ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 November 2012

MPT ရဲ့ စေတနာ နဲ့ စမ်းသပ်သူရဲ့ ဝေဒနာ(၃)


ကိုယ့်အကြောင်းကိုယ်သာသိ၊ ဒီတစ်ချိန်တွင်တော့ တကယ်ထိသွားလေသည်။ ကိုယ်က အင်တာနက် သုံးပြန်ရင်လည်း ခဏဖွင့်ကြည့်ပြီး ပိတ်တတ်သူ မဟုတ်။ gmail ကို မေးလ်စစ် ယုံလောက် သုံး၊ Gtalk နဲ့ ပွားနေ သူ လည်း မဟုတ်။ ဟိုနေရာလေးမှာ သတင်း အသစ်တင် လည်း ဖွင့်ကြည့်လိုက်၊ ဒီနေရာလေး သီချင်း အသစ်တင် လည်း ပြေးကြည့် လိုက်။ ဖွင့်လိုက်ပြန် ရင်လည်း စာမျက်နှာ များကို ကိုယ့်ရည်းစား မျက်နှာလေး လို တယုတယ ဖွင့်ထား တတ်တာ ကလည်း အကျင့်ဖြစ်နေ သည်မို့ ကိုယ့်ဝင်ငွေလေးနဲ့ ချိန် ထိုးရ ပေတော့မည်။ Youtube မဖွင့်ရဲ၊ Vedio ဖိုင် မဖွင့်ရဲ၊ webcam မကြည့်ရဲသည့် ဘ၀ကို တစ် ခါပြန်ရောက် ပေ အုံးတော့မည်။ MPT ရဲ့စေတနာ ကောင်းလွန်းပေစွ။ လဆန်းပိုင်းအရောက် ဖုန်းဘေလ် က အလို အလျောက်ဖြတ်။ ထည့်ထားတဲ့ ကျပ် တစ်သောင်း ဘယ်ရောက်သွားပါလိမ့် ဆိုပြီး အော်ရ အုံးမည်။ မသုံး လို့ကလည်း မရ။ ရေမရှိသည့်အရပ်မှာ ရေရောင်းသူ တစ်ဦးတည်း ရှိမှတော့ ၀ယ်သောက် ရတော့မည်ပေါ့။ 

MPT ရဲ့ စေတနာ (၁)

ဒါကတော့ ကျွန်တော်တို့ ဖေ့ဘုတ်တစ်ခုကို ဒေါင်းလုပ် လုပ်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လောက်ကုန် သွား လဲ ဆို တာ simple လေး စမ်းသပ် ကြည့်နေတာပါ။ ဖေ့ဘုတ် တစ်ခုကို သုံးကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လောက် လဲ ဆိုလို့ရှိရင် ၂၇မိနစ် လောက် သုံးထားတာ ရှိပါတယ်။ အဲဒီမှာမှဆိုရင် ကုန်ကျတဲ့ မက်ဂါဘစ် မှာဆိုရင် sent မှာဆိုရင် ၁၅ကေဘစ် နဲ့ received မှာဆို ၁၈ကေဘစ် အားလုံး ဆိုလိုရှိရင် ၂၇မိနစ် ဒီဟာကို ဖေ့ဘုတ်ကို ၀င်ကြည့်တာ ဆိုလို့ရှိရင် ၃၂ ကေဘစ်လောက်ကုန်ပါတယ်။ ဒါဟာ ဆိုရင် တစ် ကျတောင် မကျသေးပါဘူး။ မိနစ်နဲ့ တွက်မယ်ဆိုလို့ရှိရင် ၂၇မိနစ်ဆိုရင် ဒါ ၅၄ကျပ် ။ ၂၇မိနစ်မှာမှ ကျွန်တော်တို့ အားလုံးပေါင်းက ၃၂ လောက်ပဲ ကုန်တယ်ဆိုတဲ့ အတွက်ကြောင့် နာရီဝက် လုံးမှာ မှ မိနစ်နဲ့ ကောက်လို့ရှိရင် ၅၄ကျပ် ကျမယ်။ ကျွန်တော်တို့ Volume နဲ့ ကောက်လိုက်တဲ့ အတွက်ကြောင့် တစ်ကျပ်လောက်ပဲ ကျတယ်။ တစ်ကျပ်တောင် မရှိပါဘူး။ အဲဒါလေး ကျွန်တော်တို့ တင်ပြ ပါတယ်။
မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်း

MPT ရဲ့ စေတနာ (၂)
မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူများက ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိနစ်အလိုက်ြ ဖတ်ေ တာက် မှု ကို ဆက်လက်ကျင့်သုံးတော့ မည်မဟုတ်ကြောင်းနှင့် အသစ်ပြောင်းလဲမည့်စနစ်တွင် မိမိ ကြိုက်နှစ် သက်ရာ Plan ကို ရွေးချယ်နိုင်ကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

“စနစ်နှစ်မျိုး ထားဖို့အစီအစဉ်မရှိဘူး။ မိနစ် အလိုက်ကောက်နေတာတွေက ဒေတာနှုန်းယူတာ အဆင် မပြေ လို့ အခုလို စနစ် အသစ်ကို ကျင့်သုံးမှာဖြစ်တယ်။ ရေရှည်မှာ အဆင်ပြေ မယ့် နှုန်းထားတွေဖြစ် လာမယ် လို့မြင်ပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းလင်းပွဲ တွင် ပြောကြားသည်။

ယခုပြောင်းလဲမည့် Data Volume စနစ်တွင် သုံးစွဲသူ အများဆုံး ဝေဖန်နေကြသည့် အချက်များ စွာပေါ် ထွက်နေသည်။ မိမိမည် မျှဒေတာ ပမာဏ အသုံးပြုသည်ကို မည်သို့ပြန် လည် စစ်ဆေးနိုင်မည် ဆိုသည့် အချက် သည် သုံးစွဲသူများ စိုးရိမ်နေသည့် အချက်များအနက်တစ်ခုဖြစ်သည်။ ထိုအချက်နှင့် ပတ် သက်ပြီး မြန်မာ့ ဆက်သွယ်ရေး၏ တာဝန်ရှိသူများ က ဒေတာပမာဏ အသုံးပြုမှု ကို ပြန်လည် စစ်ေ ဆးနိုင် သည့် Application software များစွာ ရှိကြောင်း ချေပပြောဆိုသည်။

သို့သော် မြန်မာ့ ဆက်သွယ်ရေးက အသုံးပြုသည်ဟု ဆိုသည့် ဆော့ဖ်ဝဲများကို ၎င်းတို့၏ ISP က လက်ခံခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး ဦးဌေးဝင်းက “သုံးစွဲသူတွေအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေက ထွက်တဲ့ တစ်ဦးချင်းဒေ တာ အသုံးပြုမှု ပမာဏနဲ့ ဆက်သွယ်ရေးက ထွက်မယ့် ပမာဏဟာ သိပ်ပြီး ကွာဟချက်ရှိမှာ မဟုတ်တဲ့ အတွက် စိုးရိမ်စရာ မရှိပါဘူး။ နည်းနည်းတော့ ကွဲလွဲမှုရှိပါမယ်” ဟု ပြောသည်။

Plan (B) တွင် တစ်လျှင် တစ်ထောင့်ငါးရာကျပ် ပေးသွင်းထားပါက 200 MB ပမာဏသုံးစွဲနိုင်မည်ဖြစ်ပြီး Plan C တွင်မူ လစဉ်ခုနစ်ထောင်ကျပ် ပေးသွင်းပြီး 1 GB အသုံးပြုနိုင်မည်ဟု ၎င်းတို့က သတ်မှတ် ထားသည်။ သို့သော် ထိုအမျိုးအစားနှစ်မျိုးလုံးတွင် သတ်မှတ်ပမာဏထက် ပိုပါက 100 KB တိုင်းကို နောက် ထ ပ်နှစ်ကျပ်နှုန်း ထပ်မံကောက်ခံသွားမည့်အချက်သည်လည်း သုံးစွဲသူများ မကျေနပ်ေ သာ အချက် တစ်ချက်ဖြစ်နေသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဦးဌေးဝင်းက “အသုံးပြုသူတွေ အတွက် ကိုယ်သုံးမယ့် ပမာဏကို အများကြီး မဖြစ်အောင် ကန့်သတ် လိုက်တဲ့ သဘောဖြစ်ပါတယ်။ 1 GB ကျော်တိုင်း၊ 200 MB ကျော်တိုင်း အလို အလျောက် Plan A နှုန်းထား အတိုင်း ကောက်သွားမှာဖြစ်ပါတယ်” ဟု ပြန် လည်ဖြေကြားသည်။

သရီးဂျီ စနစ်ကို ဖွင့်လိုက်သောလည်း မည်သည့် webpage တစ်ခုမျှ မဖွင့်လျှင် နောက်ကွယ်မှ run နေမည့် application များအတွက် ပိုက်ဆြံ ဖတ်တောက်ခံရမည် မဟုတ်ဘဲ download ၊ upload များ အတွက်သာ ကုန် ကျမည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ်က မီဒီယာများသို့ ဖြေဆိုသည်။

ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်တော့မည့် မိုဘိုင်းအင်တာနက်ကောက် ခံပုံစနစ် သည် နိုင်ငံသား တစ်ဦး ချင်းစီ၏ ၀င်ငွေများနှင့်ယှဉ်လျှင် များပြားနေသည်ဟု သုံးစွဲသူများက ထောက်ပြပြောဆိုနေကြသော်လည်း ဆက်သွယ်ေ ရးမှ တာဝန်ရှိသူများကမူ ၎င်းတို့၏ နှုန်းထားအသစ်သည် နိုင်ငံတကာနှင့်ယှဉ်လျှင် များစွာ သက်သာနေကြောင်းနှင့် သုံးစွဲသူများ သက်သာအောင်သာ ပြုလုပ်ခြင်းဟုသာ ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါအစည်းအဝေးသို့ တက်ရောက်သူ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန် ရှိသူ တစ်ဦးကလည်း “ကျွန်တော်တို့က သက်သာချောင်ချိအောင် လုပ်ဖို့ပဲရှိတယ်။ ပြည်သူ လူထု က ကောင်း လား၊ မကောင်းလားတောင် မခံစားကြည့်ရသေးပါဘူး။ လက်တွေ့တောင် မသိသေး ဘဲ ပြောေ နကြ တယ်ဆိုတာကိုက စောနေပါတယ်” ဟု မီဒီယာများသို့ ကြားဖြတ်ဖြေဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲမှုအများစုက လာမည့် ဒီဇင် ဘာ ၁၅ ရက်တွင် ဆက်သွယ်ရေးရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြမည်ဟု အင်တာနက်ပေါ်ရှိ လူမှုဝ က်ဘ်ဆိုက် များတွင် ဖော်ပြထားသော်လည်း မြန်မာ့ဆက်သွယ်ရေးက ယင်းကိစ္စအပေါ် မည်သို့မျှ စဉ်းစားေ ဆာင်ရွက်မည်မဟုတ်ဘဲ အစီအစဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယခုလောလောဆယ်တွင် ပြောင်းလဲမည့်စနစ်အတွက် နီးစပ်ရာဆက်သွယ်ရေးစခန်းများ၌ မှတ်ပုံတင် မိတ္တူနှ င့် အခ မဲ့ေ လျှာက် ထားနိုင်ရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် sms (စာတိုပို့ စနစ်)ဖြင့် ပြောင်း လဲဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

လစဉ်လဆန်းပိုင်းများတွင် မိမိယူထားသည့် အမျိုးအစား၏ ပမာဏအလိုက် ဖုန်းဘီလ်ထဲမှ အလို အလျော က် ဖြတ်ေ တာက်သွားမည်ဖြစ်သည်။

ကျောင်းသားများအတွက် တစ်ဦးလျှင် 5 GB အသုံးပြုတိုင်း 1 GB အခမဲ့ပေးမည့် ၀န်ဆောင် မှုကို ကျောင်းသား ကတ်ပြသခြင်းဖြင့် လျှောက်ထားနိုင် သည်ဟု တာဝန်ရှိ သူများက ပြောကြားသည်။

ယခု လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ လေးသိန်း နီးပါးရှိနေပြီဖြစ်သည်။
(7 Day News)
Facebook မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။


စမ်းသပ်သူရဲ့ ဝေဒနာ(၁)
မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း

၁။ ယခုလင့်မှ Installer ကို Download ရယူပါ။
http://download.cnet.com/BitMeter-2/3000-2381_4-10398686.html
၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real Time bit/sec နဲ့ အနိမ့်အမြင့် ပြနေမှာပါ။ ပြီးရင် အဲဒီ Transparent Screen လေးပေါ်မှာ Right Click နှိပ်ပြီး Statistics Grid ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့ Browser လေးပေါ်က မိမိကြည့်လိုတဲ့ သုံးစွဲပြီး bit/sec ကို ကြည့်လိုက်ပါ။
၃။ ဒီ bit meter လေးက မိမိသုံးစွဲလိုက်တဲ့ Upload bit/sec နဲ့ Download bit/sec ကို အချိန်တိုင်း၊ နေ့ရက်လိုက်၊ နာရီလိုက် မိမိသုံးစွဲလိုက်တဲ့ Bit/sec ကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။
၎။ Facebook တစ်ခုတည်းဖွင့်ကြည့်ရုံနဲ့ 1M/sec download ရှိပြီး ဆက်ကြည့်ရင်ကြည့်သလောက် Mbit/sec နှုန်းဖြင့် ဆက်လက်တက်နေမှာဖြစ်တာ တွေ့ရမှာပါ။
၅။ မိမိ ကြည့်နေကျ Website လေးတွေရဲ့ သုံးစွဲကျသင့်မည့် ငွေကို တွက်ကြည့်နိုင်ပါတယ်။
Myanmar Mobile Users Group
စမ်းသပ်သူရဲ့ ဝေဒနာ(၂)
ဒီနေ့ ဆက်သွယ်ရေးကလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း ကပြောခဲ့ ပါတယ်။ ဦးဌေးဝင်းပြော-
"သရီးဂျီစနစ်ကို ဖွင့်လိုက်သောလည်း မည်သည့် webpage တစ်ခုမျှ မဖွင့်လျှင် နောက်ကွယ်မှ run နေမည့် application များအတွက် ပိုက် ဆံဖြတ်တောက်ခံရမည် မဟုတ်ဘဲ download ၊ upload များအတွက်သာ ကုန်ကျမည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ်က မီဒီယာ များသို့ ဖြေဆိုသည်။.." တဲ့။

အဲဒီလိုပြောသွားတာလေးကိုကြည့်ပြီး ကျွန်တော်တို့ ကပြန်ပြောချင်ပါတယ်-
ကိုယ့်ကွန်ပျူတာ ၊ ဖုန်းထဲကနေ ဖိုင်တစ်ခု ခုကို upload ၊ download လုပ်မှ Upload လုပ်တယ် ၊ Download ဆွဲ တယ် လို့ခေါ်တာ မဟုတ်ပါ။ ဖုန်းထဲမှာ Internet အသုံးပြုဆော့ဝဲများ ထည့်ထားတယ် ဆိုရင် အဲဒီ ဆော့ဝဲတွေက အင်တာနက် ကွန်နက်ရှင် ရတာနဲ့တစ်ပြိုင်နက် အင်တာ နက်ပေါ်က သူ့ရဲ့ server ဆီကို ဖုန်းထဲ ကနေ data တွေ အပို့အယူ လုပ်နေပါပြီ။ အဲဒီလို data အပို့အယူ လုပ်နေတာ ကိုလည်း upload / download လုပ်တယ် လို့ခေါ်ပါတယ်။ Upload / Download process လုပ်နေပြီဖြစ် တဲ့ အတွက် Mobile Data ကတော့ စသုံးနေ ပါပြီ။

အပေါ်မှာဖော်ပြထားတဲ့ စေတနာ(၁) ဦးဌေးဝင်း ဒီလိုပြောသွားတာလေး ကိုကြည့်ပြီး ကျွန်တော်တို့ ကပြန်ပြောချင်ပါတယ်-
" Facebook Website တစ်ခုကို Browser မှာဖွင့်ကြည့်ပြီး အဲဒီ page ကို save လိုက် ။ ပြီးရင် အဲဒီ save လို့ရလာတဲ့ website ဖိုင်ကို Properties ဖွင့်ပြီးကြည့်လိုက် ။ ဘယ်လောက် size ရှိလဲလို့။ 700 KB လောက် အနည်းဆုံးရှိတာတွေ့ ရလိမ့်မယ်။ အဲဒိ 700 KB ဆိုတာ facebook စာမျက်နှာတစ်ခုကို ကိုယ့်ဖုန်း ၊ ကွန်ပျူတာထဲကို အပြည့်အစုံပေါ်ပြီး ကြည့်ရှုထားတဲ့ ပမာဏပါ။ ဒီမှာကိုက ဘယ်လောက် သုံးသွားပြီလဲ ဆိုတာ Gereral အားဖြင့် သိနိုင်ပါတယ်။ နောက်တစ်ချက်က ဦးဌေးဝင်းအနေနဲ့ Packet နှုန်းနဲ့ချိန်ဆ တွက်ပြသွားတာ ကိုတွေ့ရပါတယ်။ သူပြသွားတဲ့ ပုံအရ (အောက်ပုံကိုကြည့်ပါ) Sent Packet နေရာမှာ 18900 ကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို သူက bytes လို့ယူဆပြီးတွက်ချက်ထားတာ 32 KB ပဲကျမယ် တကဲကဲ ယူဆနေပါတယ်။ အဲလို ယူဆပြထားတဲ့အတွက် မိနှစ် နှစ်ဆယ်လောက်သုံးတာ 32 KB ပဲကျတာကြောင့် သုံးစွဲခ ၁ ကျပ်ပင်မပြည့်ပါဘူးလို့ဆိုနေပါတယ်။

သူပြထားတဲ့ပုံကိုပဲ အားလုံးသိအောင် ရှင်းလင်းပေး လိုပါတယ်။ Packet တစ်ခုမှာ ပုံမှန်အားဖြင့် 2 KB လောက် data သွားပါတယ်။ အခုတွေ့ ရတဲ့ပုံမှာ 18900 Packet received ဖြစ်နေတာ ကိုတွေ့ရမှာပါ။ ဒါကြောင့် 18900 Packet ကို 2 KB နှုန်းနဲ့ တွက်ကြည့်လိုက်ပါ။ ၃၇၈၀၀ KB ရှိနေပြီကိုတွေ့ရပါမယ်။ ဒါကြောင့် သူသုံးထားသလို ပုံစံနဲ့ဆို နှစ်ဆယ့် ခုနှစ်မိနစ်အတွင်းမှာတင် 38 MB လောက် data သုံးပြီးနေ ပါပြီ။ 1 MB ကို ၂၀ ကျပ် ယူမှာဖြစ်တဲ့ အတွက် သူသုံးထားတဲ့ ပုံအရ ၇၆၀ ကျပ် ကျနေပါပြီ။ "
( By Thet Naing Soe | Myanmar Mobile App Store)
www.myanmarmobileapp.com

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ