ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 December 2012

လက်ပံတောင်းတောင်ကိစ္စအား ဂျာနယ်များမှ သတိထား ရေးသားဖော်ပြ

လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့မှုနှင့် ပတ်သက် ၍ ပြည်တွင်း ဂျာနယ် အများစုတွင် သုံးသပ်ဝေဖန်မှု များထက် သတင်းသက်သက်ကိုသာ သတိထား ၍ ရေး သားေ ဖ်ာပြမှု များပြားကြောင်း သိရသည်။

ပြည်တွင်းထုတ် ဂျာနယ်အများစုတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သတင်း များ ကို ဖော်ပြ နေသော်လည်း အများစုမှာ အဖွဲ့ အစည်းများ၏ ကြေညာချက်၊ ဒေါ်အောင်ဆန်း စုကြည်၏ သတင်းစာ ရှင်းလင်းပွဲ၊ ပြောကြားချက်များနှင့် ဖြစ်စဉ်သတင်း တချို့ကိုသာ ဦးစားပေးဖော်ပြနေပြီး ဌာန ဆိုင်ရာ မေးမြန်းချက်များနှင့် သုံးသပ်ချက်၊ ဝေဖန်ချက်၊ အာဘော်၊ ဆောင်းပါးများအပြင် ရန်ကုန်မြို့ ၌ ကြေးနီ စီမံကိန်း ပြဿနာနှင့် ပတ်သက်၍ ဆန္ဒပြမှုတွင် ဖြစ်ပွားခဲ့သည့် ဖမ်းဆီးထိန်းမှု အကြောင်း ရေး သားဖော်ပြခဲ့ခြင်း မရှိသလောက် နည်းပါးသည်။

လူထုအုံကြွမှုကို အားပေးသကဲ့သို့ မဖြစ်စေရန်အတွက် လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်၍ သုံး သပ်ေ ဝဖန်ခြင်း မပြုလုပ်ဘဲ သတင်းသက်သက်ကိုသာ ဦးစားပေး ဖော်ပြနေကြကြောင်း၊ စာပေစိစစ်ရေး၏ ဆင် ဆာ မရှိတော့သော်လည်း ထုတ်ဝေသည့် ဂျာနယ်၏ မူဝါဒနှင့် ကိုက်ညီမှုရှိစေရန်နှင့် ပဋိပ က္ခ ဖြစ်စဉ် များ အပေါ် မူတည်၍သာ စာမျက်နှာထက်တွင် ဖော်ပြ ကြကြောင်း၊ အမျိုးသားရေး လှုံ့ဆော် မှု ဖြစ်စေနိုင် သဖြင့် ဖြစ်စဉ်အပေါ် သုံးသပ်ခြင်း၊ ထောက်ပြဝေဖန်ခြင်းများ မပြုလုပ်ကြကြောင်း၊ ထို့အပြင် ဌာနဆိုင်ရာက သတင်း သမားများ၏ မေးမြန်းချက်ကို ဖြေကြားမှု အားနည်းကြောင်း ပြည်တွင်း ဂျာနယ် ထုတ်ဝေသူ များနှင့် အယ်ဒီတာ များက ပြောသည်။

“ဒီကိစ္စက လူထုနဲ့ သံဃာတော်တွေက စိတ်ထိခိုက်မှုများတဲ့ သတင်းဆိုတော့ ဘက်ပေါင်းစုံ ကနေ တော်ေ တ်ာလေး ကို သတိထားပြီး ရေးရတဲ့ အနေအထားပါ။ စိတ်ပူတာက Facebook စာမျက်နှာတွေ မှာ ပြင်းထန် တာတွေ လည်း ရေးနေကြတော့ ဂျာနယ်တိုက်တွေက တော်တော်လေး သတိထားပြီး ကျင့်ဝတ်အရ လုပ်နေကြတယ်” ဟု 7 Day News ဂျာနယ် အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ပြောသည်။

ဒီဇင်ဘာ ၅ ရက်ထုတ် 7 Day News ဂျာနယ်တွင် “နောက်ကြောင်းပြန်မလှည့်ရန် အားလုံးမှာတာဝန်ရှိသည်” ဟု ခေါင်းစဉ်ေ ပးထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအပေါ် အစိုးရ၏ ကိုင်တွယ် မှုနှင့် ပတ်သက်၍ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ထားသည့် ဆောင်းပါးတပုဒ်ကို ဖော်ပြထားသည်။

အစိုးရ လုပ်ဆောင်ချက်အပေါ် ဝေဖန်သုံးသပ်ခဲ့သည့် 7 Day News ဂျာနယ်တွင် ပါရှိေ သာ ဆောင်းပါးေ ရးသားရန် ကိုအားမာန်က အစိုးရသတင်း ထုတ်ပြန်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ ဆက်သွယ်ေ မးမြန်းသော် လည်း ဖြေကြားခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ဖြစ်ပွားမှု ကြာမြင့်နေပြီး ရှုပ်ထွေး သည့် ကြေးနီစီမံကိန်း ကိစ္စတွင် စာပေစိစစ်ရေး မရှိသော်လည်း အစိုးရအပေါ် သုံးသပ်မှုများအား သတိ ထား  ရေး သား ဖော်ပြခဲ့ရကြောင်း ရှင်းပြသည်။

ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က “လူထုကို အသိပေးဖို့ ဂျာနယ် စာမျက်နှာ မှာ ရေးသားဖော်ပြပေမယ့် တချို့ကိစ္စကို ပြင်းပြင်းထန်ထန်တော့ မရေးဘူး၊ တခုခုကို တိုက် ခိုက် ရေးသား တာမျိုးတော့ မလုပ်ဘူး” ဟု ပြောသည်။

ကြေးနီစီမံကိန်း အရေးကို ဂျာနယ်များက လွတ်လပ်စွာ ရေးသားနေသော်လည်း အကျိုးအကြောင်းနှင့် ထိန်း သိမ်း ရေးသားရန် လိုအပ်ကြောင်း၊ နိုင်ငံပိုင် သတင်းစာများကလည်း အစိုးရ လုပ်ဆောင်ချက်များကိုသာ ထုတ်ပြန်ေ နသည့် အတွက် အစိုးရ ပြန်ကြားရေး သက်သက်သာ ဖြစ်နေသည်ဟု သုံးသပ်မိကြောင်း သူက ဆိုသည်။

နိုင်ငံရေးသတင်းနှင့် ဒေသန္တရ သတင်းများကို အများဆုံး ဖော်ပြလေ့ရှိသည့် The Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုသူရအောင် ကလည်း ဂျာနယ်စာမျက်နှာများ ထက်၌ လက်ပံတောင်းေ တာင် ကြေး နီစီမံ ကိန်း အရေးများကို ဖော်ပြရာတွင် တိုင်းပြည် အကျိုးစီးပွားကို ထိခိုက်စေနိုင်မည့် သတင်းများ ရှောင်၍ လူထု ကို ဆူပူအုံကြွမှု မရှိစေရန် အဓိကထား ဖော်ပြနေကြောင်း ပြောသည်။

ယခင် စာပေစိစစ်ရေးရှိစဉ်က ဆင်ဆာ ဖြတ်တောက် ခံရခြင်းကြောင့် ပြည်သူလူထု အနေဖြင့် သတင်း ဖြစ် ရပ်မှန်ကို မသိ ရသဖြင့် ဆုံးဖြတ်ချက်မှန်ကို မချနိုင်ခဲ့သော်လည်း လက်ရှိတွင် လွတ်လပ် စွာ ရေးသာြးေ ပာဆို ခွင့် များ ရှိလာသည့်အတွက် သတင်းများ မှန်ကန်မှုရှိရန်နှင့် ဘက်ပေါင်းစုံမှ တင်ပြနိုင်ရန် လိုအပ် လာကြော င်း ၎င်းက သုံးသပ်သည်။

Weekly Eleven ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက “သတင်းကို သတင်းလိုပဲဖော်ပြတယ်။ ဆင်ဆာရှိလည်း ဒီအ တိုင်း ပဲ၊ ဆင်ဆာမရှိလည်း ဒီအတိုင်းပဲ၊ ပြည်သူတွေ အတွက် လိုအပ်တယ် ထင်ရင် သိသင့်တာ ကို ဖော်ပြသွားဖို့ လိုတယ်” ဟု ပြောသည်။

နေပြည်တော် တိုင်းမ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးစောလင်းအောင် ကလည်း စိစစ်ရေး၏ မူဝါဒကို သိေ နေ သာေ ကြာင့် သတင်း ဖော်ပြရာတွင် ပြဿနာမရှိကြောင်း၊ လက်ပံတောင်းတောင် ကိစ္စကို မူ ဖြစ်စဉ် များ အပေါ် မူတည်၍ မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည့် အချက်ကိုသာ ဦးစားပေးေ ဖ်ာပြသွား မည်ဖြ စ်ကြောင်း ဆိုသည်။

လက်တလောတွင် ဂျာနယ်အရောင်းဆိုင်များ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာများနှင့် ဆက်စပ်နေသည့် သတင်းဂျာနယ်များကို လူထု စိတ်ဝင်စားမှု များပြားနေကြောင်း၊ အစိုးရအနေဖြင့် ကြေးနီ စီမံကိန်း ကိစ္စရပ်များ အပေါ် မည်သို့ ကိုင်တွယ်ဆောင်ရွက်လျှက်ရှိကြောင်း ပါရှိသည့် သတင်းဂျာနယ်များကို ပိုမို မေးမြန်းဝယ်ယူလိုကြကြောင်း ဆူးလေ ဘုရားလမ်းပေါ်ရှိ ဂျာနယ်ဆိုင်များမှ သိရသည်။

ရန်ကုန်သို့ ရောက်ရှိနေသော BBC သတင်းဌာန၏ မြန်မာပိုင်း အယ်ဒီတာ ကိုစိုးဝင်းသန်းက “ဒီမှာရှိတဲ့ လူငယ် သတင်းထောက်ေ တွက ဆင်ဆာ မရှိတော့ပေမယ့် အသားမကျသေးတော့ ထိန်းပြီး ရေးနေ တာမျိုးေ တွ ရှိတယ်။ သိပ်မရဲဘူး။ နည်းနည်းလေး လမ်းပွင့် လာပေမယ့် ရေးချင်တာ ရေးနေတာ ရှိသလို၊ စိုးရိမ်တာေ တွလည်း ရှိနေတယ်” ဟု ပြည်တွင်း ဂျာနယ်တချို့၏ သတင်းရေးသား ဖော်ပြနေမှုများအပေါ် သုံးသပ် သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများအနေနှင့် လူထု သိသင့် သည့် အချက် အလက်များကို ပွင့်ပွင့် လင်းလင်းချပြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ဝေဖန်ဖို့ တွန့်နေတာလား၊ ညွှန်ကြားချက်ကြောင့် လားတော့ မသိဘူး၊ မီဒီယာဆိုရင် အစိုးရဖြစ်ဖြစ်၊ ပုဂ္ဂလိ ကဖြစ်ဖြစ်၊ အမှန်ကို ရေးဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲသည့် သတင်းများကို နိုင်ငံပိုင်သတင်းဌာနများတွင် ယနေ့ အထိ ဖြစ်စဉ် အတိုင်း ဖော်ပြခြင်းမရှိဘဲ ဒုဝန်ကြီးများက လူနာများကို သွားရောက် အားပေးသည့် သတင်းနှ င့် ဆရာတော်များထံမှ သြဝါဒ ခံယူသည့် သတင်းစသည့် သတင်း တချို့ကို သာ ဖော်ပြ ထားကြောင်း တွေ့ ရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပံတောင်းတောင် သပိတ်စခန်းမှ လူထုနှင့် သံဃာတော်များကို တာဝန်ကျ ရဲတပ်ဖွဲ့ က လက်နက်သုံး ဖြိုခွင်းလိုက်ရာမှ သပိတ်မှောက်သူများ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ယခုအခါ အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပနေပြီ ဖြစ်ကြောင်း ယမန်ေ န့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပသည့် လက်ပံတောင်းတောင် ကိစ္စ စုံစမ်းရေးေ က်ာမရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းေ ထာက် များ အား ဖြစ်ရပ်မှန်နှင့် နောက်ခံ အခင်းအကျင်းများကို သေချာစွာ စုံစမ်းပြီးမှ မှန်ကန် စွာ ရေး သားကြ ရန် ပြောကြားခဲ့သည်။

မေစစ်ပိုင်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ