ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 November 2012

ဝန်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ


အစိုးရ၀န်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးစားမှုတွေကို အချိန်တခုပေးပြီး နိုင်ငံတော်ကို ပြန်လည်ပေးသွင်းစေဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။
ဝန်ကြီးဌာန ၁၅ ခုရဲ့ ငွေအလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ထဲကျင်းပတဲ့ လွှတ်တော်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အရေးကြီးတွေ့ရှိချက်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
“ပြည်ထောင်စုစာရင်းစစ်ချုပ်က အလွဲသုံးစားတဲ့ကိစ္စတွေ၊ ဘဏ္ဍာငွေကိစ္စတွေမှာရော ပြည်သူ့ငွေစာရင်း ပူးပေါင်းရေးကော်မတီက လွှတ်တော်ကို တင်တဲ့ အစီရင်ခံစာကိုတော့ သဘောတူကြောင်း ဆုံးဖြတ်ထားတာတော့ ရှိတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာမှာ တချို့ဟာတွေက အလွဲသုံးစားရှိတဲ့ဟာတွေကတော့ ၀န်ကြီးဌာနတချို့ အရေးယူထားတာတွေ ရှိတယ်။ တချို့ ရာထူးချထားတာတွေ ရှိတယ်။ တချို့က အချိန်ပေးပြီးတော့ ပစ္စည်းတွေကို ရောင်းချထုခွဲပြီးတော့ ပြန်ဆပ်ခိုင်းထားတာတွေ ရှိတယ်။ တချို့ကျတော့လည်း အချိန်ပေးပြီးတော့ ဖြေရှင်းပေးဖို့ ရက်သတ်မှတ်ပေးပြီး လုပ်ဖို့ဆိုတာတွေ ရှိတယ်။ အဲဒါကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာအဆိုတင်တော့ သဘောတူထားတာတော့ ရှိတယ်။”
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကိုလည်း သူက ခုလို ပြောပြပါတယ်။
“အလွဲသုံးစားဆိုတာက ဥပဒေရှိတယ်။ ရာဇသတ်ကြီး ဥပဒေလည်း ရှိတာပဲ။ ပြည်သူပိုင်ပစ္စည်းကာကွယ်မှု၊ အများပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ အပက ၃ လည်း ရှိတာပဲ။ ဘယ်ဌာန ဘယ်သူပဲဖြစ်ဖြစ် အလွဲသုံးစားဖြစ်ရင် ဥပဒေနဲ့အညီ အရေးယူဖို့ဆိုပြီး ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။”
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံး မှန်းခြေ ငွေစာရင်းများအရ ဝန်ကြီးဌာန ၁၅ ခုက နိုင်ငံတော် သို့ ကျပ်သန်းပေါင်း ၅၀၀၀ ကျော် ပေးသွင်းဖို့ ကျန်ရှိနေတဲ့အကြောင်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ  ပြည်ထောင်စု စာရင်းစစ်ချုပ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ပြောကြားခဲ့ပြီးတဲ့နောက် ၀န်ကြီးဌာနအချို့က သူတို့ဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ ပတ်သက်ပြီး အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ