ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 January 2013

ကချင်မှာ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို


မြန်မာစစ်တပ်က ကချင်ပြည်နယ်မှာ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း
ကချင်ပြည်နယ်ကို အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ကုလသမဂ္ဂအကြီးအကဲက လေးလေးနက်နက် မှတ်တမ်းယူနေတယ်လို့ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ မာတင် နပ်စ်ရှီကီ (Martin Nesirky)  က ပြောပါတယ်။

သတင်းအချက်အလက် အသေးစိတ်တွေကလည်း ဆက်လက် ထွက်ပေါ်နေပြီးတော့ အနီးကပ်ကို စောင့်ကြည့်နေပါတယ်လို့ သူရဲ့ ပြောခွင့်ရက ပြောပါတယ်။
ဒီနေရာမှာနေထိုင်တဲ့ အရပ်သားတွေရဲ့ အိုးအိမ်စည်းစိမ်ကို ထိခိုက်နိုင်တဲ့ အပြုအမူတွေနဲ့ ဒေသတွင်း ပြဿနာကို ပိုမိုဆိုးဝါးလာစေတဲ့ အခြေအနေတွေကို စွန့်လွှတ်ဖို့လည်း အထွေထွေ အတွင်းရေးမှူးက တောင်းဆိုလိုက်ပါတယ်။
ပြဿနာအတွက် မျှတပြီးတော့၊ ရေရှည် အဖြေတခုကို ရှာဖွေဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ အလားတူ အမေရိကန် အစိုးရကလည်း အစိုးရတပ်နဲ့ ကချင်သူပုန်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ လေယာဉ်တွေအသုံးပြုတာကို စိုးရိမ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန်က အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တွေကို ပြဿနာကို အမြန်ဆုံး ရပ်တန့်ဖို့ တိုက်တွန်းပါတယ်။
၂၀၁၁ ဇွန်လမှာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ရပြီးတော့ စစ်ပွဲကြောင့် ဒေသတွင်းက အရပ်သား ၇ သောင်းခွဲလောက်လည်း စစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
မကြာသေးခင် သီတင်းပတ်မှာတော့ အစိုးရက ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီး လဂျားယန်ကို ထိုးစစ်ဆင်ခဲ့ပါတယ်။
အစောပိုင်းမှာ လေတပ်ကို တပ်ဖွဲ့တွေအတွက် ရိက္ခာပို့ဆောင်ရာမှာ အသုံးပြုတယ်လို့ အစိုးရက ပြောဆိုခဲ့ပေမယ့် ဇန်န၀ါရီ ၁ ရက်နေ့မှာတော့ စစ်တပ်က လေတပ်ကို အသုံးပြုပြီးတော့ ထိုးစစ်ဆင်ခဲ့တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း လေယာဉ်တွေအသုံးပြုတိုက်ခိုက်နေတဲ့ အပေါ် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အခုလို ပြောပါတယ်။
“လေယာဉ်ပျံနဲ့ တိုက်လာတဲ့အထိ လုပ်တာမကောင်းဘူး။ တိုင်းရင်းသားအချင်းချင်းပဲ ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်ကြရင် ကောင်းတာပေါ့။ တပ်ကိုလည်းမေတ္တာရပ်ခံချင်တာက ရှေ့ဆက်လက်ပြီး တိုင်းသူပြည်သား တိုင်းရင်းသားတွေကို တိုက်ခိုက်တာက ဒေသမှာရှိနေတဲ့ ကလေးသူငယ်၊ အဘိုးအို၊ အဘွားအို၊ တိုင်းရင်းသားတွေ သိပ်ဒုက္ခရောက်တာ။ ဒါ မလုပ်သင့်ဘူး၊ မဖြစ်သင့်ဘူး။ ရပ်သင့်တယ်။ ဒါအားလုံးပါဝင်ညှိနှိုင်းဆွေးနွေးဖို့ အဖွဲ့ချုပ်က တိုက်တွန်းနေတာ၊ အဖွဲ့ချုပ်ရဲ့မူ။ အစောကြီးကလည်းပြောနေတာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီစကားတွေကို ထပ်ခါတလဲလဲပြောနေတာ၊ အကုန်လုံး ပါဝင်နိုင်အောင် လက်နက်ကိုင်အကြမ်းဖက်လုပ်ကိုင်တဲ့နည်းတွေ မလုပ်အပ်ဘူး၊ မလုပ်ရဘူးဆိုတာ အစောကတည်းက မေတ္တာရပ်ထားတာပဲ။ အပစ်အခတ် အကုန်ရပ်စဲကြပါ။ ပြီးရင် ကိုယ့်နေရာကိုယ် ပိုနေမြဲကျားနေမြဲ ပြန်နေပါ။ ဆွေးနွေးစရာရှိတာ ဆွေးနွေးပါ။ ဆွေးနွေးကြည့်ရင်တော့ အဖြေတခုခုတော့ ရမှာပေါ့။”
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က ဒီပြဿနာဟာ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည်တိုးတက်ဖို့ အတွက် အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့ပေမယ့် အခုလို တိုက်ခိုက်တာတွေဟာ သဘောတူညီချက်က မရိုးသားတဲ့ ဟန်ဆောင်မှုတခုလို ဖြစ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ