ဒီအချိန်ဟာ ဆောင်းခိုငှက်တွေ မြောက်ဘက်ကနေ တောင်ဘက်ကို
ပျံသန်းချိန်လည်း ဖြစ်တယ်လို့ မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပါတယ်။ အရင်ကလည်း အခုလိုအချိန်မျိုးမှာ သန်လျင်ဘက် ပဲခူးဘက် ရန်ကုန်ဘက်တွေကို ဠင်းတငှက်တွေ ကျဖူးတယ်။ ဒါပေမယ့် အခုလို အရေအတွက်များများ ဘုရားပေါ်နားခိုသွားတော့ မမြင်ဖူးဘူးလို့လည်း သူက ပြောပါတယ်။
ရွှေတိဂုံဘုရားပေါ် ဠင်းတနားတဲ့အချိန်ကစပြီး သူတို့အသင်းက ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတယ်လို့လည်း ဆိုပါတယ်။ ဦးစိုးညွန့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
DVB
No comments:
Post a Comment