ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 December 2012

စုံစမ်းစစ်ဆေးရေးကော်မရှင် လက်ပန်းတောင်းအရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်


လက်ပန်းတောာင်းတောင် သပိတ်စခန်းဖြိုခွင်းမှုအတွင်း သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အတွင်းရေးမှူး ဦးကျော်တင့်ဆွေကပြောပါတယ်။
ရန်ကုန်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပြီး၊ ဆေးရုံရောက်မလာဘဲ ပြင်ပမှာ သူတို့အစီအစဉ်နဲ့ သူတို့ ဆေးကုနေတဲ့ လူနာတွေ ရှိနိုင်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက် ပြောကြားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် အရေးအခင်းအတွင်း မီးလောင်ဗုံး အသုံးပြုဖြိုခွဲခြင်း ရှိ မရှိ ပြင်ပပညာရှင်တွေနဲ့ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အစိုးရဘက်က ပညာရှင်တွေ လုံးဝ ပါဝင် စိစစ်မှာ မဟုတ်ဘူးလို့လဲ သူက ထပ်လောင်းပြောကြားပါတယ်။ ကော်မရှင်အနေနဲ့ မီးလောင်ဗုံး အသုံးပြုခြင်း ဟုတ်၊ မဟုတ် စိစစ်မှာဖြစ်ပြီး၊ အဲဒီလို စိစစ်စုံစမ်းပြီး အဖြေပေါ်မှ ကော်မရှင်အနေနဲ့ ပြောမှာဖြစ်တဲ့ အကြောင်းလဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောဆိုလိုက်ပါတယ်။
လက်ပန်းတောင်းတောင်အရေး ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ လက်ပန်းတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ စုံစမ်းထားတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့လည်း ဆက်သွယ်ထားတယ်။ ကော်မရှင်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေလဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လက်ပန်းတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရန်ကုန်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဖြေကြားစဉ် အခုလို ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။ လက်ပန်းတောင်းတောင် အရေးအခင်းအတွင်း မုံရွာနဲ့ လက်ပန်းတောင်းတောင် ဒေသဘက်မှာ အဖမ်းအဆီး လုံးဝ မရှိဘဲ ရန်ကုန်မြို့မှာသာ အဖမ်းအဆီးရှိခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ပန်းတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မနက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲအပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။

View Photo Album




DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ