ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 November 2012

အမေရိကန်သမ္မတ အိုဘားမားရဲ့ ရန်ကုန်မှာပြောတဲ့ သမိုင်းဝင်မိန့်ခွန်း(ဘာသာပြန်)


၀၂း၃၉ မိနစ် နိုဝင်ဘာ ၁၉ ၂၀၁၂ မြန်မာနိုင်ငံ မင်္ဂလာပါ။”
“ကျနော် ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့အတွက် အရမ်းကို ၀မ်းမြောက် ဂုဏ်ယူမိသလို ဒီနိုင်ငံကို ပထမဆုံးလာရောက်ခွင့်ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦးဖြစ်တဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူမိပါတယ်။
“ကျနော် ဒီကိုလာရတာက ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ လူကြီးမင်းတို့ဟာ အရှေ့နဲ့ တောင်အာရှဒေသကို ဆက်စပ်ပေးတဲ့ လမ်းဆုံလမ်းခွမှာ နေထိုင်ကြပါတယ်။ နောက်ပြီး

တရုတ် ပို့ကုန်ဈေးကွက် အမေရိကန်နိုင်ငံဘက်သို့ ဦးလှည့်




 တရုတ်နိုင်ငံ၏အဓိကကုန်သွယ်ဖက်အကြီးဆုံးနိုင်ငံဖြစ်သည့် အီးယူနိုင်ငံများအနေဖြင့် ကြွေးမြီကိစ္စရပ် များကြောင့်
စီးပွားရေး ကျဆင်းနေချိန်တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် ပို့ကုန်ဈေးကွက်တွင် ဦးဆောင် သွားပြီဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ပုဂိုလ် Shen Danyang မှ

ရွှေတိဂုံစေတီပေါ်၌ ပြည်တွင်းဘုရားဖူးများ အင်တာနက် အခမဲ့ အသုံးပြုနိုင်တော့မည်



နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နေရာအတော်များများတွင် အင်တာနက် သုံးစွဲကြခြင်းနှင့် သုံးစွဲခွင့်များ ပြုလာပြီကို တွေ့မြင်နေရသည်။ ယခုအခါ ပြည်သူအများနှင့် နိုင်ငံခြားသားများ အများဆုံး ရောက်ရှိရာ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ ဦးစားပေးအဖြစ် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်များအား အင်တာနက် သုံးစွဲခွင့် ပြုထားပြီ ဖြစ်သည်။ နိုင်ငံခြား ဧည့်သည်များအနေဖြင့် ဘုရားကြီးပေါ်တွင် အင်တာနက် အသုံးပြုရန် Password ပါဝင်သည့် မိနစ် ၃၀ စာ Access

ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်းများအား အွန်လိုင်းမှ စတင် လျှောက်ထား နိုင်တော့မည်






 နိုင်ငံအတွင်း ပုံနှိပ်နဲ့ ထုတ်ဝေရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး လျှောက်ထားမှု များကို အွန်လိုင်းမှ

၈၈ မျိုးဆက်ပါတီ ရွှေပြည်သာမြို့တွင် တရားမ၀င် ပိုက်ဆံများ ကောက်ယူလျက်ရှိ





၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ့် ပိုက်ဆံများကောက်ယူမူကြောင့် ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။

အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင် ဆောင်ရွက်ပေးမယ်လို့
ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံသား ၂ဝဝဝ ခန့်လာမည်




လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံခရီးစဉ် အတွက် အမေရိကန်နိုင်ငံ သား ၂ဝဝဝ ခန့် လာရောက် စာရင်းပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ Grand Circle မှ ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ်က ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

အိုဘားမားက မိန့်ခွန်းပြောရင် စာမကြည့်ပဲ အလွတ်ပြောတယ် လို့ ဘယ်သူပြောတာလဲ၊ မြန်မာနိုင်ငံအကြောင်းတွေ အကုန်သိနေတယ်လို့ ဘယ်သူပြောတာလဲ



 အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကိုတပ်ဆင်ပေးထားကြောင်းတွေ့ရသည်။

သမ္မတကြီး ဦးသိန်းစိန် အားကိုးရတဲ့ သက်တော်ရှည် ၀န်ကြီးများ






နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိမ်း၊ ဦးအောင်မင်း တို့နဲ့ ပတ်သက်ပြီး Social Network Facebook မှ ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတစ်ခုဖတ်ရပြီး ဒီစာကို ရေးသားရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ နည်းနည်းတော့ လွဲနေပြီလို့ထင်တယ်။ ဦးစိုးသိမ်း၊ ဦးအောင်မင်းတို့အနေနဲ့ သာမန်ဝန်ကြီးတွေထက်ပိုပြီး အာဏာပါဝါရှိတယ်ဆ

ခေါင်းမှာတော့ ပန်းတွေဝေ၊ နှာခေါင်းကတော့ အနမ်းတွေ ခြွေ... မြန်-မာ-အ-မျိုး-သ-မီး-တဲ့လား






 မည်သည့် ဘာသာတရားကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်း ကျင်မှာ ကြီးပြင်းကြသည့် မြန်မာအမျိုးမီး စစ်စစ်များသည် အရှက်နှင့် အကြောက် (ဟီရိ၊ သြတ္တပ္ပ) တရားကို စောင့်စည်း၊ ထိန်းသိမ်း လိုက်နာကြပါသည်။ ထိုသို့  စောင့်စည်းလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ရှိ ခဲ့ပြီဖြစ်ပါသည်။

သပိတ်ကျင်း ငလျှင်ဒဏ်ခံ ဒေသများ စစ်တပ်မှလွဲ၍ ကူညီသူမရှိ





ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အလယ်ပိုင်း
တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောနှင့်အတူ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့ အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်းပြည့်ဘုရား၊ ဇေယျသုခကျောင်း စံကျောင်းတော်၊

အသက် ၇၀ ပြည့်ခါနီးမှ အနေ အထိုင် မတတ်သဖြင့် ဒေါ်အောင်ဆန်း စုကြည်အား တဏှာရူးမကြီး ဟု ထိုင်း လုထု ဝေဖန်




အသက် ၇၀ ပြည့်ခါနီးမှ အနေအထိုင်မတတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တဏှာရူးမကြီးဟု ထိုင်း လုထု ဝေဖန်လျှက်ရှိကြောင်း http://www.manager.co.th/Daily/ViewNews.aspx?NewsID=9550000141400 တွင် ဖော်ပြထားသော စာများအရ သိရသည်။ မန္တလေးမှ ထိုင်းနိုင်ငံ AIT တွင် ပညာသင်ကြားပြီးနောက်

တရားမ၀င်ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းကြေညာ


ထိုင်းအစိုးရက လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသားစိစစ်မှု မလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ ကမ္ဘောဒီးယားနိုင်ငံက  ၄ သောင်း နဲ့ လာအိုနိုင်ငံက ၉ သောင်း ၉ ထောင် ပါတယ်လို့ ထိုင်းအလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်  Pravit Khiengpol ပြောကြားချက်ကို ထိုင်းသတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဧာတ်ပုံ - thairath)
လာအိုအစိုးရကတော့ သူတို့ထံက တာဝန်ရှိသူတွေကို စေလွှတ်ပြီး နိုင်ငံသားစိစစ်ရေး

တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်မှုကြောင့် အခွန်ငွေ ဒေါ်လာ ၁ သိန်းခွဲရရှိ


တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းမှာ တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်ရေး ဆောင်ရွက်တဲ့ သီတင်းနှစ်ပတ်အတွင်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ ကောက်ခံရရှိခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
အခုလ ၁ ရက်ကစပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်တဲ့ Mobile Team အဖွဲ့တွေက စစ်ဆေးခဲ့ရာမှာ တွေ့ရှိတဲ့ တရားမ၀င်ကုန်ပစ္စည်းတွေကို လိုင်စင်ပေးဆောင်စေပြီး တရားဝင်ကုန်သွယ်ခွင့်ပြုခဲ့ရာမှာ အခုလို အခွန်ကောက်ခံရရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် နယ်စပ်ကုန်သွယ်မှုပမာဏလည်း တိုးတက်လာတယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

ဆီတွဲရထားတိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာသူများထဲက ၂၉ ဦး သေဆုံး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က လောင်စာဆီတင်တဲ့ ရထားမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး မီးလောင်လူနာ ၈၀ ကျော် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ပါတယ်။
ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတဲ့ လူနာ ၈၀ ကျော်ထဲက ဒီနေ့အထိ သေဆုံးခဲ့သူ လူနာ ၂၉ ဦး ရှိသွားပြီဖြစ်ပါတယ်။
ကျန်နေတဲ့ လူနာတွေ အခြေအနေနဲ့ ကျန်းမာရေး လိုအပ်ချက်တချို့ကို

ဝန်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ


အစိုးရ၀န်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးစားမှုတွေကို အချိန်တခုပေးပြီး နိုင်ငံတော်ကို ပြန်လည်ပေးသွင်းစေဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။
ဝန်ကြီးဌာန ၁၅ ခုရဲ့ ငွေအလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ထဲကျင်းပတဲ့ လွှတ်တော်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အရေးကြီးတွေ့ရှိချက်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့ပါတယ်။

တိုင်းရင်းသားအဖွဲ့များနှင့် ရှေ့နေများ သမ္မတအိုဘားမားထံ စာပို့တောင်းဆို


မြန်မာနိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာအောင် အကူအညီပေးဖို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က အမေရိကန်သမ္မတ အိုးဘားမားထံကို တောင်းဆိုလိုက်ပါတယ်။
မနေ့တုန်းက သမ္မတအိုဘားမား မြန်မာပြည်မှာရှိတုန်းက တောင်းဆိုစာပေးခွင့် မကြုံခဲ့လို့ ဒီနေ့ ရန်ကုန်မြို့က သံရုံးကို စာပေးပို့ တောင်းဆိုခဲ့တယ်လို့ ရှေ့နေများကွန်ရက်ပြောခွင့်ရသူ ရှေ့နေ ဦးကိုနီက ပြောပါတယ်။
“ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်နဲ့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေး ဒီကိစ္စ ၂ ခုကို

လက်ပန်းတောင် စီမံကိန်းရပ်တန့်ရေး သပိတ်တား


တောင် ၃၃ လုံးကို ဖြိုချနေသည့် လက်ပန်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးကန့်ကွက်တားဆီးနေသော ရဟန်း၊ ရှင် လူများ။( ၁၁၊ ၂၀၊ ၂၀၁၂။)

လက်ပန်းတောင်း ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီတို့က ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေနဲ့အတူ သံဃာအပါး ၂၀၀ ကျော်က စီမံကိန်းရပ်တန်ရေးအတွက် သပိတ်စခန်း ၃ ခုဖွင့်ပြီး တားဆီးလိုက်ပြီးတဲ့နောက် စီမံကိန်း လုပ်နေ တာတွေ လက်ရှိမှာ ရပ်တန့်နေပါတယ်။ အခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အာရှ-ပစိဖိတ် လုံခြုံရေးအခြေအနေ ဂျပန် စိုးရိမ်


အမေရိကန်သမ္မတ အိုဘားမား (ဝဲဘက် ဒုတိယ)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နို့ဒ (ယာ အစွန်) အာဆီယံ အစည်းအဝေးတွင် တွေ့မြင်ရပုံ။(၁၁၊ ၂၀၊ ၂၀၁၁၂။)

အာရှ-ပစိဖိတ်ဒေသမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတဲ့အပေါ် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒ က သတိပေးပြောဆိုလိုက်ပါတယ်။ ၀န်ကြီးချုပ် နို့ဒဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးပြင်ပမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ကုလားမိသားစု ၄၀ ခန့် သရက်အုပ်ရွာတွင် ပြန်လည်ရောက်ရှိ






MarmBraရခိုင်ပြည်အတွင်း ကုလား-ရခိုင်အဓိကရုဏ်း တစ်ကျော့ပြန်ဖြစ်ပွားပြီးနောက်ပိုင်း မိမိနေအိမ်များကို မီးရှို့ထွက်ပြေးသွားသည့် ကုလားများ နိုဝင်ဘာ ၁၇ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ရွာသို့ ပြန်လည်ရောက်ရှိနေကြသည်ဟု ဒေသခံ တစ်ဦး၏ သတင်းပေးပို့ချက်အရသိရသည်။
သရက်အုပ်ရွာမှာ ကုလား-ရခိုင် အဓိကရုဏ်းမဖြစ်မီအချိန်ထိ

ရာမူး ဘုန်းတော်ကြီးကျောင်းများမှ လုယက်ခံခဲ့ရသော ဗုဒ္ဓဆင်းထုတော်များ ဆက်လက် ဖမ်းဆီး ရရှိ


ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများမှ လုယက် ယူငင်သွားခဲ့သော ဗုဒ္ဓ ဆင်းထုတော်များကို ဆက်လက် ဖမ်းဆီး ရရှိသည်ဟု သတင်း ရရှိသည်။
ရာမူး ရဲစခန်းမှ ပြန်လည် ဖမ်းဆီးရမိခဲ့သော ဆင်းထုတော် တစ်ဆူ။
၅ လက်မ အမြင့်ရှိပြီး ကီလိုဂရမ် ၇၅၀ အလေးချိန်ရှိသော ယူရေနီယမ် ( Uranium) နှင့် တစ်ခြား သတ္တုများဖြင့် ရောစပ် ပြုလုပ်ထားသော ဗုဒ္ဓဆင်းထုတော် တစ်ဆူကို ဒက္ကားမြို့တော်ရှိ ဘန်ချန်တက်  ဧရိယာအတွင်းမှ ရဲက တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့သည်။

အိန္ဒိယ အာသံ ဆူပူမူ နောက်ထပ် လူ ၄ ဦး သေဆုံး


အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ ဘိုဒို တိုင်းရင်းသားတွေနဲ့ အခြေချ နေထိုင် ရန် ရောက်လာ တဲ့ မွတ်ဆလင်တွေ အကြားမှာ ရန်မီးကတော့ မပြေငြိမ်းနိုင်သေးတဲ့ အပြင် နောက်ထပ် လူ ၄ ဦး အ သတ်ခံခဲ့ရတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
Photo by: REUTERS/Stringer
ဇွန်လ အတွင်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မူ ပဋိပက္ခတွေနဲ့ မရှေးမနှောင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အိန္ဒိယ အာသံက ဆူပူ အကြမ်းဖက်မူဟာ ရခိုင်က ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူနဲ့ ပုံစံတူပြီး လူပေါင်း

မောင်တောတွင် အိမ် ၅ လုံး မီးလောင်


မောင်အေး
မောင်တောမြို့နယ်တွင် မီးရှို့မူ တစ်ခု အတွင်း အိမ် ၅ လုံး မီးထဲ ပါသွားသည်ဟု သိရသည်။
“ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် မွတ်ဆလင်ရွာမှာ အိမ် ၅ လုံး မီးရှို့ခံရပါတယ်။ သူတို့ အချင်းချင်း ရှို့ကြတာလို့ ပြောတယ်။ အဲဒီ အနီးမှာ ရခိုင်ရွာတွေလည်း မရှိဘူး” ဟု အလယ် သံကျော်က အစိုးရ ၀န်ထမ်း တစ်ဦးက ပြောသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိလာသည့်နေ့တွင်  မီးရှို့မူ  ဖြစ်ပွားခြင်း ဖြစ်သည်။ မီးသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၈ နာရီကျော်ခန့်တွင်

facebook မှကြည့် ချင်ရင် like လုပ်ပါ