ကျောက်မဲ ဖေဖော်ဝါရီ ၃
ယမန်နေ့က
ကျောက်မဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြား ခန်းမ၌ ကျင်းပရာ ခရိုင်
ပညာရေးမှူး ဦးသိန်းမြင့်က အမှာစကား ပြောကြားပြီး မြို့နယ် ပညာ ရေးမှူး
ဒေါ်နန်းမြင့်အေးက တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများ တင်သွင်းခြင်းနှင့်
လက်ခံခြင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ခ ချီးမြှင့်ငွေ ထုတ်ပေးခြင်း
ဆိုင်ရာ သိရှိရန် အချက်များနှင့် အသေးသုံး သုံးစွဲခြင်း ဆိုင်ရာသိရှိရန်
အချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍
အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး
ဒေါ်နန်းသိန်းရှင်နှင့် အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ) နောင်ပိန်
ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြသန်း တို့က တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်
ရေးမှူးနှင့် လက်ထောက် ကြီးကြပ် ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်း
တာဝန်များနှင့် စာဖြေသူများ လိုက်နာ ရန် စည်းကမ်းချက်များကို ရှင်းလင်း
ဆွေးနွေး ပို့ချသည်။ အဆိုပါ သင်တန်းမှာ နှစ် ရက် ကြာမြင့်မည်
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
မြ၀တီ
No comments:
Post a Comment