ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

၈၈ မျိုးဆက်ကျောင်းသား ၁၅ ဦး ငြိမ်းချမ်ရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များအား လေ့လာရန် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်


၈၈ မျိုးဆက်ကျောင်းသား ၁၅ ဦး ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များအား လေ့လာရန် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ပြောပြချက်အရ သိရပါသည်။                  
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ''ကျွန်တော်တို့အနေနဲ့ အကျဉ်းထောင်က လွတ်လာပြီးကတည်းက ပြည်တွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ တော်တော်များများ
လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေးကိစ္စဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပြီး ကောင်းမွန်အောင် ကြိုးစားနေချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံရရှိရေး ပြည်ပက ဖိတ်ခေါ်တဲ့ ခရီးစဉ်တွေအတွက် စတင်ပြင်ဆင်နေပါတယ်။ ဒါကြောင့် လာမယ့် ၁၄ ရက်နေ့မှာ Center for Peace and Conflict Studies ဆိုတဲ့ အဖွဲ့အစည်းရဲ့ စီစဉ်ပေးမှုနဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားဖို့ရှိပါတယ်'' ဟု ပြောပြခဲ့ပါသည်။                                     
''ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်မှာ ဆောင်ရွက်ခဲ့တဲ့ ပုံသဏ္ဍန်တွေ ရလဒ်တွေကို လေ့လာပြီး ကျွန်တော်တို့အနေနဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေမှာ ဘယ်လိုအထောက်အကူဖြစ်အောင် ဆောင်ရွက်နိုင်မလဲဆိုတာ အတွက်ပါ'' ဟု ကိုပြုံးချိုက ဆက်လက်ပြောကြားခဲ့ပါသည်။                          
အဆိုပါခရီးစဉ်အား ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၅ ဦးသွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ 



eleven

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ