ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်





Photo:  Eleven Media Group
ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံ
သို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ဂျပန်မှဟတ်တာ ၂၄၀၀ အတွင်း အကောင်အထည်ဖော်မည့် သီလ၀ါ
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်တည်ထောင်မည်ဖြစ်ပြီး ပထမ
အဆင့်အနေဖြင့် ဟတ်တာ ၄၅၀ ကို စတင်အကောင်အထည်ဖော်ရန်
အတွက် သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ထောက်ပံ့ရန်စီစဉ်ထားကြောင်းအဆိုပါသတင်းတွင် ဖော်ပြ
ထားပါသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ရန် ကိုရီးယား၊ ထိုင်းအပါအ၀င်
နိုင်ငံတကာမှ ရင်းနှီးတည်ဆောက်သူ Developer များ လာရောက်လေ့လာ
ဆွေးနွေးလျက်ရှိသော်လည်း ပထမအဆင့် ဟက်တာ ၄၅၀ ကိုမူ ဂျပန်နှင့်
မြန်မာကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် စတင်အကောင်အထည်
ဖော်ရာတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ မှ ၄၅၀၀၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၁၃ ခုနှစ် ပထမလေးလပတ်
အတွင်း စတင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၅၀ MVA အထိ လိုအပ်ချက်
ရှိမည်ဖြစ်ကြောင်း သိရသည်။

“အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက်ဆို လုပ်သားအင်အား ၂၃၀၀၀၀ အထိ ရနိုင်မှာပါ။ ပထမဆင့် အကောင်အထည်ဖော်မယ့် လုပ်ငန်းအတွက်ကတော့ လုပ်သားအင်အား ၄၅၀၀၀ အထိ အလုပ်အကိုင် ရရှိလာမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်မည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ
အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။


Photo:  Eleven Media Group




From : Myanmar Online News
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ