ရန်ကုန်တိုင်း၊
အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ အုပ်ချုပ်ရေးမှူး
ဦးမှတ်တင်သည် ရုံးဝန်ထမ်းခန့်ထားရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို
စီမံဆောင်ရွက်ရာတွင် မိမိအကျိုး၊ မိမိဆွေမျိုးအကျိုးများကိုသာ
မိမိသဘောအတိုင်း ဆောင်ရွက်လုပ်ကိုင်နေပါသည်။
အုပ်ချုပ်ရေးမှူးရုံးအတွင်း ဆိုင်ခန်း(၃) ခန်းငှါးခ ၁၆၀၀၀၀-ကျပ် ရရှိပါသည်။ ရုံးစာရေးအဖြစ် သူနှင့်ခင်မင်ရင်းနှီးသော သဘောင်္ကျင်းရပ်ကွက်နေ ဦးကျော်မင်းအားလည်းကောင်း၊ ဧည့်စာရင်းရေးရန် သူဧ။် ညီအရင်းတော်စပ်သူ ဦးသံလုံး (ရာ အိမ်မှူး) နှင့် ဦးသန်းဆောင်(ဆယ်အိမ်မှူး) တို့ကို မိမိတစ်ဦးတည်းဆန္ဒအလျောက် လစဉ်ထောက်ပံ့ကြေးများပေးပြီး တာ ၀န်ပေးအပ်၊ စာရေးများခန့်အပ်ထားပါသည်။
အုပ်ချူပ်ရေးမှူးမှာ ရပ်ကွက်သ/မ တွင် အတွင်းရေးမှူးတာဝန် ယူထားသူဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှူ လျော့ချရေးစီမံချက်ကို အသင်းမှအကျိုးတူ ဆောင်ရွက်သည့် အနေဖြင့် အသင်းပိုင်ငွေကျပ်သိန်း (၃၀) ကို ရင်းနှီး မြုပ်နှံ ထားပါသည်။ ၄င်းငွေကို ၅% တိုးဖြင့်ချေးပြီး အသင်းသို့ ၂% ကိုသာ ပေးသွင်းပါသည်။ ဇနီးဖြစ်သူ မအေးမြင့်မှာလည်း သ/မ အသင်းဆိုင်ကို မိမိအိမ်သဖွယ် ဖွင့်ချင်အချိန်ဖွင့် ၊ ပိတ်ချင်အချိန်ပိတ်ပြီး ဆိုင်ထဲမှာပင် နှစ်လုံး၊ သုံးလုံး ချဲထီ ရောင်း နေပါသည်။
ဝင်ငွေများကို စီမံခန့်ခွဲခြင်း၊ ၀န်ထမ်းများခန့်အပ်ခြင်း၊ သ/မ ဆိုင်နှင့် သ/မ လုပ်ငန်းများကို အသုံးချခြင်းများသည် ရိုးသားခြင်း၊ ပွင့်လင်းမြင်သာမှူ မရှိသည့်အတွက် သက်ဆိုင်ရာလူကြီးမင်တို့ လိုအပ်သလိုစီစစ်အရေးယူပေးနိုင်ရန် လေးဝတီမှ တစ်ဆင့် အသိပေးအပ်ပါသည်။
ရပ်ကွက်သူတစ်ဦး

No comments:
Post a Comment