ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 November 2012

ယနေ့ လက်ပံတောင်း အခြေအနေများအား အချိန်နဲ့ တစ်ပြေး ညီ ဖော်ပြနေ သည့် သတင်းဂျာနယ်များမှ ဖော်ပြချက်များ


သည်နေ့မနက် ၃း၀၀လောက်မှာ ရဲတပ်ဖွဲ့ဝင်များ မီးသတ်ပိုက်နဲ့ စတင်လူစုခွဲပြီးတဲများကို မီးရှို့ တာတွေေ ကြာင့် သပိတ် စခန်း၆ခုလုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၇၀ ၀န်းကျင် ရှိပြီး သည်လူတွေကို မုံရွာနဲ့ မန္တလေး ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ပုသိမ်-မုံရွာ လမ်းကို ရဲတပ်ဖွဲ့ဝင် များက ပိတ်ထား ပါတယ်။ လက်ပံတောင်းတောင် ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ညနေမှာ စစ်ကိုင်း တိုင်းဒေ သကြီး ၀န်ကြီးချုပ်၊ ၀မ်ဘောင် ကုမ္ပဏီနဲ့ ဦးပိုင်မှ တာဝန်ရှိသူ တွေ နဲ့တွေ့ဆုံဖို့ ခွင့်ပြုချက်တောင်း ထားတာ မှာ ခုထိအကြောင်းပြန်ချက် မရသေးဘူးလို့ အခင်းဖြစ်ပွားရာမှာ သတင်းယူနေတဲ့ မော်ဒန်မှ အယ်ဒီတာ တစ်ဦးကပေးပို့ပါတယ်။
-------------------------------------------------------------------------

ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သော မီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းေ ခါ် ဖော့စ ဖား ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ ဖော့စဖားသည် ထိမိသည့်ေ နရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ် အက်စစ်ဖြစ် ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေ ကိုပါေ လာင်ကြွမ်းနိုင်ခြင်း စသော အစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာ များတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်းဒဏ်ရာများ အရေပြား လောင်ကြွမ်း ဒဏ်ရာများ သည် ဖော့ စဖား ၏ အာနိသင်ကြောင့်ဟု ယူဆနိုင်သည်။ သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူး သဖြင့် လူစုခွဲရန်နှင့်အထိကရုန်းနှိမ်နင်းရာတွင်အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံြး ပုခြင်း မရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်ေ မးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် ထိုမီးေ လာင် ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့် အဖြူရောင် အက်စ စ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင် သူ ကျန်းမာရေးဝန်ထမ်းများဖြင့် အထူးဂရုပြုစစ်ဆေးသင့်ကြောင်း အကြံပြုအပ် ပါသည်။ (ရာဇာဓိ ရာဇာ)
----------------------------------------------------------------------------------------------------
မုံရွာ(မဇ္ဈိမ)။ မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ် စခန်းဖွင့်ကာ ဆန္ဒပြနေသော သံဃာ ထုအား ယနေ့ နံနက် ၃နာရီခန့်တွင် ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ် စီး ရပ် ကာ မီးသတ် ပိုက်ဖြင့် ရေဖြန်းလူစုခွဲလိုက်ပြီး မိနစ်ပိုင်းတွင်ပင် အသံတခုကြားကာ မီးလောင်ခဲ့ရာမှ သံဃာ အပါး ၅၀မုံရွာဆေးရုံ သို့ရောက်ပြီး ၁၀ပါးမှာ ပျောက် ဆုံးနေကြောင်း သပိတ် စခန်းမှ ဆရာတော် ဦးတေဇ က ပြောသည်။
သံဃာတပါးမှာ အခြေအနေ ဆိုးရွားသောကြောင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ကာ ကုသနေရပြီး ဒေသခံ မဖြူဖြူသင်းနှင့် မသွဲ့သွဲ့ဝင်းတို့လည်း ဒဏ်ရာများရရှိသွားခဲ့သည်။ ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် ရဲအင်အား ၅၀၀၀ခန့်ချထားပြီး ကုမ္ပဏီပရ၀ဏ်နှင့် အနီးတ၀ိုက်ကိုလည်း သံဆူးကြိုးများဖြင့် ကာရံထားသည်ဟု မုံရွာရောက် မဇ္ဈိမသတင်းထောက် မင်းမင်းက ပေးပို့သည်။
----------------------------------------------------------------
လက်ပန်းတောင်းတော င်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အ တွက် ဆန္ဒပြနေကြသော သပိတ် စခန်း(၆)ခုမှ ရဟန်း ရှင် လူပြည်သူ လူထုနှင့် လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အနီးရှိ (၂၆)ရွာ မှဒေသခံများ ကို သက်ဆိုင်ရာ က လူအင်အား လက်နက် အင်အားသုံး၍ ဖြိုခွင်းနှိမ်နင်း လိုက်ပြီးဖြစ်ကြောင်း သိရသည်။ “နံနက်(၃) နာရီခန့်မှာ အခုလို စတင်ပြီး ရဲတပ်ဖွဲဝင်တွေဆောင် ရွက် လိုက်တာပါ။ စစခြင်း မီးသတ်ကား နဲ့ ရေအား သုံးဖြိုခွဲတယ်။ အဲဒါပြီးတော့မှ မီးလောင်ဗုံး ခွဲတာပါ။ ၀မ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သပိတ် စခန်းကို စတင်ပြီး ဖြိုခွဲပါတယ်။ အဲဒါပြီးတော့ တစ်ဆက်တည်း မှာဘဲ လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အတွင် မှာ ရှိတဲ့ ဆရာ တော်သံဃာတော်တွေနဲ့ဒေသခံတွေ ရှိနေတဲ့ သပိတ်စခန်းတွေကို လည်း ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ရှိနေတဲ့ သပိတ် စခန်းများ နည်းတူ ဖြိုခွဲလိုက်ပါတယ်။
အခုလို ဆန္ဒပြမှုကို အာဏာပိုင်တွေ ဘက်ကနေ လက်နက် အင်အား လူအင်အားတွေ အစွမ်းကုန်သုံးပြီး ဖြိုခွင်း ခဲ့သော်လည်း ဆန္ဒပြ ရဟန်းရှင်လူပြည်သူများဘက်ကတော့ ပြန်လည်ပြီး တိုက်ခိုက်တာမျိုးတွေ လုံးဝ မရှိခဲ့ဘဲ အေးအေး ချမ်းချမ်းနဲ့ လူစုခွဲခဲ့ကြပါတယ်။ လူစုခွဲပြီး အေးအေးဆေးဆေးပြန် လည်ပြီး ထွက်ခွာ လာခဲ့ကြတဲ့ ဆရာတော် သံဃာေ တ်ာတွေ ပြည်သူတွေကို ရဲတပ်ဖွဲ့က နေလိုက်လံပြီး ခြောက်လှန့် ရိုက်နှက် တာတွေပြုလုပ်လို့ အိမ်ပြန်မရောက်ဘဲ လမ်းသင့်ရာကိုထွက်ပြေးကြရတယ်”လို့ အဆိုပါ ဆန္ဒပြမှု တွင် ပါဝင် ခဲ့သူတစ်ဦးကဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်သူလူထုအထိအခိုက်များရှိခဲ့ပြီး ရဟန်း သာ မဏေ များ မှာထိခိုက်မှု ပိုမိုပြင်း ထန်ခဲ့တယ်လို့လည်းသိရပါတယ်
-------------------------------------------------------------------------------
ယမန်နေ့ အာရုဏ် တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ် စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်ြး ခင်းေ ကြာင့် သံဃာတော်များနှင့် ရွာသူ ရွာသားများ ဒဏ်ရာ ရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက် ၍ ပြည် သူ လူထု၏ ယုံကြည်မှုပျောက် ကွယ်နိုင်ကြောင်း အရှင်အာစရာ လင်္ကာရ(ကိုးဘွဲ့ရ) ဆရာတော်က မိန့်ကြား သည်။

အစိုးရက ပြည်သူ လူထုသည် မိဘ၊ ပြည်သူလူထု အသံကို နားထောင် ပါသည်ဟု စကားကြီး စကားကျယ် ထပ်တလဲလဲ ပြောဆိုပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပြည်သူ လူထု၏ ယုံကြည်မှု ပျောက်ကွယ်ပြီး လုံးပါး ပါးနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

လက်ပန်းတောင်းတောင် ကိစ္စသည် နှစ်ပေါင်းများစွာ အမြစ်တွယ် လာသော ကချင်၊ ရခိုင် အရေးများ ကဲ့သို့ ဖြေရှင်း ရန် ခက်ခဲသော အရာ မဟုတ်ပဲ၊ မြစ်ဆုံကဲ့ သို့ ကြီးမားသော ပြသနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လက် ပန်းတောင်းတောင် အရေးမှာ ဖြေရှင်းရန် ခက်ခဲသော ကိစ္စ မဟုတ်ဟု ဆရာတော်က ဆိုသည်။
“သနားလည်း သနားတယ် မေတ္တာလည်း ပို့ပါတယ်”ဟုဆရာတော်က မိန့်ဆိုသည်။
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် လက်ပံတောင်းေ တာင်ကြေးနီစီမံကိန်း ၏ လတ်တလြော ဖစ်စဉ် များနှ င့် ပတ် သက်ပြီး သွားရောက်လေ့လာ မှုများပြုလုပ် ရန် ယခု နံနက် ၁၁နာရီခွဲတွင် မုံရွာမြို့နှင့် ၁၂မိုင်ခန့် အကွာ၊ လက်ပံေ တာင်းတောင်နှင့် မိုင် ၂၀ ကျော် အကွာရှိ ချောင်းဦးမြို့ တွင်ရောက် ရှိနေပြီဖြစ်ကြောင်း ရန်ကုန် မီဒီယာဂရုပ် သတင်းထောက်မှ သတင်းပေးပို့သည်။
------------------------------------------------------------------------------------

မုံရွာလ က်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ် စခန်းများကို ဖြိုခွင်း ရာတွင် ဓါတု လက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေ သည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့် သတင်းမှာ မမှန် ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည်ကိုမူ သိထားပြီး ရဲတပ် ဖွဲ့ သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက် နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

နိင်ငံတကာ၏ တုံ့ပြန် ပြောဆိုမှုများကို စောင့်ကြည့်နေသည်ဟု ၄င်းကဆိုသည်။
------------------------------------------------------------------------------------
ထိုင်သပိတ် ဆန္ဒ ထုတ်ဖော်နေသော ပခုက္ကူ အလယ်တိုက် မှ သက်တော်  ၂၅နှစ် ရှိ ဦး စန္ဒောဘာသ ၏ ပေါင်ပေါ်သို့ မဲမဲ အလုံးကြီး ကျရောက်ပြီး  အနီးကပ် ပေါက်ကွဲမှု ကြောင့် မျက်နှာနှင့် ခန္ဒာကိုယ် တစ်ခုလုံး
လောင်ကျွမ်းခဲ့ကြောင်း ဆရာတော်နှင့် အနီးကပ် ရှိသူ ဦးဇဝန   က ပြောကြားသည်။

ဒဏ်ရာ သေးသေး ကြီးကြီး အသားတွေ ကျက်သွားကြောင်း၊ သံဃာ   အပါး ၆၀ ကျော် အပါအဝင် ဒဏ်ရာရသည့် သူများ အားလုံး ကို ဆေးရုံသို့ ပို့ထားပြီး ၁၀ပါးက ဒဏ်ရာ ပြင်းထန်သည်ဟု ဆရာတော်က ဆိုသည်။ (The Voice)

----------------------------------------------------------------------------------------------
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဆန္ဒပြသပိတ်စခန်း (၆) ခုစလုံးကို ယနေ့နံနက် ၃ နာရီခန့်တွင် အင်အား ၅၀၀၀ ဖြင့် မီးရှို့ဖြိုခွင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၃၀ ကျော် နှင့် လူအများအပြား မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး စခန်း(၆)ခုစလုံး မှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။

"ဒီနေ့မနက် ၃ နာရီလောက်မှာ မီးသတ်ပိုက်နဲ့ အရင်ဆုံးထိုးတယ် ပြီးတော့ မီးလောင်ဗုံးတွေနဲ့ပစ်တယ် ၊ သင်္ဃန်းပေါ်တွေကျတာခါချရင်း မီးလောင် ဒဏ်ရာတွေရ ကုန်တယ် ၀က်မှေးရွာက မဖြူဖြူဝင်းဆိုရင် မျက်နှာရောလက်မောင်းပါ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ် ၊ သပိတ်စခန်း (၆)ခုမှာ သံဃာတော် အပါး ၃၀၀ ကျော် နဲ့ လူတစ်ရာကျော် လောက်စခန်းထဲမှာရှိနေကြတယ် ဒဏ်ရာရတဲ့သူတွေက အသားမှာ မီးလောင်တဲ့ဒဏ်ရာတွေ ရကြတယ် " ဟု သပိတ်ကို ဦးဆောင်သူ ကိုယ်တိုင် အရိုက်ခံခဲ့ရသူ ကိုဝင်းကျော်မှူး ကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် က ယနေ့နံနက် ၈ နာရီတွင် ရဲမှူးကြီးနှင့် ညှိနှိုင်းဆောင် ရွက်နေကြောင်း သိရသည်။ ယင်းအခြေ အနေကြောင့် ၀မ်ပေါင်ကုမ္ပဏီရှေ့ရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီး တစ်ဝိုက်ကို ပိတ်ထားပြီး ၀မ်ပေါင် ကုမ္ပဏီတစ်ဝိုက်ကို သံစူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

"မနက်စောစောဆိုတော့မှောင်မှောင်မဲမဲ ထဲမှာ ကိုယ်လွတ်ရုန်းပြေးရတာ ၊ ရဲအင်အား ၅၀၀၀ လောက် ရှိမယ် ၊ မီးလောင်ပြီး ဒဏ်ရရတဲ့သူတွေအများဆုံးပဲ " ဟု အဆိုပါဒေသခံ တစ်ဦး ကပြောသည်။

ဒဏ်ရာရရှိသူများကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး သံဃာတော် အပါး ၃၀ ခန့် ဆေးရုံ တွင် ကုသမှုခံယူနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မုံရွာပြည့်သူ့ဆေးရုံအုပ်ကြီးက "ကုသရေးကို ဦးစားပေးနေလို့ နောက်မှ သတင်းထု တ်ပြန်ပေးပါ့မယ် ၊ ထိန်ချန်ထားစရာမရှိပါဘူး " ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် ဒေသ ချင်းတွင်ြး မစ် အနောက်ဖက် ကံကုန်း ရွာကွင်းပြင်တွင် ယနေ့ ဟောပြောပွဲ ပြုလုပ်မည်ဟု ဒေသခံများကပြောသည်။

ကျော်သူ ( Yangone media group)

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ