ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

ပဉ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ ကျင်းပမည်


စစ်တွေ ဖေဖော်ဝါရီ ၃
ပဉ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ  ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်ရှိ ဝင်္ကဘာ ကွင်းတွင် ရိုးရာ ရထားဆွဲ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်၍ အစဉ်အလာ မပျက် ကျင်းပမည် ဖြစ်ကြောင်း  သိရသည်။
ရထားဆွဲပွဲ ကျင်းပမည့် ရထားကို သစ်သား ပေါင်များဖြင့် ခိုင်ခံ့အောင် ပြုလုပ်ရပြီး အောက်ဘက်တွင် ဘီးတပ်ထား ရကြောင်း၊ အလယ်တွင် အလံနှင့် ဝါးပင်များ စိုက်ထားလေ့ ရှိကာ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်၊ တစ်ရွာနှင့် တစ်ရွာ ကြိုးဖြင့် အပြိုင် ဆွဲရသော အားပြိုင်ပွဲ ဖြစ်သကဲ့သို့ ပျော်ရွှင်ကြည်နူး စဖွယ် သံချပ်များကို အပြန်အလှန် ထိုးကြလေ့ ရှိကြောင်း သိရ သည်။
ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို မြောက်ဦးခေတ် ဘုရင် မင်းဘာကြီး လက်ထက်တွင် စတင် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၊ နိုင်ငံအတွက် အသက်စွန့် လှူသွားခဲ့သော အသျှင် ဦးမြဝါကို ဂုဏ်ပြုသော အားဖြင့်ကျင်းပ ခဲ့ရာမှ နောင်တွင် တပို့တွဲ လရောက်တိုင်း ရိုးရာ အားကစား တစ်ရပ်အဖြစ် ကျင်းပ ခဲ့သည်ကို မှတ်တမ်းများ အရ သိရ သည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ