ဖိလစ်ပိုင်တောင်ပိုင်းကို
ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းကြောင့် သေဆုံးသူ ၃၂၅ ဦး ရှိသွားပြီ
ဖြစ်တယ်လို့ အရပ်သား ကာကွယ်ရေးရုံးက ပြောပါတယ်။ ၃၇၉ ဦးလည်း
ပျောက်ဆုံးနေပြီး သေဆုံးတဲ့လူတွေ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ခရိုင် ၈ ခုမှ လူအသေအပျောက်များသလို အဆိုးဆုံးကတော့ မင်ဒါနို (Mindanao) ဖြစ်တယ်လို့
ဆိုပါတယ်။ ကောင်ပိုစ့်တယ်လာခရိုင်မှာတော့ ၁၈၄ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေနဲ့ ပို့ဆောင်ရေးတွေ ပြတ်တောက်ခဲ့ပါတယ်။ တိုင်ဖုန်း ဘိုဖာက ဒီဇင်ဘာ ၄ ရက်နေ့ အစောပိုင်းမှာ မင်ဒါနို (Mindanao) ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီးတော့ ပြင်းထန်တဲ့ မိုးနဲ့ ၁ နာရီကို ၂၁၀ မိုင်နှုန်း လေပြင်းတွေ တိုက်ခတ်ခဲ့ ပါတယ်။
DVB

No comments:
Post a Comment