ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Park Geun-Hye ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပပြီးစီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲအတွင်း သူမရဲ့ ပြိုင်ဖက် Democratic United ပါတီခေါင်းဆောင် Moon Jae-in ကို အနိုင်ရရှိခဲ့ပြီး သူမဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဂျပန်အစိုးရ အာဏာပိုင်တွေက ပတ်ဂင်ဟဲ ဟာ သံတမန်ဆက်ဆံရေးနဲ့ အတွေ့အကြုံ ပြည့်ဝနေတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပတ်ဂင်ဟဲ ကလည်း ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားသမ္မတအဖြစ် ပတ်ဂင်ဟဲက တာဝန်လွှဲ ပြောင်းရယူချိန်မှာ ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ နှစ်နိုင်ငံ ပိုမိုချစ်ကြည် ရင်းနှီးနိုင်မယ့် နည်းလမ်းေ တွ ဆွေးနွေးညှိနှိုင်းသွားမယ့် အစည်းအဝေး တစ်ရပ်ကို ကျင်းပဖို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment