ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 January 2013

၂၀၁၂ ခုနှစ် အတွင်း သတင်းထောက် ၂၅ ဦး တောင်အာရှတွင် အသတ်ခံရ


ဘင်္ဂလာဒေခ်ျ့က အသတ်ခံခဲ့ရတဲ့ ရုပ်သံ သတင်းထောက် Sargor နဲ့ Runi - သားဖြစ်သူကတော့ တစ်ခြားကို ရောက်နေတဲ့ အတွက် အသက်ချမ်းသာရာ ရခဲ့ပါတယ်။နိုင်ငံ (၈) ခု ပါဝင်တဲ့ တောင်အာရှ
 နိုင်ငံတွေ အတွင်း ၂၀၁၂ ခုနှစ်မှာ
သတင်းထောက် ၂၅ ဦးထိ အသတ်ခံခဲ့
ရတယ်လို့ ဆိုပါတယ်။


အင်္ဂါနေ့က ထုတ်ပြန်တဲ့ South Asia Media Monitoring Report အရ သတင်းထောက်တွေ အများဆုံး အသတ်ခံခဲ့ရတဲ့ တိုင်းပြည်ကတော့ ပါကိစ္စတန် ဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်းမှာ ၁၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပါကိစ္စတန်ပြီးရင် ဒုတိယ အများဆုံး အသတ်ခံခဲ့ရတဲ့ တိုင်းပြည်ကတော့ မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံ ဖြစ်ပြီး ၅ ဦးအသတ်ခံရ ပါတယ်။ တခြား မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့မှာတော့  ၃ ဦး အသတ်ခံရကာ တတိယ နေရာက လိုက်ပါတယ်။

နီပေါနဲ့ အာဖဂန် နိစ္စတန်ကတော့ နှစ်ဦးစီ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်အာရှ နိုင်ငံတွေထဲမှာတော့ ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ၊ ပါကိစ္စတန်၊ ဘူတန်၊ နီပေါ၊ မောလဒိုက်၊ အာဖဂန် နိစ္စတန်နဲ့ သီရိလင်္ကာတို့ ပါဝင်ပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှာ အသတ်ခံခဲ့ရတဲ့ သတင်းထောက် (၃) ဦးထဲမှာ ငယ်ရွယ်တဲ့ ရုပ်သံ သတင်းထောက် လင်မယားနှစ်ဦးလည်း ပါဝင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ တိုက်ခန်းမှာ နေထိုင်နေစဉ် အမည်မသိသူတွေက ၀င်ရောက်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်ထိတော့ တရားခံတွေကို ဖေါ်ထုတ် နိုင်တာ မရှိသေးပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ် (၁) ခုအတွင်း ဘင်္ဂလာဒေခ်ျ့မှာ အသတ်ခံရတဲ့ သတင်းထောက် အရေအတွက်ဟာ ၂၇ ဦးးရှိတယ်လို့ South Asia Media Commission  ဥက္ကဌ မိုင်ဇနုမ် ရာဟမန်က ပြောပါတယ်။

 နိရဉ္စရာ

 ဘင်္ဂလာဒေခ်ျ့က အသတ်ခံခဲ့ရတဲ့ ရုပ်သံ သတင်းထောက် Sargor နဲ့ Runi – သားဖြစ်သူကတော့ တစ်ခြားကို ရောက်နေတဲ့ အတွက် အသက်ချမ်းသာရာ ရခဲ့ပါတယ်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ