင်း၊ အဆောင်နေထိုင်ခွင့် စသည့်အချက်များအား ညှိနှိုင်းပြေလည်မှု

KIO အပေါ်လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာစိုးရိမ်


ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က လေကြောင်းအပါအဝင် ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းက စိုးရိမ် မကင်းသံတွေ

“ရနောင်းမြို့အနှိပ်ခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးများအားဖမ်းမိ”


၂၀၁၂ ဒီဇင်ဘာ ၃၀ထိုင်းမြန်မာနယ်စပ်
 ရနောင်မြို့တွင်းရှိသော  ဘန်ချဖိုင်ခေါ်
 အနှိပ်ခန်းတစ်ခု တွင်ရောင်းစားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့


အား ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းဆောင်

ဆီးရီးယားမှာ သေသူ ၆ သောင်း ရှိပြီပြော


၂ဝ၁၁ မတ်က ဆီးရီးယား အုံကြွမှုတွေ
စတင်ပြီး နောက် သေဆုံးသူ အနည်းဆုံး
 ၆ သောင်း လောက် ရှိနေပြီလို့ ကုလ
 သမဂ္ဂ က ပြောကြား လိုက်ပါပြီ။



ဒီပမာဏဟာ အတိုက်အခံ တွေ ဘက်က ခန့်မှန်း ထားတဲ့ ၄၅,ဝဝဝ လောက် ဆိုတာထက်ကို များနေပါတယ်။

၁၄နှစ်အရွယ် ကျောင်းသူအား အုပ်စုလိုက်မုဒိမ်ပြုကျင့်


ဘင်္ဂလားဒေ့ခ်ျနိုင်ငံဒက္ကားမြို့ အရှေ့မြောက်
ပိုင်း တင်းဂန်းမြို့ဒေသတွင် ၁၄နှစ်
အရွယ်ကျောင်းသူ တဦးအား အုပ်စု
လိုက်မုဒိမ်းပြုကျင့်မှု တခုဖြစ်ပွားခဲ့သည်။



ပြုကျင့်ခံရသည့် ကျောင်းသူBithi Akhter မှာ အသက် ၁၄နှစ်သာရှိပြီး သူမကို

အဓိကလမ်းမကြီးများ၌ အချက်ပြ အမှတ်အသားများအား ရေးဆွဲသွားမည်




မန္တလေးမြို့ပေါ်ရှိ အဓိက မိန်းလမ်းမကြီးများ၌ဆိုင်ကယ်မောင်းနှင်မှုများအား ဘယ်ဖက်ယာဉ်ကြောကို အသုံးမပြုပဲ ညာဖက်ယာဉ်ကြောမှသာ မောင်းနှင်ကြရန် လမ်းမများပေါ်တွင်အချက်ပြအမှတ်အသားများအား ရေးဆွဲ သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာရာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။

သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည် မဟုတ်ဟုဆို

သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည် မဟုတ်ဟုဆိုကေအိုင်အေ ဌာနချုပ် လိုင်ဇာကို တိုက်ခိုက် သိမ်းပိုက်မည် မဟုတ်ဟု သမ္မတ ကိုယ်တိုင် ပြောထားပြီးဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော သည်။
”လိုင်ဇာကို သိမ်းဖို့ မရှိပါဘူး။ သမ္မတကြီးက ကတိပေးပြီးသားပဲ။ သမ္မတကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ ကတိပဲ” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ လက်ရှိတွင်

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်

betapanBeta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု

rail way chinaတရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက် ကျတဲ့ ကွမ်ကျိုး (Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထား လမ်း ဖြစ်ပါတယ်။

တော်ဝင်သစ်ချောစက်ရုံက လုပ်သား ၁၇၀ ကျော်အား အမှုဖွင့်ထား


အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး



အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ တစ်ဖနီ ဟာ့တ်ဖို့ဒ် တို့သည် တစ်အိမ်တည်း အတူနေကြပြီး  ကလေးတစ်ယောက်ရရှိ လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်း ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။
တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

လဂျားယန်စခန်းတွင် စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါး အမြောက်အများသိမ်းဆည်းရမိခဲ့





 KIA ၏ လိုင်ဇာဌာနချုပ်ကို အကာအကွယ်ပေးစိုးမိုးထားသည့် လဂျားယန်စခန်းအား အစိုးရ တပ်များက သိမ်းပိုက်ခဲ့ရာတွင် စိတ်ကြွဆေးအပါအ၀င် မူးယစ်ဆေးဝါးအမြောက်အများ သိမ်းဆည်း

နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ ညစာစားပွဲအတွက် ပါတီဥက္ကဋ္ဌများကိုဖိတ်




သမ္မတက တည်ခင်းသော လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံး
အကြိမ်အဖြစ် နိုင်ငံရေးပါတီဥက္ကဋ္ဌများကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများမှ သတင်းရရှိသည်။

ရခိုင်ဘုရင့်နိုင်ငံတော်၏မြေမျက်နှာပြင်

Rakhaing Historical Journal


Ray lunn မှကူးယူဖော်ပြပါသည်။

ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ

Pnsr Booklet


nandarmyanmar မှ ကူးယူဖော်ပြပါသည်။

ရင်ခွင်ရို့ နားခိုဖို့ ရာနှင့် ပြိုကွဲသွားသော အိမ်မက်များ

Suffing Letter for You Now



yeyint မှကူးယူဖော်ပြပါသည်။

ရခိုင်လူမျိုး ရခိုင်းနိုင်ငံ အစဘ၀ နောက်ဆုံး နိန့် ဂုံး

coloni_rakhinewithcovers (1)


la porta မှကူးယူဖော်ပြပါသည်။

ရီခြားပြီခြား

ရီခြားမြီခြား



wataungtharchay မှ ကူးယူဖော်ပြပါသည်။

ရှေဟောင်ရခိုင်သမိုင်း သုတေသန ပညာရှင်ဦးစံသာအောင်

U San Thar Aung

lunnmyat မှကူးယူဖော်ပြပါသည်။

ဒေါက်တာ-အေးချမ်း ၏ ရခိုင်သမိုင်းနှင် ဘာသာရေးဆိုင်ရာ

Statement


mratngin မှကူးယူဖော်ပြပါသည်။

စာရေးဆရာ မောင်ဗသိန်းအကြောင်း( စစ်တွေ)

Mg Ba Thein


lunnmyat  မှကူယူဖော်ပြပါသည်။

ရခိုင် ကဗျာများ

Hot Drops of Snow


fassgroup arakan မှကူးယူဖော်ပြပါသည်။

ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို



Photo:
ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။

''အရင်တုန်းက Sanction ကြောင့်

ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ




အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာတို့တွင်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရမည်



သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်





Photo:  Eleven Media Group
ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံ
သို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်များနှင့် မြောက်ပိုင်းအဖွဲ့ အချက် ၃ ချက် သဘောတူ


မြန်မာပြည်ထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်တွေနဲ့ မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့တို့ ရန်ကုန်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၃ချက် သဘောတူခဲ့ကြပါတယ်။
မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့ဟာ ၁၉၉၂ ခုနှစ်တုန်းက မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်စခန်းမှာ သူလျှိုအဖြစ်စွပ်စွဲခံရပြီး အသက်သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး လွတ်မြောက်လာသူတွေဖြစ်ပါတယ်။ သူတို့တွေက ဒီအဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဂျပန် ဒုဝန်ကြီးချုပ် မြန်မာပြည်ခရီးစတင်


ဂျပန်နိုင်ငံရဲ့ ဒု-၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ တာရိုအာဆိုဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီနေ့ညနေပိုင်းမှာ လေကြောင်းနဲ့ ရောက်လာဖို့ရှိတယ်လို့ ဂျပန်သံရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရှင်ဇိုအဘေး အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဂျပန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် တဦးရဲ့ ခရီးစဉ်ဖြစ်ပါတယ်။
မစ္စတာ တာရိုအာဆို

ကေအိုင်အေအပေါ်ထိုးစစ် ယူအန်အက်ဖ်စီ ပြစ်တင်ရှုတ်ချ

အစိုးရက ဒီဇင်ဘာလကုန်ပိုင်းမှာ ကေအိုင်အိုတပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က  အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နှစ်ဘက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ သဘောတူညီကြပြီးကာမှ မတွေ့နိုင်သေးဘဲ ကြားကာလမှာ ဇန်န၀ါရီ ၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ