ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 November 2012

တရားမ၀င်ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းကြေညာ


ထိုင်းအစိုးရက လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသားစိစစ်မှု မလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ ကမ္ဘောဒီးယားနိုင်ငံက  ၄ သောင်း နဲ့ လာအိုနိုင်ငံက ၉ သောင်း ၉ ထောင် ပါတယ်လို့ ထိုင်းအလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်  Pravit Khiengpol ပြောကြားချက်ကို ထိုင်းသတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဧာတ်ပုံ - thairath)
လာအိုအစိုးရကတော့ သူတို့ထံက တာဝန်ရှိသူတွေကို စေလွှတ်ပြီး နိုင်ငံသားစိစစ်ရေး
လုပ်ကိုင်ဆောင်ရွက်ရာမှာ ကူညီမယ်လို့ အကြောင်းကြားခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း အချိန် နီးကပ်နေသလို ဒီလုပ်ငန်းစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကပါ ပါဝင်ဆောင်ရွက်ရတာ ဖြစ်လို့ အချိန်လင့်ပြီး ရက်လွန်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။
နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၁၄ ရက်နေ့ပြီးရင် အလုပ်သမားဌာနက ထိုင်းနိုင်ငံတွင်း တရားမ၀င်နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကြေညာဖို့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအခါ တရားမ၀င်နေထိုင်သူတွေဟာ ထိုင်းနိုင်ငံကနေ နယ်စပ်ဂိတ်ပေါက်တွေကနေ ကိုယ့်ဇာတိမြေကို ပြန်ကြရမယ်။ ဒါမှမဟုတ်ရင် လူဝင်မှုကြီးကြပ်ရေးရုံးတွေကို ဆက်သွယ်ပြီး ပြန်လည်ပို့ဆောင်ပေးဖို့ အကြောင်းကြားရမယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ပျက်ကွက်သူတွေကို ဖမ်းဆီးပြီး တရားစွဲဆိုမယ်လို့ အလုပ်သမားရေးရာဌာန ညွှန်ချုပ်က ပြောပါတယ်။
ထိုင်းအစိုးရက လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်ခင် နိုင်ငံသားစိစစ်ကြဖို့ အစောပိုင်းကာလက သက်တမ်းတိုးပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်း စတာတွေမှာ လုပ်ကိုင်နေကြပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ