အီရန်
နိုင်ငံနှင့် ၆ နိုင်ငံ စေ့စပ် ညှိနှိုင်းရေး အဖွဲ့တို့ အကြား ထပ်မံ
ပြုလုပ်မည့် နျူကလီးယား ဆွေးနွေးပွဲနှင့် ပတ်သက်၍ သဘော တူညီချက် မရရှိ
ခဲ့ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်မည့်
နေ့ရက်နှင့် ကျင်းပမည့် နေရာအား သဘော တူညီချက် မရရှိခဲ့ကြောင်း ရုရှား
ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က ပြောကြား ခဲ့ပါသည်။
အီရန်နိုင်ငံနှင့်
၆ နိုင်ငံ စေ့စပ် ညှိနှိုင်းရေး အဖွဲ့တို့အကြား နောက်တစ်ကြိမ်
ဆွေးနွေးပွဲအား ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင်
ပြုလုပ်သွားမည် ဖြစ်ကြောင်း Itar-Tass သတင်းဌာနမှ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်
ထုတ်ပြန် ပြောကြားခဲ့ သော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည့် နေရာအား
ယခုအချိန် အထိ သဘော တူညီချက် ရရှိခဲ့ခြင်း မရှိကြောင်း ထပ်လောင်း ပြောကြား
ခဲ့ပါသည်။
မြ၀တီ
No comments:
Post a Comment