ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

မန်နေဂျာဖြစ်သူကို မကျေနပ်၍ အလုပ်သမား ၆၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သော အထည်ချုပ်စက်ရုံ ညှိနှိုင်းပြေလည်မှု ရရှိ



မန်နေဂျာဖြစ်သူကို မကျေနပ်၍ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တောင်ဒဂုံစက်မှုဇုန် ၁ ရှိ ၀န်ထမ်း ၆၀၀ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့သော Bright Light အထည်ချုပ်စက်ရုံမှာ ညှိနှိုင်းပြေလည်မှု ရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါစက်ရုံ၏ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
Bright Light အထည်ချုပ်စက်ရုံ၏ ညှိနှိုင်းတိုင်ပင်မှုမှာ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဆင်ပြေလည်မှု ရရှိသွားပြီး ညှိနှိုင်းခဲ့သည့် အချက်များတွင် စက်ရုံပိုင်ရှင်မှ မန်နေဂျာဖြစ်သူအား မထုတ်ပေးနိုင်သော်လည်း ကျေနပ်မှုမရှိသည့် ၀န်ထမ်းများအနေဖြင့် နစ်နာကြေးယူကာ အလုပ်မှထွက်နိုင်ကြောင်း၊ အဆောင်နေထိုင်ခွင့် စသည့်အချက်များအား ညှိနှိုင်းပြေလည်မှု
ရရှိသွားခဲ့ကြောင်း သိရသည်။
Bright Light အထည်ချုပ်စက်ရုံ ၂ ရုံတွင် အလုပ်လုပ်နေသည့် ၀န်ထမ်း ၈၀၀ ကျော်ရှိပြီး မန်နေဂျာအား ကျေနပ်မှုမရှိသဖြင့် ၀န်ထမ်း ၆၀၀ ကျော်မှာ နစ်နာကြေးယူကာ လုပ်ငန်းခွင်မှ ထွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
Bright Light အထည်ချုပ်စက်ရုံ၏ မန်နေဂျာဖြစ်သူမှာ အလုပ်သမား အုပ်ချုပ်သူအား ရာထူးပြောင်းရွှေ့လိုက်ခြင်း၊ အချိန်ပို မဖြစ်မနေဆင်းခိုင်းခြင်းတို့ ရှိသဖြင့် ၀န်ထမ်းအများစုမှာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
အဆိုပါစက်ရုံ၏ အလုပ်သမားများအရေး ဆောင်ရွက်ပေးခဲ့သော မသက်သက်အောင်က “ကျွန်မတို့ သိသလောက်က မန်နေဂျာက တနင်္ဂနွေနေ့တွေမှာ အချိန်ပိုဂျူတီကို မဖြစ်မနေ ဆင်းခိုင်းတယ်။ ဒါဟာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်တာပါ။ အခုဆန္ဒပြသွားတဲ့ လူတွေအားလုံးကတော့ နစ်နာကြေးယူပြီး အလုပ်ကထွက်မယ်လို့ သိရတယ်။ နစ်နာကြေးကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ပေးမယ်။ ပြီးတော့ အဆောင်နေခွင့်ကိုတော့ ၁၈ ရက်နေ့ထိ ခွင့်ပြုပေးမယ်လို့ သိရပါတယ်” ဟု ပြောသည်။
၂၀၁၂ ခုနှစ်အတွင်း အလုပ်သမား လုပ်ခလစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိခြင်းကြောင့် ဆန္ဒထုတ်ဖော်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၁၀၀ ကျော်ခန့်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။


eleven

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ