ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 November 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ခေတ်မီ ဖွံ့ဖြိုး တိုး တက်ေ သာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူ လူထုနှင့် လက်တွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် မှန် ကန်ေ သာ ဒီမို ကရေစီကျင့်စဉ်များ ထွန်းကားစေရေး အတွက် ဥပဒေနှင့် အညီဆောင် ရွက်နိုင်ရန် သက် ဆိုင် ရာ ကဏ္ဍများ အလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း များရေးဆွဲ ပြဋ္ဌာန်းပေး လျက် ရှိ သည်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ သည်။ ဒီမိုကရေစီ ကျင့်စဉ်အား လေးစား လိုက်နာသော နိုင်ငံ သား များ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါ ဥပဒေ နှင့် နည်းဥပဒေများ အရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း ၍ ဆောင် ရွက်ခွင့် ရှိသည့် နည်းလမ်းများဖြင့် ဖော် ထုတ်ခွင့်၊ ဟောပြောခွင့် များကို စနစ်တကျ ဆောင်ရွက် ခွင့်ပြု ထားပြီြး ဖစ်သည်။
၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် ယခင်အစိုးရ လက်ထက်မှ စ၍ နိုင်ငံ့ စီးပွားဖွံ့ဖြိုး တိုး တက်ေ စရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်း ဆုံးဖြင့် နိုင်ငံ တကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို သို့ ဆောင် ရွက်ရာ တွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေး တွက်ခြေ ကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း မှုတို့ကို စနစ်တကျ တွက်ချက်ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာ တွင် ကောင်းမွန်သော ရည် ရွယ် ချက် များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအား စည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားေ စရန် ဆောင်ရွက်လာသည် ကိုတွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ေ ကြညာ ထားသည် ကို သိရှိလျက် သပိတ် စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းေ ထာက်ပံ့ရေး စနစ်များကို ဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက် အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့် မညီစွာ လူ စုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။
၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်း နယ်မြေ တစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်း အားလုံး သည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအ ချိန် ထားပြီး ဖယ်ရှား ရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြား ရှင်းလင်းခြင်း မပြုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တည်ဆဲ ဥပဒေများ အတိုင်း အဆင့် ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေး ထုတ်ပြန်ကြေ ညာခဲ့ သည်။ နောက်ဆုံး ထွက်ခွါပေးရန် သတ်မှတ်သည့် အချိန် မတိုင်မီ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့ စက် များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာ ရပ်ခံခဲ့သည့် အပြင်၊ သတ်မှတ် အချိန် ကျော်လွန် သွားခဲ့သည့် တိုင် ထွက်ခွာပေးခြင်း မရှိသည်ကို ထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။
၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာ များမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်း မရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်း စနစ်များ အတိုင်း အဆင့်ဆင့် ရှင်းလင်းေ ဆာင် ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်း နှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြု လျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံး များကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံ သုံးစွဲ ဆောင်ရွက် ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူများ ကို ပြည် သူ့ေ ဆးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ် မှုဖြင့် ဆေးဝါး ကုသပေး လျက် ရှိကြောင်း သိရှိရသည်။
၆။ ထိုသို့ဆောင်ရွက်ရခြင်းသည်  တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည် သူ တို့၏ အကျိုး စီးပွားအား ဥပဒေနှင့်အညီ အကာအ ကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီေ ဆာင်ရွက်ရ ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ