ဘောလုံး
ပင်ကိုယ်ပါရမီ အလွန်ကောင်းမွန်သည့် ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား
ဇာဟာအား မန်ယူအသင်းမှ ခေါ်ယူစာချုပ်ရန် ကြိုးစားနေသည့် ကိစ္စသည် ပျက်ပြယ်ရန်
နီးစပ်နေသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရသည်။ ။
အဆိုပါ
အသက်(၂၀)အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားလေးကို မန်ယူအသင်းက
ပေါင်(၁၀)၀န်းကျင်ခန့်ဖြင့် ထပ်ဆောင်း ကမ်းလှမ်းခဲ့သော်လည်း
ချန်ပီယံရှစ်ကလပ် ခရစ္စတယ်ပဲလေ့စ်က အဆိုပါ ကမ်းလှမ်းသည့် ကြေးကို လက်မခံ
ပယ်ချခဲ့သည်။ ထို့အတွက်ကြောင့် ကစားသမား အပြောင်းအရွေ့ ကိစ္စအတွက်
သဘောတူညီမှူ့ ရရှိရန် နှောင့်နှေးနေခဲ့ရပြီး၊ နွေရာသီထိ့
ဆက်လက်ညှိနှိုင်းရမည့် အနေအထား ဖြစ်လာနေသည်။ ။
ခရစ္စတယ်ပဲလေ့စ်
အသင်း၏ ဥက္ကဌ စတိဗ်ပါရစ်ရှ်က ယူနိုက်တက်အသင်းနှင့် ကြာသာပတေးနေ့က တရားဝင်
တွေ့ဆုံခဲ့ပြီး မန်ယူအသင်း၏ နောက်ဆုံးကမ်းလှမ်းချက်ကို နားထောင်ခဲ့သည်။ ။
သို့ပေမယ့်
(ခရစ္စတယ်ပဲလေ့စ်) လင်းယုန်အသင်းက ၎င်းတို့ ဇာဟာအတွက် မူလတောင်းဆိုခဲ့သည့်
ပေါင်သန်း(၂၀)မှ ပေါင်(၅)သန်းကို ဈေးလျော့ပေးခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်
ဈေးလျော့ပေးနိုင်မည့် သဘော ရှိမနေတော့ကြောင်း သိရသည်။ ။
ယူနိုက်တက်အသင်း
အနေဖြင့် အဆိုပါ အသက်(၂၀)အရွယ် လူငယ် ကစားသမားလေးအား လက်မလျော့သေးပဲ
လာမည့်နွေရာသီတွင် အရခေါ်ယူနိုင်ရေး အတွက် ဆက်လက် မျှော်လင့်လျက် ရှိသည်။ ။
အာဆင်နယ်
အသင်းကလည်း ဇာဟာအတွက် တရားဝင် ကမ်းလှမ်းမှူ့တစ်ခု ပြုလုပ်ခဲ့ကြောင်း
သတင်းများ ထွက်ခဲ့ပြီး၊ အာဆင်နယ်၏ ကမ်းလှမ်းမှူ့ကြောင့် မန်ယူအသင်းကလည်း
နောက်တစ်ကြိမ် ဆွေးနွေးကမ်းလှမ်းမှူ့ ပြုလုပ်လာနိုင်ဖွယ် ရှိကြောင်း
သိရသည်။ ။
သို့ပေမယ့်
ပဲလေ့စ် နည်းပြကတော့ ဇဟာအပေါ် စိတ်ဝင်စားသည့် အသင်း များပြားလာသည့်အတွက်
သူ၏အသင်းတွင် ဆက်လက် ထိန်းသိမ်းသွားရန် ကြိုးစားနေပြီး၊
ဈေးပိုပေးနိုင်မည့် အသင်းကို ရောင်းချဖို့ ကြိုးစားလျက်ရှိသည်။ ။
MMFC
No comments:
Post a Comment