ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 January 2013

ကော့သောင်းတွင် ထိုင်းဘက်တရားမ၀င်ထွက်မည့်သူ ၈၀ ကျော် ဖမ်းဆီး


တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ တဖက် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ထွက်ခွာမယ့် လှေတစီးပေါ်က လူ ၈၅ ဦးကို မနေ့ညက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ခိုးထွက်မယ့်လှေဟာ ကမ်းစပ်မှာ ပုန်းကွယ်နေတာဖြစ်ပြီး သတင်းအရ ရဲက သွားရောက်ဖမ်းဆီးတဲ့အခါ လှေပေါ်မှာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၈၅ ဦးကို ဖမ်ဆီးရမိလိုက်တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ကော့သောင်းမြို့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထက်အောင်က “ခိုးထွက်တဲ့လှေက ရနောင်းကမ်းမှာလည်း ဖမ်းတယ်ကြားလို့ မကူးရဲဘဲနဲ့ ၃ မိုင် ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်အောက်က ချိုင့်ထဲမှာ လူတွေကို မိလိုက်တာပေါ့ဗျာ။ ယောက်ျားလေးက ၆၄ ယောက်၊ မိန်းကလေးက ၈ ယောက်၊ ကျား-မ ကလေးငယ် ၁၃ ယောက်နဲ့ ပေါင်း ၈၅ ယောက်လေ။ ည ၁၁ နာရီလောက်က ဖမ်းမိတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို
ဆေးရုံအဟောင်းမှာ ထားရှိတယ်လို့ ဆိုပါတယ်။ အဲဒီဆေးရုံဟာ တဖက်နိုင်ငံကို တရားမ၀င်ခိုးထွက်တဲ့လူတွေကို ဖမ်းဆီးမိတဲ့အခါ ထားရှိ ထိန်းသိမ်းလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုမှာ လူပွဲစားတွေ၊ လူကယ်ရီတွေ ဖမ်းဆီးရမိခြင်းရှိ မရှိ၊ အာဏာပိုင်တွေ ပတ်သက်မှု ရှိမရှိမေးမြန်းဖို့ ကော့သောင်းရဲစခန်းကို ဆက်သွယ်တဲ့အခါ တယ်လီဖုန်းလိုင်းမကောင်းဘူးဆိုပြီး ဖုန်းချသွားတာကြောင့်  မေးခွင့်မရသေးပါဘူး။
မနေ့ညကလည်း ကော့သောင်းမြို့ လူထုအကြားမှာ ဒီလူတွေကို ဖမ်းဆီးတဲ့ သတင်းထွက်သလို တဖက်ထိုင်းနိုင်ငံမှာ ဖမ်းခံထားထိထားတဲ့ ရိုဟင်ဂျာ ၇၀ ကျော်ကို ကော့သောင်းကို ပို့မယ်လို့ ကြားသိရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် သတင်းတွေအရ တဖက်ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ ရိုဟင်ဂျာ ၇၃ ဦးဟာ မလေးရှားနိုင်ငံကို လှေနဲ့အသွား လမ်းမှာအခက်အခဲဖြစ်နေစဉ် နှစ်ဆန်း ၁ ရက်နေ့က ဖူးခက်ခရိုင်ရဲက ဖမ်းဆီးစစ်ဆေးပြီး လာရင်းနိုင်ငံကို ပြန်ပို့မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ နောက်ဆုံး ဒီမနက်ရရှိတဲ့ သတင်းအရ ဒီ ၇၃ ဦးကို ဖူးကက်ကနေ ရနောင်းကို ပို့ဆောင်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို နယ်စပ်က တရားမ၀င် ၀င်ရောက်ပြီး ရော်ဘာခြံ၊ ဆောက်လုပ်ရေး၊ အိမ်အကူ အလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ