အဆိုပါ MOU ပါ့စ်ပို့သမားများကို
ကျွေးမွေးသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုမရှိသဖြင့်
နေမကောင်းဖြစ်နေသူ ၃၀ နီးပါးခန့်ရှိပြီး ၄င်းစားသောက်ရေးကို
တာဝန်ယူထားသူမှာ မြဝတီမှ သူဌေးကိုမျိုးမြတ် ဖြစ်ကြောင်းသိရသည်။
" မနေ့က ကျွန်တော်တို့နေတဲ့ အဆောင်မှာ
အစားအသောက်မကောင်းတဲ့အတွက် တောင်းဆိုနေကြတာတွေကြောင့် ဆူပူမှုတွေ
ဖြစ်နေပါတယ်။ စားရတာတွေအဆင်မပြေလို့ဆိုပြီးတော့
အခက်အခဲဖြစ်နေကြတဲ့အကြောင်းကို အဆောင်ဥက္ကဌကို ပြောပြပါတယ်။
သူကသူ့ဌေးကိုတင်ပြပြီးတော့ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောပါတယ်။
ကျနော်တို့အားလုံးကလည်း အရင်အတိုင်းပဲ ကျွေးမယ်ဆိုရင် မစားဘဲနဲ့
အငတ်ခံနေမယ်လို့ ပြောပါတယ်။ ရေတွေလည်းမသန့်တော့ ဗိုက်အောင့်တာတို့
ဗိုက်နာတာတို့ အဖြစ်များကြပါတယ်။ ချောင်းဆိုးတာတွေ၊ ခေါင်းကိုက်တာတွေလည်း
ရှိကြပါတယ်။ သူတို့ကျွေးတဲ့ ဟင်းတွေကလည်း အာလူးတွေကို
ပုစွန်ငယ်တွေနဲ့ရောပြီး ချက်ကျွေးပါတယ်။ မစားနိုင်တဲ့သူတွေကတော့
အပြင်မှာသွားစားကြပါတယ်။ ထမင်းတွေလည်း အနံ့နံပြီးတော့ ၀၀လင်လင်မကျွေးဘူး " ဟု ဆန္ဒပြရာတွင်ပါဝင်သူ မောင်သန်းလင်းက ပြောသည်။
စိုက်ပျိုးရေးဇုန် အဆောင်တွင် လူဦးရေ ၁၂၀၀
ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ခန့်မှာ ရခိုင်ပြည် မြို့နယ်အရပ်ရပ်မှဖြစ်ပြီး
ရန်ကုန်မြို့၊ ဧရာဝတီတိုင်းဘက်တို့မှလည်းပါဝင်ကြောင်း သိရှိရသည်။
ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာ၊
ကုန်တန်းကျေးရွာ၊ မင်းကန်ချောင်း၊ သင်္ကန်းချောင်း၊ ကျောင်းကန်ကြီးရွာတို့မှ
လူဦးရေ ၁၀၀ ကျော်ခန့် ပါဝင်ကြောင်းကို မင်းကန်ကျေးရွာမှာ မောင်သန်းလင်းက "
အခု ကျွန်တော်နေတဲ့ အဆောင်မှာရှိတဲ့သူ ရခိုင် ၁၀၀ လောက်က
ရသေ့တောင်မြို့နယ်က ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ နောက်ထပ် လူ ၂၀
ကျော်ပါပြီးတော့ ကျွန်တော်တို့ကို ခေါ်လာတာက စစ်တွေမြို့၊ ဓညဝတီ ရပ်ကွက်က
ဦးသိန်းထွန်း ဖြစ်ပါတယ်။ ပွဲစားခက အပြီးအစီး ၃ သိန်းခွဲ ပေးရပါတယ်။
ကျွန်တော်တို့ကို မြဝတီမှာ ပတ်စ်ပို့လုပ်ပြီးတော့ ဘန်ကောက်မှာ
အလုပ်လုပ်ရမယ်လို့ပြောပြီး ခေါ်လာတာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် ၃ လ ၄ လ၊ ၅
လ၊ ၆ လ စောင့်ရတဲ့သူတွေလည်း ရှိတယ်။ မစောင့်နိုင်တော့လို့
ပိုက်ဆံကိုအဆုံးခံပြီး ပြန်သွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီမှာရှိကြတဲ့
သူတွေကတော့ အများအားဖြင့် အသက် ၂၀ ဝန်းကျင်နှင့် ၃၀ ဝန်းကျင်
ကြားရှိပြီးတော့ အမျိုးသား ၉၀၀ လောက် ရှိပါတယ်။ အမျိုးသမီးတွေလည်း တော်တော်
ဒုက္ခရောက်နေကြပါတယ်။ သူတို့က ဘယ်နေ့သွားရမယ်ဆိုတာကိုလည်း အတိအကျ
မပြောသေးပါဘူး။ " ဟုပြောသည်။
ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရသော
လူမှုစီးပွားပြဿနာအမျိုးမျိုးများကြောင့် ရခိုင်လူငယ်အများစုသည် အိမ်၊ ခြံ၊
မြေများကိုရောင်းချပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့
အလုပ်လုပ်ရန်အတွက် ထွက်ခွာလာမှုများမှာ ပိုမိုများပြားလာနေကြောင်း
တွေ့ရှိရသည်။ ထိုင်းနိုင်ငံတွင်လည်းအစိုးရမှ အလုပ်သမားတစ်ဦးလျှင် နေ့စားခ
၃၀၀ ပေးရမည်ဟု ကြေငြာပြီးနောက်ပိုင်းတွင်း အလုပ်ရှင်များမှ အလုပ်သမားများ
လျှော့ချမှုများပြားနေပြီး ထိုင်းနိုင်ငံအတွင်း လုပ်ငန်းခွင်ပြဿနာ၊
အခက်ခဲများကြောင့် မြန်မာပြည်သို့ ပြန်သည့်သူများလည်း ရှိနေကြသည်။
Arakan Time
No comments:
Post a Comment