ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 November 2012

အချစ်အကြောင်း တစ်စေ့တစ်စောင်း

ယနေ့ဒေ၀ါလီနေ့အလုပ်ပိတ်ရက်ဖြစ်၍ ဟိုနားဒီနားသတင်းများကို
လျှောက်ဖတ်နေမိ၏ ။ ထိုအချိန်တွင် ကျွန်ုပ်နှင့်ခင်မင်ရင်းနှီးကြသော မိတ်ဆွေ
တစ်ဦး၊အကျိုးအကြောင်းအဆိုးအကြောင်း ပွင့်လင်းစွာပြောဆိုနေသူတစ်ဦးက
သူ၏အိမ်ထောင်ရေးအဆင်မပြေမှု၊အကျပ်ကိုင်မှုတွေ ရှိနေကြောင်း
ရင်ဖွင့်လာ၍ ကျွန်ုပ်မှာလွန်စွာစိတ်မကောင်းဖြစ်မိပါ၏ ။ သူ့အပေါ်သနားစိတ်နှင့်
ကိုယ်ချင်းစာစိတ်များလည်း တစ်ဖွဖွဖြစ်ပေါ်လာတော့၏ ။ သို့ဖြစ်၍ ကျွန်ုပ်ဖတ်ဖူး
မှတ်ဖူးသလောက် အကြောင်းအရာအချို့နှင့်
ကျွန်ုပ်၏ကိုယ်ပိုင်အတွေးအခေါ်
အချို့ကိုပေါင်းစပ်၍ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းပင်ဖြစ်၏ ။
အချစ်မှာ(၃)မျိုးရှိသည်ကိုတွေ့ရ၏ ။
(၁) ၅၂၈ ဟုခေါ်သော (ဂေဟသိတပေမ) မေတ္တာချစ်
(၂) ၁၅၀၀ ဟုခေါ်သော (တဏှာပေမ) သမီးရည်းစား၊လင်မယားအချစ်
(၃) တစ်ဦးကိုတစ်ဦးကုသိုလ်ပြုသော (မေတ္တာပေမ) ပါရမီချစ် တို့ပင်ဖြစ်၏ ။
ဤသို့ အချစ်သုံးမျိုးရှိသော်ငြားလည်း ပါရမီချစ်မှာ ၅၂၈ တွင်ပါဝင်နေသဖြင့်
အကျဉ်းအားဖြင့် ၅၂၈ နှင့် ၁၅၀၀ ဟူ၍ နှစ်မျိုးသာလျှင် မှတ်ယူရပေမည်။
(၁) ၅၂၈ ဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း မိသားစုအချစ်၊
ဆရာတပည့်အချစ်၊မိတ်ဆွေသူငယ်ချင်းအချစ်၊ဘုန်းကြီးနှင့်တကာအချစ်တို့
ပင်ဖြစ်ကြ၏ ။ သာမာန်အားဖြင့် ၅၂၈ ကို အဖြူရောင်မေတ္တာဟု ခေါ်ဆိုကြ
သော်လည်း အသေအချာသုံးသပ်ကြည့်ပါက အကန့်အသတ်မထားပါလျှင်
ဟိုမရောက်ဒီမရောက်အချစ် ဖြစ်နေတတ်၏ ။ ဤအကြောင်းကို စာဖတ်သူ
များသဘောပေါက်စေဖို့ ဦးစွာရှင်းပြပါမည်။
ဤ ၅၂၈ တွင် ဖိုမလိင်သဘာဝချင်းတူနေပါက အထူးပြောစရာမရှိသော်လည်း
ဖိုမသဘာဝကွဲပြားနေပါက တဏှာအငွေ့အသက်ပါဝင်နေတတ်၏ ။
ဥပမာ ။ ။ ၅၂၈ ဟုခေါ်သော မိသားစုအကြောင်းအရာတစ်ခုကို သုံးသပ်ကြပါစို့။
မိသားစုတစ်ခုတွင် သမီးဖြစ်သူတစ်ယောက် လင်နောက်လိုက်သွားပါက
မိခင်ဖြစ်သူ၊အဒေါ်ဖြစ်သူ၊အစ်မညီမဖြစ်သူတို့မှာပြောပြလောက်အောင်
ဒေါသမဖြစ်ကြသော်လည်း လိင်သဘာဝချင်းမတူသည့် ဖခင်ဖြစ်သူ၊ဦးလေးဖြစ်သူ၊
အစ်ကိုမောင်ဖြစ်သူတို့မှာ မခံမရပ်နှိုင်ဘဲ လူသတ်မှုအထိကျူးလွန်တတ်ကြ၏ ။
ယေဘုယျအားဖြင့်ကြည့်လျှင် ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီးဆိုသည့်စကား
အတိုင်း သားသမီးများအရွယ်ရောက်လာပါက သမီးဆိုလျှင်သမက်ရမည်။
သားဆိုလျှင်ချွေးမရမည်။ကံအကြောင်းတရားအရ ဆင်းရဲသားနှင့်ရချင်ရမည်၊
ချမ်းသူနှင့်ရချင်ရမည်၊ပညာတတ်နှင့်ရချင်ရမည်၊ပညာမဲ့နှင့်ရချင်ရမည်
ဤသည်ကား သဘာဝအကြောင်းတရားတစ်ခုပင်ဖြစ်၏ ။ မြတ်စွာဘုရားဟော
ကြားထားသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ - ပဋိစ္စ(အကြောင်းကြောင့်)
သမုပါဒ်(အကျိုးဖြစ်) ဖြစ်ခြင်းဟုမှတ်ယူရပေမည်။တစ်နည်းအားဖြင့် အတိတ်ကံ
အကြောင်းတရားပင်ဖြစ်၏ ။ ဤအကြောင်းတရားကို ဆန့်ကျင်နေကြခြင်းမှာ
၅၂၈ လည်းမဟုတ် ၁၅၀၀ လည်းမဟုတ်သော (ဟိုမရောက်ဒီမရောက်အချစ်)
မေတ္တာချစ်တွင် တဏှာအငွေ့အသက်ပါဝင်နေ၍ဖြစ်သည်။သို့ဖြစ်၍ မေတ္တာချစ်
ကို တဏှာအငွေ့အသက်မပါစေရန် အထူးဂရုပြုရပေမည်။
(၂) ၁၅၀၀ အချစ်မှာ သမီးရည်းစားအချစ်၊လင်မယားအချစ်ပင်ဖြစ်၏ ။
သို့သော် ၁၅၀၀ အချစ်မှာ (ကိလေသာ)ပူလောင်စေတတ်သော သဘောရှိ၍
မေတ္တာချစ်နှင့်ပေါင်းစပ်ဖို့ အရေးကြီးပေသည်။
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် ဟုခေါ်သော အာရုံ(၆)ပါးတို့သည်
စက္ကန့်မလပ် တစ်ရစပ်ပျက်စီးနေသောကြောင်း ဤ(၆)ပါးကို အကြောင်းပြု၍ ချစ်နေပါက ထိုအချစ်မှာ ကြာရှည်မခံဘဲ ပျက်စီးခြင်းသို့ရောက်ပေလိမ့်မည်။
ဥပမာ - တစ်စုံတစ်ယောက်ကို လှလို့ချစ်နေသည်ဆိုပါက အလှကုန်လျှင်
အချစ်လည်းကုန်တော့မည်ဖြစ်သည်။သို့ဖြစ်၍ ၁၅၀၀ အချစ်တွင်တွင်လည်း
၅၂၈ ပါဝင်ဖို့ လွန်စွာအရေးကြီးကြောင်း အထက်၌ဆိုခဲ့ခြင်းဖြစ်သည်။
စာဖတ်သူတို့၏ ပတ်ဝန်းကျင်၌ သက်ကြီးရွယ်ကြီး အဖိုးအဖွား ဇနီးမောင်နှံ
တို့ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာနှင့် ပြုစုယုယနေကြသည်ကို မြင်ဖူးကြပါ
လိမ့်မည်။သူတို့မှာ ၁၅၀၀ ဟုခေါ်သော (တဏှာပေမအချစ်) ကုန်ခမ်းနေပြီဖြစ်၏ ။
၅၂၈ (မေတ္တာချစ်)သို့ ကူးပြောင်းလာ၍သာ ထိုသို့ပြုစုယုယနေခြင်းပင်ဖြစ်သည်။
အချစ်ဟူသောစကားလုံးသည် အ နှင့် ချစ် စာလုံးနှစ်လုံးသာ ပေါင်းစပ်ထား
သော်လည်း သူ၏နောက်ကွယ်တွင် လွန်စွာမှခက်ခဲနက်နဲသော နားလည်ရခက်
်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ မကုန်နှိုင်မခမ်းနှိုင်အောင် များပြားလှ၏ ။
ယနေ့အထိ မဟာ့မဟာအတွေးအခေါ်ပညာရှင်များကလည်း အချစ်အကြောင်း
ကို တိတကျကျ အဓိပ္ပါယ်မဖွင့်ဆိုနှိုင်သေးသလို နောင်လည်းဖွင့်ဆိုနှိုင်ကြမည်
မဟုတ်ပေ။အကြောင်းမှာ အချစ်သည် လွန်စွာသိမ်မွေ့၏ ၊ တစ်ကျပ်ပေး၍
တစ်ကျပ်ရမည်ဟုလည်း ပုံသေကားချပ်မရှိပေ။
တစ်ဦးနှင့်တစ်ဦး အပေးအယူညီမျှသည်လည်းရှိမည်၊တစ်ဦးကတစ်ကျပ်ပေး၍
နောက်တစ်ဦးက ငါးမူးဘဲပြန်ရချင်ရမည်။တစ်ဦးကတစ်ကျပ်ပေးပါသော်လည်း
နောက်တစ်ဦးက ဘာမှပြန်မရဘဲ (တစ်ဖက်သတ်အချစ်)ဖြစ်ချင်ဖြစ်နေတတ်
သည်။မည်သို့ပင်ဆိုစေကာမူ အချစ်၏သဘောတရားအရ ကိုယ်ကဘာမှမပေးဘဲ
အချောင်လိုချင်လို့တော့မရနှိုင်ပေ။အရာရာ၌ ထိုက်တန်သောအရင်းအနှီးစိုက်
ထုတ်ရမြဲဖြစ်သည်။
မိမိကသူတစ်ပါးအပေါ် စွန့်လွှတ်အနစ်နာခံခြင်း၊နားလည်ခွင့်လွှတ်ခြင်း၊
သနားကြင်နာခြင်း၊ပြုစုယုယခြင်းအစရှိသည့် အရင်းအနှီးမစိုက်ထုတ်ပါက
တစ်ပါးသူ၏ ခန္ဓာကို ရကောင်းရနှိုင်သော်လည်း သူ၏အချစ်ကိုကား မည်သို့
မျှမရနှိုင်ပေ။အကြောင်းမှာ...ချစ်ခြင်းမေတ္တာတရားသည် ရောင်းကုန်ပစ္စည်း
တစ်ခုမဟုတ်သလို၊အကြမ်းနည်းဖြင့်သိမ်းပိုက်ရယူနှိုင်သော အရာလည်း
မဟုတ်ပေ။ အလျှားအနံမရှိသော်လည်း အသွားအပြန်ရှိသည်ဆိုသောစကား
အတိုင်း သင့်တင့်သောအပေးအယူရှိရပေမည်။
အနှစ်ချုပ်ပြောချင်သည်မှာ သမီးရည်းစားအချစ်သော်လည်းကောင်း၊
လင်မယားအချစ်သော်လည်းကောင်း ၁၅၀၀ (တဏှာပေမအချစ်) တစ်ခုတည်း
ကိုသာအခြေခံမည်ဆိုပါက မကြာခင်ပြိုကွဲပျက်စီးရမည်သာဖြစ်၏ ။
သို့ဖြစ်၍ ၁၅၀၀ အချစ်တွင်လည်း ၅၂၈ ဟုခေါ်သော မေတ္တာချစ်ကို ပေါင်းစပ်
ဖို့အရေးကြီးပါကြောင်းတင်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါ၏ ။

ဘ၀ခရီးတစ်လျှောက်လုံး မိမိချစ်သူခင်သူနှင့်
ထာဝရ ချစ်ချစ်ခင်ခင်လက်တွဲနှိုင်ကြပါစေ...

စံအောင်မြင့်

ခေတ္တ / မလေးရှား
၁၃.၁၁.၂၀၁၂

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ