လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀ သစ်ပေါက်ဖွား လာတာတွေလည်း ရှိတတ်ပါတယ်။
အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့ ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။
၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့ စီစဉ်ခဲ့ကြ တယ်။ ကယ် ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ခ
ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။
ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေရိကန်တပ်မတော်ထဲမှာ ရှိသမျှ အထူးတပ်ဖွဲ့တွေကို စုစည်းပြီး၊ အထူးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ Special Operation Commandဆိုပြီး စဖွဲ့ခဲ့ကြရတယ်။ အမေရိကန် တပ်မတော်မှာ လိုအပ်မှုအပေါ် မူတည်ပြီး တပ်ဖွဲ့တွေကို အထူးပြု ဖွဲ့စည်းထားတယ်။ ဥပမာ ၈၂လေထီးခုန် တပ်မကို ခြေမြန်တပ်မလို့ ခေါ်ပါတယ်။ လက်နက်ကြီးတွေ၊ တင့်ကားတွေ မပါဘဲ ရန်သူ့အနောက်ဝင်ပြီး သိမ်း၊ အချိန်တို ထိန်းထားရုံပဲ။ ပြီးမှ The Big Red လို့ ခေါ်တဲ့ တပ်မ အမှတ် ၁ လိုမျိုး တပ်မ အမှတ် ၄ လို တင့်ကားနဲ့လက်နက်ကြီးတွေပါတဲ့ တပ်မတွေ ၀င်လာပြီးနေရာယူ တပ်စွဲဖို့ကိုး။ ဥပမာ တောင်ပေါ်မှာ တိုက်ဖို့ဆိုရင် အမှတ် ၁၀ တောင်ပေါ် တပ်မဟာ နယူးယောက် ပြည်နယ်မှာ ရှိတယ်။ မြန်မာ တပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ ၇၇ ၊ ၈၈ ၊ ၉၉ ၊ ၆၆ စတဲ့ခြေမြန်တပ်မတွေဟာ ၈၂ လေထီးခုန် တပ်မကို စံထားပြီး ဖွဲ့စည်းခဲ့တာလို့ အတွင်းသိတွေကပြောပြကြတယ်။
ဒီလိုပဲအထူးတပ်ဖွဲ့တွေကိုလည်း တာဝန်ခွဲထားတယ်။ ဥပမာ ဒယ်လ်တာ Delta တပ်ဖွဲ့တွေက ဓားစာခံ တွေကို ကယ်ဖို့ အထူးလေ့ကျင့်ထားတယ်။ ဒါ့အပြင် ဒယ်လ်တာ တပ်ဖွဲ့တွေဟာ ၁၉၇၀ ခုနှစ်တွေမှာ အာရပ် အကြမ်းဖက်သမားတွေ ကာလမှာဖွဲ့စည်းခဲ့တာကြောင့် အကြမ်းဖက်သမားနဲ့ သူပုန်နှိမ် နင်းရေးတွေ အတွက်လည်း လေ့ကျင့်ထားပါတယ်။ ရိမ်ဂျားတွေကတော့ အမေရိကန် တော် လှန်ရေးစစ် မတိုင်ခင် ကတည်းက ရှိခဲ့တာပါ။
ရိမ်ဂျားတွေကတော့ချက်ချင်း စေလွှတ်၊ တပ်စွဲနိုင်တဲ့ တပ်ဖွဲ့တွေ ဖြစ်တယ်။ ရေတပ် ဆီးလ် Navy SEAL – SEAirLand တပ်ဖွဲ့ကို သမ္မတ ကနေဒီလက်ထက်မှာ ဖွဲ့ခဲ့တာပါ။ သမ္မတကနေဒီက သမားရိုးကျ မဟုတ်တဲ့တပ်ဖွဲ့ကနေ လိုချင်လို့ ဆီးလ်ကို ဖွဲ့စည်းခဲ့ခြင်းပါ။ ဆီးလ်တပ်ဖွဲ့ ၆ ကို မဖွဲ့ခင်ကဆီးလ်အဖွဲ့ နှစ်ခုပဲ ရှိပါတယ်။
အမေရိကန်စစ်တပ်မှာ ကြည်း-ရေ-လေ-မရိန်း ဆိုပြီး ရှိရာ ထိပ်ပိုင်းမှာ အတူတွဲလုပ်ကြဖို့ပူးတွဲအဖွဲ့ဆို
သူကရေအောက်ဗုံးဖောက်ခွဲရေးအဖွဲ့
ဒီလို အထူးတပ်ဖွဲ့တွေဆိုတာအဖွဲ့ စဖွဲ့ရတဲ့ ရည်ရွယ်ချက်၊ မိခင်အဖွဲ့အစည်းရဲ့ အားပေးထောက်ခံမှု ကနေ နောက်ဆုံး သင်တန်း ဖွဲ့စည်းပို့ချမှုအပေါ် မူတည်ပါတယ်။ ဒီအပေါ်မှာမှီပြီး ဘယ်သူတွေကို ဘယ် လိုရွေးပြီး၊ ဘာတွေပို့ချမယ်ဆိုတာ ဖြစ်ပေါ်လာရတာကိုး။ ရေတပ်ရဲ့ ဆီးလ်သင်တန်းဟာ အကောင်းဆုံး၊ အကြမ်းဆုံး တခု လာဖြစ်ပါတယ်။ သင်တန်းမှာကို လူသေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အထူးတပ်ဖွဲ့သင်တန်းမို့ ကာယ စွမ်းအား တခုထဲကို ရည်စူးတာမဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်းအသ
ဒါက ရိုသာမန်ဆီးလ်သင်တန်းပဲ ရှိသေးတယ်။ ဆီးလ်အဖွဲ့ ၆ က ဒီဆီးလ်အသင်းတွေထဲကမှ ပြန်ရွေးပြီး ထပ်ဆင့် ကွန့်ထားတဲ့ အကောင်းတကာ့ အကောင်းဆုံးအဖွဲ့။ အခုတော့ ဆီးလ်အဖွဲ့တွေဟာ ၁ မှ ၅နဲ့ ၇ မှ ၁၁ အထိ ရှိပြီလို့ ဆိုကြတယ်။ ဒီအဖွဲ့တွေနဲ့ ရေအောက်မိုင်းခွဲအဖွဲ့က လူတွေထဲကမှအတော်ဆုံး လူတွေကို ဆန်ကာ တင် ထပ်စိစစ်ပြီးမှ အဖွဲ့ ၆ အတွက် စဉ်းစားတာဖြစ်တဲ့အတွက်အဖွဲ့ ၆ လူတွေဟာ အသက် ၂၀ ကျော်လေးေ တွ မဟုတ်၊ အတွေ့အကြုံရှိတဲ့ အသက် ၃၀ ကျော်တွေ များတယ်တဲ့။ ဒီအဖွဲ့က လူဟောင်း တယောက် က ကြွားဖူးတယ်။ ဒီအဖွဲ့ တနှစ်သင်တန်းမှာ ပစ်တဲ့ ကျည်ထောင့်တွေဟာမရိန်းကော် တခုလံ
ဒီကမှတဆင့် လေပေါ်ကနေ ကြိုးနဲ့ ရုတ်တရက်ဆင်းနိုင် ခုန်ချနိုင်တာ၊ လေထီးနဲ့ ဆင်းနိုင်တာ စတဲ့ လေေ ပါ် ကနေလည်း ထိုးဖောက်နိုင်တာကိုအကုန်လေ့ကျင
ဆီးလ်အဖွဲ့ ၆ ဟာရေတပ်ရဲ့ အထူးစစ်ဆင်ရေး ထူထောင်မှုအုပ်စု Naval Special Warfare Development Group အောက်မှာရှိတဲ့အတွက် တခါတရံ ဆီးလ်အဖွဲ့ ၆ ကို အတိုကောက် “DEVGRU” လို့ ခေါ်ကြပါတယ်။ ဒီအဖွဲ့တာဝန်က လျှို့ဝှက်ဆိုပေမယ့် အများခန့်မှန်းကြတာက အကြမ်းဖက်သမားတွေ မဖျက်ဆီးနိုင်ခင် ၀င်ရောက် တိုက်ခ
ဒီဆီးလ်အဖွဲ့ဟာJSOTF လို့ ခေါ်တဲ့ တပ်ပေါင်းစု အထူးတပ်ဖွဲ့အောက်မှာ တခြားတပ်ဖွဲ့တွေနဲ့အတူ ပူးတွဲလေ့ကျင့်တာဝန်ထမ်းဆောင်ကြ
ရေတပ်မှာရေတပ်အထူးတပ်ဖွဲ့ဝင်တွေ
အာဖဂန်ကိုဝင်သိမ်းတော့ အမေရိကန်စစ်တပ်ကြီးနဲ့ ၀င်လာတာမှ မဟုတ်တာ။ CIA ရဲ့ အထူး လှုပ်ရှားမှု တပ်ဖွဲ့တွေက တာလီဘန်တွေရဲ့ အဓိက ပြိုင်ဘက်နဲ့ ရန်သူဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ဆီ ရောက် လာတယ်၊ မြေပြင်ကနေ အတိအကျ သတင်းပေးပြီး အမေရိကန်လေယာဉ်တွေက ဗုံးမိုး ရွာပေး တယ်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက တာလီဘန်တွေကို မောင်းထုတ်နိုင်ခဲ့ကြတာကိုး။ ဗီယက်နမ် စစ်ပွဲ ကတည်းက CIA အထူးဌာနသမားတွေနဲ့ စစ်ဖက်က အထူးတပ်ဖွဲ့တွေဟာ အတူတူ ပူးပေါင်းတပ်ပွဲ ၀င်ခဲ့တဲ့ ရာဇ၀င် ရှိခဲ့သလို၊ အခု အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေမှာ တက်ညီလက်ညီပူးပေါင်းတိုက်နေပါတယ
ဘင်တို့ မပေါ်ခင်တုန်းကအမေရိကန်စစ်တပ်ဟာ သမားရိုးကျ စစ်တိုက်နည်းအတွက်ပဲ ဖွဲ့စည်းထားတာပါ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက အနောက်အုပ်စုနဲ့ အရှေ့အုပ်စုတို့ စစ်အေးတိုက်ပွဲ ဆင်နွှဲခဲ့ကြ တာ နှစ်ဖက် စစ်တပ်ကြီးတွေ လက်နက်ကြီးတွေနဲ့ ချိန်ထားကြပြီး စစ်ပြင်ခဲ့ကြတယ်။ နှစ်ဘက်လုံး အင်အား နဲ့မို့ စင်မက်တြစ် Symmetrical Warfare လို့ ခေါ်ပါတယ်။ ဆိုဗီယက်ပြိုကွဲပြီး ဘင်ကြီးတို့ခေတ် ရောက် လာတော့ ရန်သူဟာ ယူနီဖောင်း ၀တ်ထားတာ မဟုတ်။ လက်နက်ကလည်း အသေခံခါးပတ် ၀တ်ထားတဲ့ မိမိရဲ့ ခန္ဓာကိုယ်။ စစ်မြေပြင် ကလည်း လူထူထပ်ရာအနောက်နိုင်ငံတွေရဲ့ မြို့တော်တွေ။ ရန်သူက တနည်း အားဖြင့် မမြင်ရတဲ့ ရန်သူ။ ဒါ့ကြောင့်မညီမျှတဲ့ တဖက်စောင်းနင်း စစ်မို့ Asymmetrical Warfare လို့ ခေါ်ပါတယ်။ ဒီလိုစစ် အနေအထားမှာ တင့်ကားတွေ၊ စစ်တပ်ကြီးတွေဟာ အသုံးမ၀င်လှတော့ပါ။ စစ်တပ်ကြီးတွေ အစားအထူးကျွမ်းကျင
သမ္မတဘုရှ် လက်ထက်ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစဖီးရဲ့ ညွှန်ကြားမှုအောက်မှာ အမေရိကန် စစ်တပ် ကိုပြောင်းလဲပြင်ဆင်ခဲ့ကြ
အခု အာဖဂန်မှာ အမေရိကန်ရဲ့မူဝါဒက သူပုန်ချေမှုန်းရေးနဲ့ အကြမ်းဖက်ချေမှုန်းရေး တန်ပြန်တွေဖွဲ့ထား ခွဲထား ပါတယ်။ သူပုန်တန်ပြန်မှု မူဝါဒက စစ်တပ်က စစ်တိုက်ရုံမကဘဲရပ်ရွာရပ်သားတွေ
အကြမ်းဖက် တန်ပြန်မှုမူဝါဒကတော့ အကြမ်းဖက်သမားတွေကို ရှာ၊ သူတို့ရဲ့ စခန်းတွေကိုရှာပြီး ချေမှုန်း ၊ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်ပေါ့။ အမေရိကန်တွေ ၀င်မတိုက်နိုင်တဲ့ ပါကစ္စတန် အနောက်ြေ မာက်ဒေ သ မှာလည်း မောင်းသူမဲ့ လေယာဉ်တွေ ၂၄ နာရီမပြတ် ပျံသန်းနေပြီး အကြမ်းဖက်သမားတွေ မလှုပ်နိုင်ေ အာင် ထိန်းထားရတာပေါ့။ CIA က ပါကစ္စတန်မှာ ကွန်ယက်တွေ ထူထောင်ဖြန့်ထားနို င်ပြီးတန်ဖိ
ဥပမာ ဘင်ကြီးကို နောက်ယောင်ခံရှာရတာကCIA ရဲ့ တာဝန်။ ဘင်ကြီးကို လေယာဉ်ပေါ်က ဗုံးကြဲမလား၊ အထူးတပ်ဖွဲ့တွေနဲ့ ၀င်ဖမ်းမလားဆိုတဲ့ ဖြစ်နိုင်ခြေတွေကို CIA က ဦးစီးပြီး တင်ပြရပါတယ်။ သမ္မတက ၀င်တိုက်၊ ၀င်ဖမ်းဖို့ကိုစဉ်းစားပြီဆိုတာန
ဗိုလ်ချုပ်ရေဗင်ကိုယ်တိုင် ဘာဂရမ်ကို ရောက်နေတယ်။ ဒီလို အထူးအရေးကြီးတဲ့ဖြစ်ရပ်မျိုးတွေ
ဖြစ်လာမှ စဉ်းစားဖို့ အချိန်မရှိ။ ပါကစ္စတန် အစိုးရကို အသိမပေးထားတာကြောင့် ပါကစ္စတန်တွေ ကိုပါ နောက်ဆုံး တိုက်ထွက်ရမယ်လို့ပြင်ဆင်ထားရသလ
ထင်တားတဲ့အတိုင်းဘင်ကြီးအိမ်ကို
ဒီလိုဖြစ်မှာစိုးလို့ MH-47 ချနွပ် ရဟတ်ယာဉ် နှစ်စင်းက လေအပေါ်မှာ ပျံဝဲနေတယ်။ ဒါကြောင့် မိနစ် ၃၀ အပြီး လေ့ကျင့်ထားတဲ့ တိုက်စစ်ဟာ မိနစ် ၄၀ ကြာသွားတယ်။ ပါကစ္စတန် စစ်သားတွေကလည်း တပ်နယ် မှာ ပေါက်ကွဲသံတွေကြားတာကြောင့် စစ်သားတွေ စုနေကြပြီ။ နောက်ဆုံး – ပျက်စီးသွားတဲ့ မိမိတို့ ရဟတ်ယာဉ် ကို ဗုံးနဲ့ ခွဲပစ်ခဲ့ကြပြီး ဘင်ရဲ့ မိန်းမတွေကို ထားပစ်ခဲ့ရ တယ်။ ရေဒါ ကို ဖျောက်နိုင်၊ ကျော်နိုင် တဲ့ ရဟတ်ယာဉ်ကို ထုတ်နိုင်ဖို့ အမေရိကန်တွေ ကြိုးစားခဲ့ကြတာ ကတော့ အသိပါ။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာသာ မသိကြတာပါ။ အခုတော့ သိသွားကြပြီပေါ့။ စရိတ်သိပ်ကြီးတာကြောင့် အများသုံး မထုတ်တော့ဘဲ အထူးစစ်သားတွေအတွက်ပဲ စပယ်ရှယ် မွမ်းမံခဲ့တာပါ။သာမန် UH-60x ဘလက်ေ ဟာ့ခ် တစီးဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကျော်ပဲ ကျတယ်။ ပြင်ဆင်မွမ်းမံထားတဲ့ တစီးဟာ သန်း ၆၀ ကျတယ်တဲ့။ လျှို့ဝှက်စီမံကိန်း ဖြစ်တာကြောင့် ဘယ်သူမှတော့ အတိမကျ မပြောနို င်ကြ ပါဘူး။
အမေရိကန် အထူးစစ်သားတွေပါကစ္စတန် လေပိုင်နက်က ထွက်မှ အမေရိကန်ရဲ့ အကြီးဆုံးဗိုလ်ချုပ်က ပါကစ္စတန် ဦးစီးချုပ်ကိုအသိပေး တောင်းပန်စကား ဆိုခဲ့တာကြောင့် ပါကစ္စတန်ဗိုလ်ချုပ်တွေက အရှက်ပြေ စိတ်ဆိုးပြ၊ ခြိမ်းခြောက်ပြပေါ့။ အမေရိကန်တွေ မိမိတို့ ရဟတ်ယာဉ်ကို ဖျက်ဆီးပစ်ခဲ့ကြပေမယ့် အမြီးခြမ်း မှာပြင်ဆင်ထားတဲ့ ပန်ကာက ဒီအတိုင်း ကျန်ခဲ့တယ်။ တရုတ်ကြီးက ကြည့်ချင်တယ်ဆိုပြီး မေလ၁၀ ရက်ထုတ် သတင်းတွေမှာ ပါလာတယ်။ ဒီရဟတ်ယာဉ်တွေကို မောင်းတာက ကြည်းတပ်လေကြောင်း တပ်ဖွဲ့သား Night Stalkers တွေလေ။ ဒါကြောင့် သမ္မတ အိုဘားမား ကိုယ်တိုင် ဖော့ကင်း ဖယ်ကိုသွားပြီး၊ လေယာဉ်မှူးတွေနဲ့အတူ အထူးစစ်သားတွေ ကို ကျေးဇူးတင်စကား တွေ့ဆုံပြောကြား ခဲ့တယ်။
ဘင်လာဒင်ကို အခုလိုအပြတ်ရှင်းနိုင်တဲ့အတွက် အမေရိကန်နဲ့ ဘာသာရေးတယူသန် အကြမ်းဖက် သမားတွေရဲ့ အကြား စစ်ပွဲဟာ အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်သွားပြီလို့ ယူဆကြတယ်။ ဘင်ကြီးအိမ်ကရလာတဲ့ လျှပ်စစ်အချက်အလက်တွေကလည်း နည်းနည်းနောနော မဟုတ်။ ဘင်ကြီးဟာ အလကား ထိုင်နေတာမဟုတ်၊ အားလုံးကို အဝေးကနေ ကြီးကြပ်နေတာလို့ ပေါက်ကြားလာတဲ့ သတင်းတွေက ဆိုပြန်တယ်။ အားလုံးမှန်ခဲ့ရင် ဘင်ကြီးတို့ အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံးခန်းရဲ့ အစဖြစ်သွားနိုင်တယ်။
ဒါတောင် ဘင်ကြီးမှာသေနတ်မရှိဘူး၊ ဒီလိုပစ်သတ်တာဟာ တရားမ၀င်ဘူး၊ ဖမ်းပြီး တရားဥပဒေအရ တရားစွဲပါလား စသဖြင့်စသဖြင့် ပွဲပြီးမှ တစခန်းထနေတဲ့ တယူသန် စိတ်ကူးယဉ်သမားတွေကလည်း ရှိသေးတယ်။ ဒီမိုကရေစီမှာ ဒီလိုလူတွေကိုလည်း သည်းညည်းခံကြရတာပဲ။ အိုဘားမားကို ဒီလို စိတ်ကူးယဉ်သမားတွေလိုပဲ ပျော့ပြောင်းသွားအောင် နော်ဝေးက နိုဘယ်ဆုပေးသမားတွေက သူ ဘာမှ တိတိကျကျတာဝန်မထမ်းဆောင်ရသေးခင်
တခါတလေ လောကမှာ အိုဘားမားလို တာဝန်ကတဘက်၊ ယုံကြည်မှုကတဘက် ပဋိပက္ခ ဖြစ်တတ်တယ်။ ယုံကြည်မှု တို့(မူ) တို့ဆိုတာ ရှိကိုရှိရမယ့် လူ့ကျင့်ဝတ်ကောင်းတွေပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘုရား ကိုယ်တော်ကြီးတောင် ဘုရားဖြစ်ချင်ဇောနဲ့ အစွန်းရောက် ကျင့်ကြံခဲ့တာ ဘုရားမဖြစ်ရှာဘူး။ အလယ် အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လိုက်မှ ဘုရားဖြစ်ရှာတယ်၊ မဟုတ်ပါလား။ ဘယ်အရာမှ လှေနံ ဓားထစ်အစွန်း မရောက်သင့်။ ဒီမိုကရေစီလည်း ထို့နည်းလည်းကောင်းပါပဲ။ တာဝန်ရှိလာရင် လက်တွေ့ ကျဖို့ လိုလာပါတယ်။အိုဘားမား တက်လာခါစက မူကိုနင်းပြီး စိတ်ကူးယဉ် မူအလွန် အကျွံသ မားတွေ ပြောစကားကို ယစ်မူးပြီး အကြမ်းဖက်သမားတွေထားရာ ဂွင်တာနာမို အကျဉ်းစခန်းကို တနှစ် အတွင်း ပိတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ လက်တွေ့ကျတော့ အမေရိကန်တွေကို သတ်ဖို့သန္နိဋ္ဌာန်ချထားတဲ့ သူတွေကို ဘယ်မှာ သွားထားမှာလဲ။ လွှတ်လိုက်တဲ့သူတွေ အကြမ်းဖက် ပြန်ရောက် သွားသူတွေကလည်း မနည်း။ ဒါကြောင့် အခုထိ မပိတ်နိုင်သေးဘူး။
ဒါကြောင့် အိုဘားမားကိုလည်းတာဝန်က လက်တွေ့သမားဖြစ်အောင် တွန်းပို့လိုက်တာပါ။
လူငယ်လေးတွေ လက်တွေ့အဖြစ်တွေမှ အလိမ္မာ ယူနိုင်ကြပါစေ။
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်
0pppositeye
No comments:
Post a Comment