ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

တော်ဝင်သစ်ချောစက်ရုံက လုပ်သား ၁၇၀ ကျော်အား အမှုဖွင့်ထား

အကြမ်းဖက်အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ၀ါးတစ်ရာတော်ဝင်သစ်ချောစက်ရုံမှ လုပ်သား ၁၇၀ ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူနှစ်ဦးအား အားပေးအားမြှောက်မှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် လှော်ကားရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တော်ဝင်သစ်ချောစက်ရုံမှူး ဦးညွန့်သိန်းက ပြောသည်။

ဒီဇင်ဘာလ နောက်ဆုံးပတ်က အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရာတွင် အကြမ်းဖက် အငြင်းပွားမှုဖြစ်ရာမှ စက်ရုံတွင်း ရိုက်နှက်မှုများ ဖြစ်ပွာ ခဲ့ရာ စက်ရုံ၏ရုံးခန်း ပျက်စီးခဲ့ပြီး အလုပ်သမား ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် စတင်ရိုက်နှက်သည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

“သူတို့ဘက်က တစ်ဖက်သတ် စည်းကမ်းချက်တွေနဲ့ ချုပ်ဆိုတဲ့ EC စာချုပ်ကို အလုပ်သမားတွေကို အတင်းထိုးခိုင်းပါတယ်။ အဲဒါနဲ့ ဒါရိုက်တာနဲ့ ၀င်တွေ့မယ်၊ ကျွန်တော်တို့ အလုပ်သမားတွေကို ပြောတယ်။ ဘာကိုမှ ထိခိုက်မှု မလုပ်ပါဘူး။ ကတိပေးခိုင်းပြီးမှ ၀င်သွားတာ။ သူတို့ဘက်အစကတည်းက ငှားတဲ့သူတွေက အရင်စပြီး မှန်တွေကို ရိုက်ခွဲတယ်၊ သံတုတ်တွေလည်းပါတယ်” ဟု အလုပ်သမားကိုယ်စားလှယ် အမှုဖွင့် ခံရသူများတွင်ပါဝင်သော ကိုထက်ကိုဦးကဆိုသည်။

တော်ဝင်သစ်ချောစက်ရုံ ပိုင်ရှင် ဦးကိုကိုထွေးက “သူတို့က ရိုက်လည်းရိုက်သေးတယ်။ သူတို့ခဲတွေနဲ့ပေါက်၊ မှန်တွေရိုက်ခွဲ လို့ စက်ရုံမှူးတွေက သူတို့အခန်းထဲက စားပွဲအောက်မှာ ၀င်ပုန်းနေရတာ။ သူတို့အပြင်မှာဆူကတည်းက ရဲခေါ်ထားတာ။ ရဲတွေတောင် သူတို့ကို မလုပ်ရဲဘူး။ အုပ်စုလိုက် နဲ့ ၀ိုင်းရိုက်နေကြတာ။ ကားတွေ ကော၊ စက်ရုံထဲကပစ္စည်းတွေ ကော။ ရှင်းရှင်းပြောရရင် သူတို့ ဘက်မှာ ဘာသက်သေမှ မရှိတာ။ CCTV ကင်မရာပုံတွေတောင် ရဲ စခန်းကို ပို့ပြီးပြီ” ဟု ဆိုသည်။

အလုပ်သမား ၁၇၀ ဦးအား ဒီဇင်ဘာ ၂၆ ရက်က ပိုင်နက်ကျူးလွန်မှု၊ သေကြောင်းကြံစည်မှုနှင့် အကြမ်းဖက်မှုတို့ဖြင့် အမှုဖွင့်ထားပြီး အလုပ်သမားအရေးဆောင်ရွက်သည့် Action Labour Right မှ ဥက္ကဋ္ဌဦးကျော်ကျော်နှင့် တာဝန်ခံ ကိုကျော်မင်းအား အားပေးအားမြှောက်မှုဖြင့် အမှုဖွင့်ထားကြောင်း စက်ရုံမှူးဦးညွန့်သိန်းက ပြောသည်။ အလုပ်သမား များဘက်ကလည်း ရဲစခန်းတွင် ပြန်လည်အမှုဖွင့်ထားသည်။

အမျိုးသမီးလုပ်သားများအား ရိုက်နှက်ခဲ့သည့်အတွက် အမျိုးသမီးရေးရာအဖွဲ့သို့ တိုင်ကြားမည်ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်ဖြစ်သူ မအိဇာဖြူကလည်း ဆိုသည်။

 From : 7day

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ