ပါတီ၏ ညီလာခံ တွင် ပါတီ ခေါင်းဆောင် အာမက် ဒိုဂန် မှာ မိန့် ခွန်းပြောကြား နေစဉ် သေနတ်
သမား က ပုံ တွင် တွေ့ ရသည့် သေနတ်ဖြင့် တက် ပစ်ခဲ့ သည်။ သေကံ မရောက် သက်
မပျောက်သည့် ပါတီ ဥက္ကဌ ကြီး မှာ သေနတ် သမား က နှစ် ချက် ပစ် သော် လည်း နှစ်
ချက် လုံး ဉ် ၎င်း ၏ မိမိကိုယ်ကို ခုခံကာ ကွယ်ရန် တွင် သာ အသုံး ပြု သော သေနတ်မှ ဓာတ်ငွေ့  ကျဉ်
မထွက် ဟု ဆိုဖီယာ မှ လာသည့် သတင်း များ တွင် ဖော်ပြထားသည်။
ဒုတိယ အချက် ပစ်လိုက် ချိန် တွင် သတိကောင်းသည့် ပါတီ ဥက္ကဌ မှာ အသက်
၂၅ နှစ် အရွယ် ရှိ သေနတ်သမား ကို တွန်းလှဲ ပြီး နောက် လုံခြုံရေး များ ဖမ်းဆီး
ခေါ်ဆောင် သွားသည်။
Oktai Enimehmedov ဆိုသည့် သေနတ်သမား မှာ စင်ပေါ် တက် လာ ပြီး
ပါတီ ဥက္ကဌ စကား ပြောသည့် စင်ပေါ် သို့  တွယ်ကပ် တက် လာပြီး နောက်
အသင့် ပါလာသော သေနတ် ကို ထုတ် ၍ ပစ် ခြင်း ဖြစ်သည်။
၎င်း သည် တတိယ အကြိမ် ပြစ် ရန် စီစဉ် နေ ချိန် တွင် အာမက် ဒိုဂန် မှာ သူ ကို
တွန်းလှဲ လိုက် ပြီး သေနတ် ကို ပုတ် ထုတ် လိုက် ချိန် တွင် မှ အံသြဘနန်း ဖြစ်
နေသည့် လုံခြုံရေးများ က လာရောက် ဖမ်းဆီး ခေါ် ဆောင် သွား နိုင် ခြင်း ဖြစ်သည်။
Movement for Rights and Freedoms ပါတီသည် ဘူလ်ဂေးရီးယား နိုင်ငံ ရှိ တူ
ရကီ လူနည်း စုများ ၏ အခွင့် အရေး အတွက် လှုပ်ရှား နေသည့် ပါတီ ဖြစ်သည်။
အာမက် ဒိုဂန် သည် ပါတီ ကို တည် ထောင်သူ နှင့် လက်ရှိ ခေါင်း ဆောင်လည်း ဖြစ်သည်။
အနီးကပ် ပစ်ခတ် ရန် ကြံ စည်သည့် အွခ်တိုင်း သည် ဆေးခြောက် မှု ၊ ဖောက်ထွင်းမှု၊
ဖျက်ဆီး မှု များ ဖြင့် ဖမ်းဆီး ခံ ရဖူးသူ ဖြစ်သည်။
ပါတီ ခေါင်းဆောင် အာမက်ဒိုဂန် သည် လစ်ဘရယ် ၀ါဒီ သမား တစ်ဦး ဖြစ်သော် လည်း
တူရကီ လူနည်းစု များ အရေး ထက် ဘူဂေးရီယား ကြေးရတတ် များ ၏ ထောက်ပံ့ မှု
ကို လည်း လက်ခံ သူ ဖြစ်သော ကြောင့် သဘောထား တင်းမာသည့် တားကရှ် များ ၏
မျက်မုန်း ကျိုး မှု ကို ခံရသူ လည်း ဖြစ်သည်။
ဘူဂေးရီယား နိုင်ငံ တွင် ၁၉၉၆ ခုနှစ် ဉ် ၀န်ကြီး ချုပ် Andrei Lukanov သည် လည်း
နေ အိမ် အနီး တွင် သေနတ် ပစ် ခံ ရ ပြီး သေဆုံး ပြီး နောက် ယခု ဖြစ်ပွား မှု သည် ဒုတိ
ယ အကြိမ် ဖြစ်သည်။
ဓာတ်ငွေ့  ပစ္စတို သည် လူသေစေရန် ရည်ရွယ် ထုတ် လုပ် ထားခြင်း မဟုတ် သော် လည်း
အလွန် နီးကပ် သည့် အကွာ အဝေး မှ ပစ်ခတ် လျှင် သေစေ နိုင်သည် ဟု ဆိုသည်။
FNG
No comments:
Post a Comment