မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့
ဘယ်နောက်ခံလူ နေရာအတွက် ပြင်သစ်ကလပ် လိုင်လီ အသင်းမှ လူငယ်နောက်ခံကစားသမား
လူးကပ်စ် ဒစ်ဂ်နီကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့  သိရပါတယ် အဆိုပါ ကစားသမား
နွေရာသီ အပြောင်းအရွှေ့ 
ကာလမှာ အရခေါ်သွားဖို့  စီစဉ်နေတယ်လို့  သိရပါတယ်
အသက် ၁၉ နှစ် အရွယ်ရှိ ကစားသမားလေးဟာ ဒီရာသီ သူ့ ရဲ့ အကောင်းဆုံး ပုံစံကို
ပြသနေတာ ဖြစ်ပြီး လိုင်လီအသင်းရဲ့ ပွဲစဉ် ၂၅ ပွဲကို ကိုယ်စားပြု ပါဝင်ထားတာ
ဖြစ်ပါတယ် သတင်းများအရ မန်ယူအသင်းဟာ အဆိုပါ ကစားသမားလေးကို ရာသီကုန်မှာ
ခေါ်ယူဖို့  ပြင်နေတယ်လို့  သိ၇ပြီး အဆိုပါကစားသမားလေးကို မန်ယူအသင်းအပြင်
စီရီးအေ ကလပ် ဂျုဗင်တပ်စ် အပါအ၀င် လာလီဂါ ထိပ်သီး ရီးရဲလ် အပြင်
ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ 
သိရပါတယ် လူးကပ်ဒစ်ဂ်နီ ဟာ မကြာသေးခင်ကမှ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း
တိုးထားတာ ဖြစ်ပြီး ကစားသမားခေါ်ယူရန် မန်ယူအသင်းဟာ အောက်တိုဘာလကတည်းက
စောင့်ကြည့် နေတာ ဖြစ်တယ်လို့  သိရပါတယ် လက်ရှိ ဘယ်နောက်ခံလူနေရာမှ အီဗရာ
အသက်အရွယ်ကြောင့် ထိုနေရာကို အစားထိုးရန် မန်ယူအသင်းက နောက်ခံလူ
တစ်ယောက်ကို ရှာဖွေနေပြီး ဘတ်နာဟာလည်း အရန်သင့် သုံးနိုင်သေးသူ
မဟုတ်တာကြောင့် နွေရာသီမှာ အပြောင်းအရွှေ့  ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး
အီဗရာ ဘတ်နာ ပြီးနောက် မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်လာမလား စောင့်ကြည်
့ရမှာ ဖြစ်ပါတယ်MMFC
No comments:
Post a Comment