ပြီးခဲ့တဲ့
ဖေဖော်ဝါရီလက ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကုန်ဈေးနှုန်းကျဆင်းရေး
ဆန္ဒဖော်ထုတ်ခဲ့ကြသူ ၁၄ ဦးကို ပုသိမ် အနောက်မြို့နယ် တရားရုံးက ပုဒ်မ
၁၅၃ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်ရန် ကြံရွယ်မှုနဲ့ မနေ့က ဒဏ်ငွေ ၁ ထောင်
ဒါမှမဟုတ် ထောင်ဒဏ် ၁ လကျခံဖို့  ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဆန္ဒပြသမားတွေကို စည်ပင်သာယာဌာနက မူလက ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲထားတာ ဖြစ်ပေမယ့် တရားသူကြီးက ပုဒ်မ ၁၅၃ အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာလို့ ပြစ်ဒဏ်ချခံရသူ ကိုချစ်အေးက ပြောပါတယ်။
ဆန္ဒပြသမားတွေကို စည်ပင်သာယာဌာနက မူလက ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲထားတာ ဖြစ်ပေမယ့် တရားသူကြီးက ပုဒ်မ ၁၅၃ အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာလို့ ပြစ်ဒဏ်ချခံရသူ ကိုချစ်အေးက ပြောပါတယ်။