ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 November 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကမ္ဘာ့ဒုတိယ သြဇာအကြီးဆုံး ငြိမ်းချမ်းရေးဆု ရရှိ



ကမ္ဘာပေါ်တွင် နိုဘယ်ဆုပြီးလျှင် သြဇာအကြီးမားဆုံး ဆုဖြစ်သော ICG (နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့) ၏ ငြိမ်းချမ်းရေးဆုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရားဇီးသမ္မတဟောင်း Luiz Iuacio Lula da Silva နှင့်အတူ လက်ခံရရှိကြောင်း သိရကာ ယင်းဆုကို ၂၀၁၂ ခုနှစ် ဧပြီလတွင် နယူးယောက်မြို့၌ ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မရုံး အတည်ပြုချက်မှ သိရှိရသည်။ နယူးယောက်မြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်၌ ကျင်းပမည်ဖြစ်သော အဆိုပါ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်အနေဖြင့် တက်ရောက်ယူခြင်း ရှိမရှိကို တိတိကျကျ မပြောနိုင်သေးသော်လည်း အဆိုပါဆုမှာ သိန်းပေါင်းများစွာသော လူ့ဘဝများကို အသွင်ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့် ပဋိပက္ခများ ပြီးဆုံးရေးအတွက် လုပ်ဆောင်ပေးသော အစိုးရနှင့် ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိကပုဂ္ဂိုလ်များကို ဂုဏ်ပြုသည့် ဆုမျိုးဖြစ်ကြောင်း သိရသည်။ သိရသလောက် ပြောရရင် ဒီဆုက နိုဘယ်ဆုပြီးရင် သြဇာအကြီးဆုံး ဆုတစ်ခုပဲ။ နိုင်ငံတကာ အဖွဲ့ပေါင်းစုံက ထောက်ခံထားတဲ့ ICG က ပေးအပ်တာလို့ သိရတယ်” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ICG ၏ ဥက္ကဋ္ဌဖြစ်သူ Louise Arbour က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်း မြန်မာနိုင်ငံတွင် ယခင်က လုပ်ဆောင်ခြင်း မရှိခဲ့သော ပြုပြင်လုပ်ဆောင်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ဖြေလျှော့ပေးခြင်း၊ အတိုက်အခံပါတီများနှင့် ဆွေးနွေးမှု ပိုမိုလုပ်ဆောင်လာခြင်းတို့ကို လုပ်ဆောင်လာသည် ဟု တွေ့ရကြောင်း ပြောကြားသည်။ “နိုဘယ်ဆုမှာကတည်းက သတင်းတွေ ထွက်ခဲ့ပြီး ဒီဆုရရှိခဲ့ချိန်မှာ လည်း နိုင်ငံတကာက ထောက်ခံအားပေးကြောင်း ပြသသလိုပါပဲ” ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 





From : ခေတ်လူငယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ