ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

ကေအိုင်အေအပေါ်ထိုးစစ် ယူအန်အက်ဖ်စီ ပြစ်တင်ရှုတ်ချ

အစိုးရက ဒီဇင်ဘာလကုန်ပိုင်းမှာ ကေအိုင်အိုတပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က  အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နှစ်ဘက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ သဘောတူညီကြပြီးကာမှ မတွေ့နိုင်သေးဘဲ ကြားကာလမှာ ဇန်န၀ါရီ ၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့တုန်းက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင် ဦးအောင်မင်းဟာ ကေအိုင်အိုကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့သလို၊ နိုဝင်ဘာ ၉ ရက်နေ့က ယူအန်အက်ဖ်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံပွဲတွေမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသွားဖို့ သဘောတူခဲ့တဲ့အကြောင်းနဲ့ ဒီလိုသဘောတူချက်ရှိလျက်နဲ့ အခုလို အပြင်းအထန် ထိုးစစ်ဆင်တာဟာ အပြောတမျိုးအလုပ်တမျိုး မရိုးသားတဲ့လုပ်ရပ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ယူအန်အက်ဖ်စီ တပ်ပေါင်းစုမှာ အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး တပ်ပေါင်းစုဝင်တဖွဲ့ဖွဲ့ကို ထိုးစစ်ဆင်တာဟာ အားလုံးကို ချေမှုန်းဖို့ ဦးတည်နေတယ်လို့ နားလည်ပေမယ့် ရထားပြီးသား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဖြေရှင်းရေးသဘောတူညီချက်ကို မပျက်စေလိုတဲ့အတွက် စိတ်ရှည်လက်ရှည် ထိန်းသိမ်းလုပ်ဆောင်နေတာလို့ ကြေညာချက်က ဆိုပါတယ်။
ယူအန်အက်ဖ်စီရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ခွန်ဥက္ကာဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကေအိုင်အိုဌာနချုပ် လိုင်ဇာကိုသွားရောက်ပြီး ၂၀၁၃ ခုနှစ်အတွက် အစီအစဉ်တွေကို တိုင်ပင်ခဲ့တယ်လို့ မနေ့က ဒီဗွီဘီကို ပြောပါတယ်။
ထိုးစစ်ဆင်နွှဲတိုက်ခိုက်မှုကို အလျင်အမြန်ရပ်တန့်ပေးဖို့နဲ့ ဆက်လက် ထိုးစစ်ဆင်နေမယ်ဆိုရင် နောက်နောင်ဖြစ်လာမယ့် ဆိုးကျိုးအားလုံးဟာ အာဏာရအစိုးရနဲ့ ဗမာ့တပ်မတော်ရဲ့တာဝန်ပဲဖြစ်လိမ့်မယ်လို့ အများသိအောင် ထုတ်ပြန်ကြေညာထားပါတယ်။
၂၀၁၂ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဗမာ့တပ်မတော်က လိုင်ဇာမြို့ကို ကာရံထားတဲ့ လဂျားယန်နဲ့ နာမ်ဆန်ယန်ရွာအနီးက ကေအိုင်အေတပ်စခန်းတွေကို ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်တွေ၊ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်တွေနဲ့ ရက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာ့တပ်မတော်ကို ထိုးစစ်မဆင်ဖို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ညွှန်ကြားခဲ့ပါတယ်။ ကေအိုင်အိုနဲ့ အစိုးရအကြား တွေ့ဆုံပွဲတွေကလည်း ထူးခြားတိုးတက်မှုမရှိသေးပါဘူး။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ