ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 September 2012

အောက်တိုဘာ ၁၇ ရုပ်ရှင် ဂီတ ပဒေသာ ဖျော်ဖြေပွဲမှာ မပါဝင်တဲ့ အကြောင်း ရှင်းလင်း







မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ဖျော်ဖြေရေး အနေနဲ့ ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲကြီးနဲ့ King & Queen မော်ဒယ်လ်ရှိုး ပြိုင်ပွဲကို ၂၀၁၀ အောက်တိုဘာ ၁၆၊ ၁၇ရက်မှာ ပြုလုပ်မယ် ဆိုတဲ့အကြောင်း စာနယ်ဇင်းကို ၂၀၁၀ စက်တင်ဘာ ၁၆ရက်က ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။


အောက်တိုဘာ ၁၇ရက်မှာ ကျင်းပမယ့် ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲကြီး ပြုလုပ်မယ်လို့ စီစဉ်ထားပေမယ့် အခုမှာတော့ မပါဝင် ဖြစ်တော့ပါဘူး။ အောက်တိုဘာ ၁၇ရက်မှာ လုပ်မယ့် ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲကို မေသန်းနု၊ ဒါရိုက်တာ မောင်သီတို့က စီစဉ် တင်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဖျော်ဖြေပွဲမှာ မပါဝင် ဖြစ်တဲ့အကြောင်း ရှင်းလင်းမှုကို ၂၀၁၀ အောက်တိုဘာ ၁၄ရက်က စီးတီးစတား ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲ အစီအစဉ်မှာ ပါဝင်တဲ့ မေသန်းနုက "မဆင့်တို့ရဲ့ ရုပ်ရှင်၊ ဂီတ ပဒေသာ ဖျော်ဖြေပွဲကြီးကို မျှော်လင့်နေတဲ့ ပရိသတ်ရှိတယ်။ အနုပညာရှင်တွေ အများဆုံး ပါဝင် တင်ဆက်မှာဆိုတော့ သူတို့တွေကိုချစ်တဲ့ ပရိသတ်တွေက ကြည့်ချင်ကြမှာပဲ။ အဲဒီအတွက် ပရိသတ်ကို တောင်းပန်ပါတယ်။ ရက်နီးကပ်မှာ ပြောရတဲ့ အတွက်လည်း တောင်းပန်ပါတယ်။ တချို့တွေ ကလည်း လက်မှတ် ကြိုဝယ်ထားတာ ရှိတော့ အနူးအညွတ် တောင်းပန်ပါတယ်။ ပွဲအတွက် တာဝန်ရှိတဲ့ သူတွေက လက်မှတ်နဲ့ ငွေကြေး ပြန်လဲလှယ်ပေးဖို့ ကြေညာပေးမယ်လို့ ပြောထားတယ်။ ဒီပွဲမှာ ပါဝင်မယ့် အနုပညာရှင်တွေကို မဆင့်က ဆက်သွယ်ပေး၊ ကူညီပေးတယ်။ ဒီပွဲမှာ သီချင်းသစ်တွေရော၊ အဟောင်းတွေရော ပါဝင်ဖို့ စီစဉ်ထားတာ၊ လုပ်နေကျ မဟုတ်ဘဲ။ အမြင်တစ်မျိုးလေး ဖြစ်အောင် မဆင့်က လုပ်ပေးပါပြောလို့ ကိုရန်လေး၊ မမို့တို့က စဉ်းစားပေးထားတာ။ အားစိုက်ထားတဲ့ အနုပညာရှင် တွေကိုလည်း မဆင့် တောင်းပန်ပါတယ်။ ရက်ကပ်ပြီးမှ ဖြစ်တဲ့အတွက် အားလုံးက နစ်နာတယ်လေ။ အနုပညာလည်း နစ်နာတယ်" လို့ မပါဝင် ဖြစ်တော့တဲ့ အတွက် ပရိသတ်ကို တောင်းပန်စကား ဆိုပါတယ်။



မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် (ရန်ပုံငွေ) ဖျော်ဖြေရေး ဒီပွဲရက်ကို ရွှေ့ထားတယ်လို့ သိရပြီး ရွှေ့ပြောင်းတဲ့ ရက်မှာလည်း မေသန်းနုတို့ စီစဉ်တဲ့ အစီအစဉ် မပါဝင်တော့ကြောင်း သိရပါတယ်။ ဒါရိုက်တာ မောင်သီ နှစ်၉၀ပြည့် ရုပ်ရှင် အထိမ်းအမှတ် အစီအစဉ်ရယ်၊ လူရွှင်တော်များနဲ့ မော်ဒယ်လ်ရှိုး အစီအစဉ်များကို တင်ဆက်ပေးဖို့ စီစဉ်ထားတာပါ။ ခေတ် အဆက်ဆက် အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ဝင်တေးများနဲ့ သရုပ်ဖော်မှု အစီအစဉ်ကို ဒီနေ့ခေတ် လူငယ် သရုပ်တောင် များနဲ့ တင်ဆက်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ "ဒီပွဲမှာ မပါဝင်တော့တဲ့ အတွက် ပရိသတ်ကို အဓိက ပြောချင်တာက ရုပ်ရှင် လောကသား၊ ညီအစ်ကို မောင်နှမတွေက ဒီပွဲအတွက် အားခဲထားကြတယ်။ ကိုယ်တတ်စွမ်းတဲ့ ဘက်က ကိုယ့်ကဏ္ဍ အလိုက် တင်ဆက် ပေးကြမှာလေ။ ကြိုတင် ပြင်ဆင်မှုတွေလည်း လုပ်ထားတယ်။ အဲ့ဒါကြောင့် ပရိသတ်ကို တောင်းပန်ပါတယ်။ အခု ကျွန်တော် စီစဉ်ထားတဲ့ စဉ်းစားထားတဲ့ အစီအစဉ်ကို MRTV-4 နဲ့ ပတ်သက်တဲ့ လူကြီးတွေကို ပြောပြပြီး ရုပ်ရှင်နှစ် ၉၀ပြည့် ဂုဏ်ပြု အစီအစဉ် အနေနဲ့ လုပ်မယ်လို့ စဉ်စားထားတယ်။ အနုပညာရှင်တွေကို တီဗွီပရိုဂရမ် တစ်ခုအဖြစ် လုပ်ဖို့တော့ အကြမ်းဖျဉ်း စဉ်းစားထားတာပဲ။ အ၀တ်အစား တွေလည်း ချုပ်ပြီးပြီ။ သီချင်းတွေလည်း သွင်းထားတယ်လေ" လို့ ဒါရိုက်တာ မောင်သီက ရှင်းပြခဲ့ပါတယ်။ ဒါရိုက်တာ မောင်သီက A-1တင်မောင်၊ မေရှင်တို့ရဲ့ ရုန်းတော်လွှတ်တော် သီချင်း၊ ကျော်ဟိန်း၊ တင်တင်ညို တို့ရဲ့ တကယ်ချစ်ရဲ့လား ချစ်တယ်တအား သီချင်းနဲ့ သရုပ်ဖော်မှုကို ဒီနေ့ခေတ် လူငယ် သရုပ်ဆောင် တွေနဲ့ ပုံဖော်ဖို့ စီစဉ်ထားတာပါ။ ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲအတွက် အဆိုရှင် အောင်နိုင်က မေသန်းနုနဲ့ ပွဲစီစဉ်သူတွေ ဖြစ်တဲ့ ကိုသန်းထွေး၊ ကိုစိုးမောင်တို့နဲ့ မိတ်ဆက်ပေးခဲ့ တာပါ။ ရှင်းလင်းပွဲမှာ "ပွဲအတွက် ပါမစ်ရအောင် လိုက်ပေးတယ်။ ပွဲရဲ့ ခေါင်းစဉ်အတွက်လည်း စီစဉ်ပေးခဲ့ပါတယ်။ ကျွန်တော့် တီးဝိုင်းနဲ့ ပတ်သက်တာကိုလည်း တာဝန်ယူပေးခဲ့တာပါ" လို့ အဆိုရှင် အောင်နိုင်ကလည်း ရှင်းပြခဲ့ပါတယ်။
ရွှေအမြုတေ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ