ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 September 2012

ဟာသတိုများ

1
မှားပေလို့
အရက်မူးသမားနှစ်ယောက်သည် ပန်းခြံထဲမှာ အရက်သောက်ပြီး ကလေးများစကားကွင်းထဲသို့ သွားကာ ရိုလာကိုစတာတတ်စီးကြသည်။ နောက်ဆုံးမှာတော့ မူးနေသူတစ်ယောက်က ကျန်တစ်ယောက်ဘက်သို့ လှည့်ပြောလေ တော့သည်။

“ ဟေ့ကောင်၊ ငါတို့ ဘတ်စ်ကား မှားစီးမိပြီကွ”

2
ဆေးနည်းကောင်း
ဇနီးဖြစ်သူက ယောက်ျားအရက်သမားကို ကွာရှင်းတော့မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ရာ အိမ်နီးချင်းတစ်ယောက်က နောက်တစ်ကြိမ်ခန့် အခွင့်ရေးပေးလိုက်ပါဦးဟု ဖျောင်းဖျကြသည်။
“ ရှင် သူ့ကို ဆူညံပူညံလုပ်မဲ့အစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြည့်ပါဦး” ဟု အိမ်နီးချင်းများကဆိုကြသည်။
နောက်တစ်နေ့ညတွင် ယောက်ျားဖြစ်သူသည် လူမှန်းသူမှန်းမသိအောင်မူးပြီး အိမ်ကို ဒယီးဒယိုင်ဖြင့် ပြန်ရောက်လာသည်။ မိန်းမဖြစ်သူက သူ့ကိုအရင်လို ဆူညံပူညံ မလုပ်တော့ဘဲ သူ့အတွတ်လက်ဖက်ရည် တစ်ခွတ်ဖျော်ပေးသည်။ ခြေထောက်တွေကိုနွေးထွေးအောင်လုပ်ပေးသည်။ အင်္ကျီနှင့် လည်စည်းကိုပါ ချွတ်ပေး ပြီး ဆံပင်တွေကို ပွတ်သပ်ပေးသည်။
“ မောင်၊ ကျွန်မတို့အိပ်ရာဝင်ကြရအောင်” ဟုဇနီးကချိုသာစွာ ပြောသည်။
“အေး........ ကောင်းသားပဲ၊ ကိုယ်အိမ်ပြန်ရင် အိမ်ကမယားကြီးက ကုလားထိုင်ပေါ်မှာပဲ အိမ်ခိုင်းမှာ” ဟု ယောက်ျားဖြစ်ြသူက အာလေးလျှာလေးဖြင့် ပြောသည်။

3
ဒီလိုမကြည့်ပါနဲ့
အရက်မူသမားတစ်ယောက် ရေချိန်ကိုက်ပြီး ဆိုင်ထဲမှ ထွက်ကာ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့သည်။ သူသည်လမ်းလျှောက်နေရင်နှင့် တိရစ္ဆာန်ရုံထဲကို ၀င်မိလျက်သား ဖြစ်နေ၏။ သူ့မျက်လုံးအစုံကို ဖြဲကြည့်တော့မှ ရေမြင်းထည့်ထားသော လှောင်အိမ်ရှေ့သို့ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမူးသမားက ရေမြင်းကိုကြည့်ပြီး ပြောလိုက်သည်မှာ.....
“ငါ့ကို ဒီလိုကြီး မကြည့်ပါနဲ့ မိန်းမရယ်။ ဖြစ်ကြောင်း ကုန်စင်ကို ငါ ရှင်းပြပါ့မယ်”

တောသူမလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ