ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 September 2012

ဘူးသီးတောင် လဝက ဦးစီးမှူးက အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်ကို ပြန်လွှတ်ပီးလိုက်


ဘူးသီးတောင် သဘောင်္ဆိပ်မြထွန်းအောင်(ဘူးသီးတောင်)။ ။ရခိုင်ပြည် ဘူးသီးတောင်မြို့ သဘောင်္ဆိပ်ကမ်းတွင် အင်ဒိုနီရှားနိုင်ငံသားတစ်ယောက်ကို မင်္သခါလို့ လ၀ကနန့် ဆိပ်ကမ်း လုံခြုံရေး တာဝန်ဟိသူတိက စစ်ဆီးဖို့ ခေါ်ယူလားခရေလို့ လေးဝတီက သတင်းရဟိပါသည်။
ဒေဂုလ ၁၆ ရက်နိ့ မွန်းတည့် (၁း၃၀) အချိန်မှာ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းက တာဝန်ကျနိန်ရေ လဝက အရာဟိနန့် လုံခြုံရီးတပ်ဖွဲ့ဝင်တိက သူအား စစ်ဆီးမိန်းမြန်းဖို့ ခေါ်ယူလားခစော်
ဖြိုက်တေလို့ သိရပါသည်။
ယင်းဖြိုက်စိုင်နန့် ပတ်သက်လို့ နာမေမဖေါ်လိုရေ လဝကနန့် နီးစပ်သူ တစ်ယောက်က လေးဝတီကို အဂုပိုင် ပြောပါသည်။
“စစ်တွေက ထွက်လာရေ (NCR) ငြိမ်းချမ်းရီး လို့ခေါ်ရေ အမြန်ဘုတ်ချေထက်မှာ ပါလာရေ နိုင်ငံခြားသားတယောက်ကို မင်္သခါလို့ စစ်ဆီးစွာမှာ ရခိုင်စကား ဗမာစကား ဒေက ကုလားတိစကားတောင် မတတ်တေ အင်ဒိုနီသျှားနိုင်ငံသား ပါစ်ပို့ကို တွိပါရေ။ ယေကေ ဘူးသီးတောင် လဝကမှူး ဦးခင်မောင်မြင့်က အင်္ဂလိပ်စကားနန့် စစ်ဆီးမူတိ လုပ်ခပါရေ” လို့ သူက ပြောဆိုပါသည်။
ယင်း အင်ဒိုနီးရှားနိုင်ငံသားရေ မြန်မာနိုင်ငံကို လွန်ခရေ အပတ်က ပြည်ဝင်ခွင့် ဗီစာနန့် ဝင်ရောက်လာသူဖြိုက်ကြောင်း သိရပါသည်။
ရန်ကုန်မြို့ က လဝက အရာဟိလက်မှတ် ခွင့်ပြုချက်တခုလည်း မပါလို့ သူအား စစ်ဆီးရစော် ဖြိုက်ကြောင်း သူက ဆက်ပြောပါသည်။
“အေကုလားမှာ ရန်ကုန်က ရခိုင်ပြည်ကို လားလာခွင့် လက်မှတ်မပါဘဲ ရန်ကုန်က ဇာသူနန့် ဇာပိုင် အဆက်အသွယ်နန့် လာရေဆိုစွာက မင်္သခါစရာတိ ဖြိုက်နိန်ပါရေ။ ယင်းကုလားနန့် အတူပါလာရေ လူကို ရှာမရလိုက်ပါဗျာလ်။ အေကုလားကိုတောင် တယောက်က နှုတ်ဆက်ခီခါ ပြန်မပြော ယေကေ ဗမာစကားနန့် မိန်းကေလည်းမရ ဆိပ်ကမ်းမှာ လူတိလည်း များနိန်ခါ စကားမတတ် အထုတ်တိနန့် နိုင်ငံခြားသားဖြိုက်ဖို့ ဆိုပနာ ဆိပ်ကမ်း လုံခြုံရေးအဖွဲ့ကို အကြောင်းကြားစွာကနိန် အင်ဒိုနီးရှားနိုင်ငံသားမှန်း သိရစွာပါ” လို့ ပြောပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားဥပဒေမှာ နိုင်ငံအတွင်း သတ်မှတ်နယ်မြီကို လ၀က ခွင့်ပြုချက် လက်မှတ်မပါဘဲ ကျူးကျော်လားပိုင်ခွင့် မဟိကေလည်း ယင်းအင်ဒိုနီးရှားနိုင်ငံသားကို ဖမ်းဆီးခြင်းမဟိဘဲ စစ်ဆီးမိန်းမြန်းမူလုပ်လို့ ပြန်လွတ်ပီးလိုက်တေလို့ သိရပါသည်။
“အေလောက် ပြဿနာ ဖြိုက်နိန်စွာမှာ နိုင်ငံခြားသား တရားဝင် လားလာခွင့် လက်မှတ်မပါရေ အင်ဒိုနီးရှားနိုင်ငံက ကုလားကို လဝက ဦးစီးမှူးက တရားမစွဲ ရဲစခန်းကိုလည်း မအပ်ဘဲ။ ဒေနိ့ အမြန်ဘုတ်နန့် ပြန်လွှတ်ဖို့ ပြောပါရေ။ ကုလားကို စစ်ဆီးရေခါ နာမေက (မိုဟာမက် ဖါကရီပီတို) လို့ သိရပါရေ” လို့ ဘူးသီးတောင်မှ ရဲအမှုထမ်း တယောက်က ပြောပါသည်။
ဘူးသီးတောင် လုံခြုံရီးအသိုင်းအဝန်းက လဝက ဦးစီးမှူး ဦးခင်မောင်မြင့် အရေးမယူဘဲ ပြန်လွတ်ပီးတေကိစ္စကို ဘူးသီးတောင်မှာ တာဝန်ကျနိန်ရေ အုပ်ချုပ်ရေးမှူးတိ ကြားမှာ တင်းမာမူတိ ဖြိုက်နိန်ပြီး ဝေဖန်သံတိ ထွက်နိန်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ တည်ဆဲ ဥပဒေအရ အရေးမယူရေအပြင် နိုင်ငံခြားသား (မိုဟာမက် ဖါကရီပီတို) ရေ (IRF) အင်ဒိုနီးရှား သုတေသန ဖေါင်ဒေးရှင်း တာဝန်ခံတစ်ယောက် ဖြိုက်တေလို့ သတင်းရဟိပါသည်။

လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ