ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 January 2013

english - myanmar - english Dictionary (wxPyDict)

english - myanmar , myanmar-english dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် . ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် . ကျွန်တော်ကတော့ သဘောကျပါတယ် . စာဖတ်ပရိတ်သတ်များ အဆင်ပြေမယ် ထင်လို့ တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ . ကဲ အောက်မှာ download လုပ်ယူလိုက်ပါ .

Download ifile.it | Download mediafire | Download ziddu | Download zshare




အဖြူရောင်လေးမှ

မလေးတွင် ရခိုင်(၃) ဦး အသတ်ခံရပြီးနောက် ရခိုင်တချို့ နေရပ်ပြန်


သတ်ဖြတ်ခံခဲ့ရသော ရခိုင် တစ်ဦး၏ အလောင်းကို တွေ့ရစဉ်။ မလေးရှားနိုင်ငံ Alor Setar ခရိုင်တွင်
ရခိုင် အလုပ်သမား (၃) ဦး အသတ်ခံ
ရပြီးနောက်ပိုင်း အဆိုပါ ဒေသတွင်
အလုပ် လုပ်ကိုင်နေသော ရခိုင်အမျိုး


သား တချို့ မိမိ နေရပ် ဒေသသို့ပြန်သွားကြသည်ဟု မလေးရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုမောင်သန်းနိုင်က ပြောသည်။

ကချင်မှာ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို


မြန်မာစစ်တပ်က ကချင်ပြည်နယ်မှာ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း
ကချင်ပြည်နယ်ကို အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ကုလသမဂ္ဂအကြီးအကဲက လေးလေးနက်နက် မှတ်တမ်းယူနေတယ်လို့ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ မာတင် နပ်စ်ရှီကီ (Martin Nesirky)  က ပြောပါတယ်။

ရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကေအန်ယူတက်မည်


ဇန်န၀ါရီလ ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲကို မကြာခင်က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးယူထားတဲ့ ကရင်အမျိုးသားအစည်းအရုံးက တက်ရောက်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်အရ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မယ်လို့ ပဒိုစောသမိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ကချင်တိုက်ပွဲကြောင့် ချင်းပါတီ လွတ်လပ်ရေးညစာစားပွဲ တက်မည်မဟုတ်


လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။
ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်
လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က

လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်း အစိုးရ နေရပ်ရင်း ပြန်ပို့မည်

၂၀၁၃၊ ဇန်နဝါရီလ ၁ ရက်နေ့က ထိုင်းအစိုးရက ဖမ်းဆီးထားသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ရုပ်ရှင်လောက ဒီဂျစ်တယ်စနစ် ပြောင်းမည်


နိုင်ငံတကာမှာ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဖလင်နဲ့ ရိုက်ကူးပြသတဲ့ စနစ်အစား ဒီဂျစ်တယ်စနစ်နဲ့ ရိုက်ကူးပြသနိုင်ရေး စတင်ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

ကော့သောင်းတွင် ထိုင်းဘက်တရားမ၀င်ထွက်မည့်သူ ၈၀ ကျော် ဖမ်းဆီး


တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ တဖက် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ထွက်ခွာမယ့် လှေတစီးပေါ်က လူ ၈၅ ဦးကို မနေ့ညက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ခိုးထွက်မယ့်လှေဟာ ကမ်းစပ်မှာ ပုန်းကွယ်နေတာဖြစ်ပြီး သတင်းအရ ရဲက သွားရောက်ဖမ်းဆီးတဲ့အခါ လှေပေါ်မှာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၈၅ ဦးကို ဖမ်ဆီးရမိလိုက်တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ကော့သောင်းမြို့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထက်အောင်က “ခိုးထွက်တဲ့လှေက ရနောင်းကမ်းမှာလည်း ဖမ်းတယ်ကြားလို့ မကူးရဲဘဲနဲ့ ၃ မိုင် ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်အောက်က ချိုင့်ထဲမှာ လူတွေကို မိလိုက်တာပေါ့ဗျာ။ ယောက်ျားလေးက ၆၄ ယောက်၊ မိန်းကလေးက ၈ ယောက်၊ ကျား-မ ကလေးငယ် ၁၃ ယောက်နဲ့ ပေါင်း ၈၅ ယောက်လေ။ ည ၁၁ နာရီလောက်က ဖမ်းမိတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို

ငလျင်သင့်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲအတွက် မန္တလေးက လူငယ်သတင်းသမားတွေ အမျိုးသားကဇာတ်ရုံမှာ ဇာတ်တိုက်နေကြပါတယ်။
ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊ သတင်းများ ဦးစီးကျင်းပတာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်း မန္တလေးအမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ Peace Center တွင် ဒီနေ့ မနက် ၉ နာရီက ကျင်းပ  ပြုလုပ်။
View Photo Album


DVB

မိုးထိမိုးမိခေါင်းဆောင် ၄ ဦး ထောင်ဒဏ် ၆ လ စီရင်ခံရ


နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားခေါင်းဆောင် ၄ ယောက်ကို ဒီနေ့ မနက်မှာ ရေတာရှည်မြို့နယ် တရားရုံးက ထောင် ၆ လစီနဲ့ ဒဏ်ငွေ ၁ သောင်းစီ ကျခံစေဖို့ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
တရားစီရင်ခံရတဲ့ ရွှေလုပ်သား ဦးရဲရင့်အောင်ရဲ့ဇနီး ဒေါ်အိမွန်ကျော်က “၁၈ (ပုဒ်မ) အတွက်ကတော့ သူတို့က တယောက်ကို ၁ သောင်း၊ ၄ ယောက်ကို ၄ သောင်းနဲ့ ပြီးသွားတယ်။   ၅၀၅ (ခ) (ပုဒ်မ) ကိုတော့ သူတို့က ၆ လဆိုပြီး ချလိုက်တယ်” လို့ ပြောပါတယ်။

အဓိကရုဏ်းအတွင်း ကုလားရန်ကိုကြောက်၍ ထွက်ပြေးလာကြသော စက်ရုံမော်ကျေးရွာသားများ နေရပ်မပြန်နိုင်သေး



များမကြာမီမှ ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ကုလားရန်ကိုကြောက်၍ ထွက်ပြေးတိမ်း ရှောင်လာကြသော မင်းပြားမြို့နယ်၊ စက်ရုံမော်ကျေးရွာသားများမှာ အဓိကရုဏ်းဖြစ်ပြီး သုံးလခန့်ကြာလာသော်လည်း ယခုချိန်ထိ မိမိနေရပ်သို့မပြန်ရဲဘဲရှိနေကြကြောင်း သတင်းရရှိသည်။
MB 1
စက်ရုံမော်ကျေးရွာမှ ဒေသခံရခိုင်တိုင်းရင်းသားများ ကုလားရန်ကိုကြေက်၍ သည်ကံကျေးရွာတွင် ဒုက္ခသည်အဖြစ်နဲ့ ခိုလုံနေရစဉ်

အိမ်ပေါ်တက် ဓားထောက် လုယက်မှု အကြိမ်ကြိမ်ဖြစ်နေ


ရှမ်းပြည်နယ် အောင်ပန်းမြို့ ၊မြို့လယ်ပိုင်း
တွင် ပြီးခဲ့သည့် ၂ လအတွင်း အိမ်ပေါ်တက်၊ 
ဓားထောက် ၊ငွေတောင်း ၊ လုယက်မှုများ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းမြို့ခံ
များက ပြောသည်။ 


ဓားထောက် အိမ်ပေါ်တက် ငွေတောင်းခံမှု၊ ဖောက်ထွင်းမှုများသည် သီးနှံကုန်စည် ကူးသန်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည့် ညောင်ပင်ထောင်ရပ်ကွက်တွင်ရက်ခြားဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများကပြောသည်။ 

အာဆီယံ အတွင်းရေးမှူးချုပ် အသစ် ခန့်အပ်





အရှေ့တောင် အာရှနိုင်ငံများအသင်း - အာဆီယံရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Surin Pitsuwan နေရာမှာ ဗီယက်နမ်နိုင်ငံက Le Luong Minh က ဒီကနေ့ကစပြီး တရားဝင် တာဝန် လွဲပြောင်းရယူလိုက်ပြီ ဖြစ်ပါတယ်။

ထိုးစစ် မရပ်ပါက နောက်ဆက် ဆိုးကျိုး အားလုံး အာဏာရ အစိုးရနှင့် တပ်မတော် တာဝန်သာဖြစ်


ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ
 ကြည်းတပ်၊ လေတပ် အင်အား (၂) ရပ်သုံး၍
 ပြင်းထန်သည့် ထိုးစစ် ဆင်နေခြင်းအပေါ်
တိုင်းရင်းသား (၁၁) ဖွဲ့ ပါဝင်သည့်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကန့်ကွက် ရှုံ့ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။

၂၀၁၂ ခုနှစ် အတွင်း သတင်းထောက် ၂၅ ဦး တောင်အာရှတွင် အသတ်ခံရ


ဘင်္ဂလာဒေခ်ျ့က အသတ်ခံခဲ့ရတဲ့ ရုပ်သံ သတင်းထောက် Sargor နဲ့ Runi - သားဖြစ်သူကတော့ တစ်ခြားကို ရောက်နေတဲ့ အတွက် အသက်ချမ်းသာရာ ရခဲ့ပါတယ်။နိုင်ငံ (၈) ခု ပါဝင်တဲ့ တောင်အာရှ
 နိုင်ငံတွေ အတွင်း ၂၀၁၂ ခုနှစ်မှာ
သတင်းထောက် ၂၅ ဦးထိ အသတ်ခံခဲ့
ရတယ်လို့ ဆိုပါတယ်။


အင်္ဂါနေ့က ထုတ်ပြန်တဲ့ South Asia Media Monitoring Report အရ သတင်းထောက်တွေ အများဆုံး အသတ်ခံခဲ့ရတဲ့ တိုင်းပြည်ကတော့ ပါကိစ္စတန် ဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်းမှာ ၁၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ