ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

28 October 2012

တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (TSLA) နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော်

(SSA) တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက် ခဲ့ကြောင်း တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။

"ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ ဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာ ရတယ်လို့ မိုင်းဝီးဆေးရုံမှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသား တွေက ကျနော်တို့ကို ပြောပါတယ်" ဟု ဆိုပါသည်။

တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်း တို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် မန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နဲ့ နမ်းခမ်းမြို့နယ်ထဲ ဒေသ ထဲတွင် တပ်ရင်း (၁၀) ရင်း ထက်မနဲ လှုပ်ရှား နေပါသည်။ ဗျူဟာမှူးများမှာ မန်ဆန်း၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေစိုက် ကြပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသည် ပြီးခဲ့သည် အောက်တိုဘာ (၂၃) ရက်နေ့တွင် မန်တုံမြို့၌ လာရောက် ညွှန်ကြား ခဲ့ကြပါသည်။

ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်း ထားသည့် အစိုးရ တပ်ဖွဲ့တို့နှင့် သာပန်းကုန်း-ရှောက်ပန်းကုန်း ကျေးရွာ အနီးတွင် တပ်ပေါင်းစု တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ဤအချိန်မှ စပြီး အစိုးရ၏ စစ်ဆင်ရေးသည် ပိုမို တိုးမြှင့် လှုပ်ရှား လာခဲ့ပါသည်။ ပန်ဆေး ဒေသ တည်နေရာသည် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသည့် ဒေသဖြစ်ပြီး၊ မြောက်ဖက်ခြမ်းတွင် အစိုးရ အားပေး ထားသော ဘိန်းခြံ စိုက်ပျိုးရေးများ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် နေသော ဒေသဖြစ်သည်ဟု ဆိုပါသည်။

ယမာန်နေ့ တိုက်ပွဲကြောင့် ထိုနေ့ ညနေပိုင်း၌ ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လှိုင်း လမ်းမကြီး တလျှောက်တွင် အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ နေရာ ယူထားကြောင်းနှင့် တိုင်းရင်းသား တပ်ပေါင်းစု ဘက်မှလည်း အင်အားများ ဆက်လက် ဖြည့်တင်း ထားကြောင်း ဆိုပါသည်။

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ရှေတန်း တပ်ဖွဲ့ *အင်တာနက်* ကွတ်ခိုင်နှင့် နမ့်ခမ်း နယ်ထဲ၌ ကေအိုင်အေ တပ်မဟာ (၄) တပ်ဖွဲ့များ ရှိပြီး တအာင် (ပလောင်) ပြည် လွတ်မြောက် ရေး တပ်မတော်မှ တပ်ရင်း (၄) ရင်း ရှိပါသည်။ ၄င်းတို့သည် (၁၁၂) ကွတ်ခိုင်ဒေသ၊ (၂၅၆) က နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသ၊ (၄၇၈) နမ့်ခမ်း နယ်ထဲ၌ လှုပ်ရှားနေပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ၏ နမ့်မဂွင် တပ်ဖွဲ့များနှင့် ပူးပေါင်း လှုပ်ရှား ကြပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIO)၊ တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် တို့သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြပါသည်။

ရှမ်းပြည် တိုးတက်ရေး တပ်မတော်သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ရာဇသံ အကြိမ်ကြိမ် အပေးခံရသော အဖွဲ့ဖြစ်ပါသည်။

အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည် စက်တင်ဘာ (၆) ရက်နေ့တွင် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံတိုင်းသို့ ရောက်ရှိပြီး၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ဒုဥက္ကဌနှင့် တွေ့ဆုံ ခဲ့ပါသည်။

ဤတွေ့ဆုံပွဲ၌ တပ်ချုပ်သည် ၀တပ်ဖွဲ့ အနေဖြင့် ကချင်နဲ့ ပလောင် တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု မပြုရန် တိုက်တွန်း သွားခဲ့သည်ဟု နီးစပ်သူ တဦးက ဆိုပါသည်။

http://www.mwdmedia.net/2012/10/uwsa-ndaa.html အစိုးရမှ မည်သို့ပင် တိုက်တွန်း နေစေကာမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာရဲသဖြင့် တိုင်းရင်းသား အဖွဲ့များ သည် အပစ်ပင် ရပ်စဲထား သော်လည်း အစိုးရအား သံသယဖြစ်နေခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရ တိုက်တွန်း နေမှုသည် အချည်းနှီးသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။

အလားတူစွာပင် UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်သော အဖွဲ့ (၆)ဖွဲ့နှင့် အပစ် မရပ်ရသေးသော အဖွဲ့ (၅) ဖွဲ့ ဟူ၍ ရှိပါသည်။ အထက်ပါ သံသယကြောင့် အပစ်မရပ်ရသေးသော အဖွဲ့များသည် နယ်မြေ အနေအထား အရ ဆက်စပ်မှု ရှိသော ဒေသ၌ တပ်ပေါင်းစုအသွင် ပူးပေါင်း စစ်ဆင်ရေးများ လှုပ်ရှားနေသလို အပစ်ရပ် ထားသော အဖွဲ့များနှင့်လည်း နိုင်ငံရေး အရ ဆက် လက်လက် တွဲနေကြခြင်း ဖြစ်ပါသည်။

ရွှေဟဿင်္ာသတင်းဌာန

ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ်အဖွဲ့ ခြိမ်းခြောက်


ဗိတိသျှ အစိုးရသည် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူ ဟမ်ဇ အယ်လ်မာဆီအား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးခဲ့ မှုကြောင့် ဗြိတိန် နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု ဆိုမာလီယာ စစ်သွေးကြွ များက ခြိမ်းခြောက် သတိပေး ခဲ့ကြောင်း သိရသည်။

ဗြိတိသျှ အစိုးရသည် နိုင်ငံ အတွင်းရှိ အကြမ်းဖက် သမားများဟု ယူဆ ရသည့် အယ်လ်မာဆီနှင့် အခြား အဖွဲ့ဝင် လေးဦး တို့အား မကြာမီက အမေရိကန် နိုင်ငံသို့ လွှဲပြောင်း ပေးအပ် ခဲ့ပြီးနောက် အယ်လ်ရှာဘတ် တို့၏ ခြိမ်းခြောက်မှု ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှ အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက် များကြောင့် အယ်လ်ရှာဘတ် အဖွဲ့ဝင် များသည် လန်ဒန် မြို့တွင် ဖြစ်ပွား ခဲ့သည့် ၂ဝဝ၅ ခုနှစ် ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၂၁ ရက် ဗုံးခွဲ တိုက်ခိုက် မှုများထက် ပိုမို ပြင်းထန်သည့် တိုက်ခိုက်မှု များကို ပြုလုပ် သွားမည်ဟု ၎င်းတို့၏ဝက်ဘ် ဆိုက်၌ ခြိမ်းခြောက် ထားကြောင်း သိရသည်။

မြဝတီ

မြောက်ဦးမြို့တွင်ဒုက္ခသည်များ တိုးလာ (နောက်ဆုံးရသတင်း)


မြောက်ဦးမြို့နယ် အဓိကရုဏ်းတွင် ဒုက္ခသည်အရေအတွက် တိုးပွား လာနေကြောင်း ၄င်းဒုက္ခသည်များ ကို မြောက်ဦးမြို့တွင်ရှိသော အလိုတော်ပြည့်ကျောင်းတိုက်၊ လက်ကောက်ဈေး ကျောင်းတိုက်၊ ရွှေဂူတောင်ကျောင်းတိုက်၊ အောင်ရတနာကျောင်း တိုက်တို့တွင် ထားကြောင်း သိရှိရသည်။

အလိုတော်ပြည့် ကျောင်းတိုက်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ရွာများ၊ အိမ်ထောင်စုဦးရေ၊ လူဦးရေများမှာ -

၁။ ကျောက်တွင်းကုန်းရွာ၊ အိမ်ထောင်စု(၃၁)စု၊ လူဦးရေ(၅၂)ဦး

၂။ တော့ဆိပ်ကျေးရွာ၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၁)ဦး

၃။ ပုရိန်ကုန်းကျေးရွာ၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၈၅)ဦး

၎။ မင်္ဂလာကုန်းရွာ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၉)ဦး

၅။ လောင်းကြက်ရွာ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၄၃)ဦး

၆။ ကျွဲသဲရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး

၇။ နန်းကျရွာ အိမ်ထောင်စု ဦးထောင်စု(၄)စု၊ လူဦးရေ(၁၈)ဦး

၈။ ပန်းမော်ရွာ အိမ်ထောင်စု(၇၉)စု၊ လူဦးရေ(၂၅၇)ဦး

၉။ မြရိပ်ကျွန်းရွာ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦး

၁၀။ မဟာထီးရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦးတို့ ဖြစ်သည်။

လက်ကောက်ဈေးကျောင်းတိုက်တွင် ပန်းမော်ရွာမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၂)ဦး၊ ရွှေဂူတိုက်ကျောင်းတိုက်တွင် လောင်းကြက်မှ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၇)ဦး၊ အောင်ရတနာကျောင်းတိုက်တွင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦး ရောက်ရှိနေကြောင်း သိရှိရသည်။ နောက်ထပ်လည်း ပန်းမြောင်ရွာဖက်မှ ဒုက္ခသည်များ ဆက်လက်ဝင်ရောက်လာနေကြောင်း သိရှိရသည်။

မြောက်ဦးမြို့တွင် ရောက်ရှိနေသော အမျိုးသားတစ်ဦးက " ဒုက္ခသည်တွေက ဆက်ပြီးတော့ ဝင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂတွေရွာမှာက လုံခြုံရေးတွေကို ချထားပေးပြီး ရခိုင်ရွာတွေမှာ လုံခြုံရေး မချပေးထားပါဘူး။ ဒါကြောင့် ရခိုင်တွေက ဘင်္ဂလီတွေ အကြမ်းဖက်မှုဒဏ်ကို ခံနေရပါတယ်။

အခု ဒုက္ခသည်တွေမှာက ချက်ချင်းထွက်ပြေးလာရတော့ အဝတ်အစားတွေနဲ့ ဘာအသုံး အဆောင်ပစ္စည်းတွေမှ ပါမလာကြဘူး။ ကလေးတွေက တစ်ချို့ ဖျားတယ်၊ ဝမ်းသွားတယ်။ လူကြီးတွေက အအေးမိ၊ နှာဈေးချောင်းဆိုး၊ ဖျားနာတယ်။

တစ်ချို့လူကြီးတွေဆိုရင် ကြောက်လန့်ပြီးတော့ သွေးတက်တာတွေ ရှိပါတယ်။ အခုလက်ရှိ ဘင်္ဂလီရွာ(ပုရိန်ရွာ)နဲ့ တစ်မိုင်၊ နှစ်မိုင်လောက်ဝေးတဲ့ မောင်သာကုန်း (ရခိုင်ရွာ)မှာ စပါးရိတ်သိမ်းချိန်ကို ရောက်လာပြီဆိုတော့ ဘင်္ဂလီတွေက ရခိုင်တွေရဲ့ စပါးခင်းတွေကို ရိတ်သွားပြီးတော့သူတို့ရဲ့နွားတွေကို ရခိုင်တွေရဲ့ လယ်ကွင်းထဲကို မောင်းလွှတ်တော့စပါးခင်းတွေ ပျက်စီးကုန်ပါတယ်။ " ဟု ပြေပြသည်။

ထိုဒုက္ခသည်များ၏ စားဝတ်နေရေး၊ အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးလိုအပ်ချက် ပစ္စည်းများကို မြောက် ဦးမြို့နယ်မှ မြောက်ဦးမြို့လူငယ်ကွန်ယက်၊ မြောက်ဦး နာရေး ကူညီရေးအသင်း၊ မြို့မိမြို့ဖများက ထောက်ပံ့ပေးလျှက် ရှိနေသည်။

ဝံလက်ဖောင်ဒေးရှင်းမှလည်း ဒုက္ခသည်များအား၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး ရန်အတွက် စာရင်းများ ကောက်နေကြောင်း၊ အစိုးရအဖွဲ့အစည်း မည်သည့်အကူအညီ အထောက်အပံ့မှ မရသေးကြောင်းနှင့် ဒုက္ခသည်များ အတွက် မည်သည့်ထုတ်ပြန်ချက်မှ မထုတ်သေးကြောင်း သိရှိရသည်။

Arakan Times

အသက်၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်ယူကျူးတွင်ပျံနှုံ့


အသက် ၃ နှစ်အရွယ်သာရှိသေး သောကလေးငယ်တဦးက တကယ့် ရဟန်းတော်ကြီးတစ်ပါးလိုတ ရားတွေဟော၊ သီလတွေ ပေးနေ တာကိုတွေ့ရပါတယ်။

အသက် ၃ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ လုံးဝမဖြစ်နိုင်တဲ့ တရားတွေ ကိုဟောပြောနေပြီးလူဝင်စားလား ဆိုပြီး ကြည့်ရှုသူများ က စိတ်ဝင်စားနေကြပါတယ်။

Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ