(ဓာတ်ပုံ- Abhisit Vejjajiva ဖေ့ဘွတ်စာမျက်နှာ)
“ကျမတို့ဆီက မိဘမဲ့ကလေးတွေကို လာရောက် ကြည့်ရှုတာဖြစ်ပါတယ်။ ဒီကလေးတွေဟာ ထိုင်းဆေးရုံကြီးနဲ့ မယ်တော်ဆေးခန်းက ပေးတဲ့ ကလေးတွေ၊ မိဘမဲ့တွေဖြစ်တယ်။ ဒီကလေးတွေကို ကျမတို့ ပြုစုစောင့်ရှောက်လာတာ ၁၂ နှစ်ကျော်သွားပြီ။ Stars Flower Center ဆိုတာက
မသန်စွမ်းကလေးတွေကို မြန်မာ၊ တိုင်းရင်းသားကလေးတွေကို သင်ကြားပေးနေတဲ့ ကျောင်းရယ်၊ ဆာသူးလေ ကရင်ကျောင်းရယ်နဲ့ စောက Safe House မိဘမဲ့ဂေဟာတွေကို သူသွားတယ်။”
ဝန်ကြီးချုပ်ဟောင်းဟာ မကြာခင် အင်္ဂလန်နိုင်ငံမှာပြုလုပ်မယ့် The Children Trust အဖွဲ့အစည်းရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ရှိပြီး အဲဒီအခမ်းအနားကို မတက်ရောက်ခင် ထိုင်းနယ်စပ်က ကလေးတွေရဲ့ ပညာရေးအခြေအနေတွေ လာလေ့လာမယ့်အကြောင်း သူတို့အဖွဲ့တွေဆီကို လွန်ခဲ့တဲ့ ၁ ပတ်ကတည်းက ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ဒေါ်အေးမာက ဆက်ပြောပါတယ်။
The Children Trust အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်က ကျောင်းတွေကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်အဖွဲ့တွေထဲမှာ တခုဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်း – မြန်မာ နယ်စပ်မှာ ကျောင်းပေါင်း ၈၀ ကျော်ရှိပြီး အဲဒီမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားကလေးတွေ ၁ သောင်းခွဲလောက် ၀င်ရောက် ပညာသင်ကြားနေကြောင်း၊ ဒါပေမယ့် မိဘက အမြဲရွှေ့ပြောင်းနေရတာအပြင် အခြားအခက်အခဲတွေကြောင့် ပညာမသင်နိုင်တဲ့ ကလေးတွေ ၁ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။
ရှေ့လျှောက် မြန်မာရွှေ့ပြောင်းကလေးငယ်တွေ မွေးစာရင်း အထောက်အထားတွေ အဆင်ပြေအောင် တိုက်တွန်းပေးနိုင်ဖို့နဲ့ ပညာရေးအခွင့်အရေး၊ ကလေးအခွင့်အရေးတွေ ပိုမိုကောင်းမွန်အောင် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်း ၀န်ကြီးချုပ်ဟောင်းကို ပြောပြခဲ့တယ် လို့ ဒေါ်အေးအေးမာက ဆိုပါတယ်။
DVB

No comments:
Post a Comment