ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 December 2012

မိုးထိမိုးမိဆန္ဒပြခေါင်းဆောင်များကို ရုံးထုတ်


နေပြည်တော်ကို ချီတက်ရင်း ဖမ်းဆီးခံတဲ့ မိုးထိမိုးမိရွှေလုပ်သား ဆန္ဒပြ ခေါင်ဆောင် ၄ ဦးကို ဒီနေ့ ရေတာရှည်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး တရားလိုဘက်က သက်သေ ၂ ဦးကို စစ်ဆေးတယ်လို့ တရားစွဲခံရသူ ကိုနေထက်အောင်ရဲ့ ဖခင် ဦးမြင့်သန်းက ပြောပါတယ်။
နေပြည်တော်မသွားမီ ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့ဆန္ဒပြခဲ့ကြစဉ်
ရန်ကုန်ကနေ နေပြည်တော်ထိချီတက်ရာမှာ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နဲ့ ကိုစောနောင်တို့ကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲသလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ ရေတာရှည်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။
ဒီနေ့ စစ်ဆေးတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုချက်နဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတွေအဖြစ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ဒါရိုက်တာတယောက်နဲ့ သတ္တုတွင်းဝန်ကြီးဌာန အထွေထွေမန်နေဂျာတို့က တရားခွင်မှာ လာရောက်ထွက်ဆိုတယ်လို့ ဆိုပါတယ်။
မနက်ဖြန်မှာ အဲဒီအမှုကို လျှောက်လဲချက်ပေးပြီးရင် ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ စွဲဆိုတဲ့အမှုကို ဆက်လက်စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဆန္ဒပြသမားတွေဟာ ရန်ကုန်ကနေ နေပြည်တော်ကို ချီတက်တဲ့ လမ်းတလျှောက်မှာ မြို့လှမြို့မှာ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ သတ္တုတွင်းဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေက ညှိနှိုင်းဖို့ လာရောက်ဆက်သွယ်ရာမှာ နေပြည်တော်မှာ စကားပြောဖို့ ဆန္ဒပြသမားတွေက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မြို့လှကနေ ဆက်ထွက်လာရာက ရေတာရှည်မြို့ကနေအထွက် ရေနီမှာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့တတွေရဲ့နောက်လိုက်တွေကို ရမည်းသင်းမှာ ဆွေးနွေးဖို့ အစိုးရဘက်က ညှိနှိုင်းသဘောတူပြီး ဆွေးနွေးရာမှာ ကုမ္ပဏီဥက္ကဋ္ဌ မလာရောက်တဲ့အတွက် ရလဒ်တစုံတရာ မရဘဲ အပြီးသတ်ခဲ့ပါတယ်။ အခုခါ ရမည်းသင်းမြို့မှာ ဆန္ဒပြသမားတွေဟာ အချိန်ဇယား တိတိကျကျမသိတဲ့ ဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။





DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ