ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 November 2012

မောင်တောတွင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဗန္ဓုလကျေးရွာအနီးမှာ နိုဝင်ဘာ ၁၁ ရက်နေ့က အစိုးရတပ်နဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တခု ထိတွေ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် လူ ၁၅ ဦးကို အစိုးရတပ်က ဖမ်းဆီးရမိထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီရွာနားမှာ လွန်ခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေက စစ်မြေပြင် အင်ဂျင်နီယာတပ် (ဂျီးအီး) က အရာရှိတဦးကို ပစ်သတ်ပြီး သုံးဦးကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဖမ်းခံရသူတွေကို ပြန်လည်ရှာဖွေဖို့ သွားရောက်တဲ့ တပ်မတော်တပ်ဖွဲ့နဲ့ သေနတ်သမားတွေ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ပြီး လူ ၁၅ ဦးနဲ့ သေနတ် အလက် ၃၀ ဖမ်းဆီးရမိတယ်လို့ သတင်းက ဆိုပါတယ်။
အဲဒီ ၁၅ ဦးကို မောင်တောမြို့နဲ့ ခုနှစ်မိုင်ခန့်အကွာမှာရှိတဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ကွပ်ကဲရေးစခန်း (နစက) မှာ စစ်ဆေးမေးမြန်းနေတယ်လို့ နစက သတင်းရပ်ကွက်ကို ကိုးကားပြီး နယ်မြေခံက ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတယ်လို့ ကောလာဟလတွေကြားတယ်။ ဒါပေမယ့် မသွားဘူး၊ မြန်မာပြည် တောထဲမှာ နေတာပေါ့။ အဲမှာ နစကရယ်၊ တပ်ရယ် သူတို့ကို ၀ိုင်းတယ်၊ တယောက်နဲ့ တယောက် ပစ်ခတ်တာပေါ့။ အဲမှာ လူအသေအပျောက်တော့ မရှိဘူး။ လူ ၁၅ ယောက်နဲ့ လက်နက် ၃၀ မိတယ်။ အဲဒါကို နစက အဖွဲ့က ပြီးခဲ့တဲ့ ၁၁ ရက်နေ့က လူ ၁၅ ယောက်ကို ခေါ်လာတယ်၊ လက်နက် ၃၀၊ လက်နက်ကြီးတွေပါ ပါတယ်။”
ဒီသတင်းကို ဒီဗွီဘီက တခြား သီးခြားအတည်ပြုချက် မရနိုင်သေးပါဘူး။
မောင်တောကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့က ဦးဝင်းမြိုင်ကို မေးကြည့်ရာမှာ   တိုက်ပွဲဖြစ်တဲ့သတင်းကို ကြားမိပေမယ့် တပ်ပိုင်းဆိုင်ရာကိစ္စကို သူမသိပါဘူးလို့ ဖြေပါတယ်။
“ဒါတော့ မသိဘူး။ ဒါပေမယ့် ဒီရောက်တဲ့ညက ပစ်တာခတ်တာတော့ သူတို့ပြောလို့ ကြားလိုက်တယ်။ ကျနော်တို့ အတိအကျတော့ မသိဘူး။ လုံခြုံရေးပိုင်းဆိုင်ရာကတော့ သိမယ်ထင်တယ်။”
မောင်တောမှာ ဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်လုပ်ရေး အခြေအနေနဲ့ ပေါက်တောမြို့နယ်တွင်းမှာ နိုင်ငံသားစိစစ်မှု လုပ်ဆောင်မှုအခြေအနေအကျဉ်းကို ဦးဝင်းမြိုင်က ခုလိုပြောပြပါတယ်။
“ဒုက္ခသည်တွေ မီးလောင်ထားတဲ့ အိမ်တွေပြန်ဆောက်ပေးတယ်. သူတို့ကလည်း တောင်းဆိုကြတယ်လေ။ ယူနီဆက်ဖ်နဲ့ ဆောက်မယ့် ကုမ္ပဏီကို မြန်မြန်လုပ်ဖို့ ပြောတယ်။ ကျနော်တို့ စစ်တာက ဟိုးအရင်က မှတ်ပုံတင်တွေပြန်စစ်တာလေ။ အရင် သူတို့မှာ နိုင်ငံသားဖြစ်မှု မှတ်ပုံတင်ပေါ့၊ ဧည့်နိုင်ငံသား လက်မှတ်တို့ဘာတို့ ပြန်စစ်တာ။ အသစ်ပေးတာမဟုတ်ပါဘူး အရင်ဟာပဲ စစ်တာ။”
မောင်တောမြို့မှာ တိုက်ပွဲဖြစ်တဲ့သတင်း၊ ဂျီအီးတပ်က တပ်ဗိုလ်သေနတ်ပစ်ခံရလို့ သေဆုံးသတင်းနဲ့ တပ်မတော်သား ၃ဦး ကို အမည်မသိအဖွဲ့ ဖမ်းဆီးခေါ်ဆောင်တဲ့ သတင်းတွေကို ပြည်ထောင်စု အစိုးရကရော၊ ပြည်နယ်အစိုးရကပါ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ